Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Roxane Mesquida
5.5
Kiss of the Damned (2012)
ပါလိုဆိုတဲ့ဇာတ်ညွှန်းရေးဆရာလေးဟာ နယ်မြို့လေးတစ်ခုကို ပရောဂျက်အသစ်တစ်ခုအတွက် အေးအေးဆေးဆေးစာရေးဖို့ရောက်လာခဲ့ပါတယ်။မိုးတွေသည်းတဲ့ ညတစ်ညမှာတော့ မြို့ခံတစ်ဦးဖြစ်တဲ့ ဒီယွန်နာဆိုတဲ့ မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီးဇာတ်လမ်းအရှိန်တက်တော့မယ့်အချိန်မှာ ဒီယွန်နာက ရှောင်ဖယ်ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ပါလိုဟာ ဒီယွန်နာကိုမှ အရူးအမူးဖြစ်သွားခဲ့ပြီး ဘာတွေပဲဖြစ်လာဖြစ်လာ လက်ခံရင်ဆိုင်ပါတော့မယ်ဆိုတဲ့ အနေအထားနဲ့ သူ့ဘ၀တစ်ခုလုံးကိုပုံအပ်လိုက်ပါတော့တယ်။အဲ့ဒီမှာပဲ သူ့အတွက်အသစ်အဆန်းဖြစ်နေတဲ့လောကတစ်ခုနဲ့တွေ့ဆုံခဲ့ရတော့တာပါပဲ။ ဒီယွန်နာဟာသွေးစုပ်ဖုတ်ကောင် တစ်ဦးဖြစ်ပြီး သူတို့လိုသွေးစုပ်ဖုတ်ကောင်တွေဟာလည်းမြေအောက်လောကတစ်ခုလို ကမ္ဘာအနှံ့စိမ့်ဝင်ပျံ့နှံ့ပြီးလူတွေကြားထဲမှာ ရောနှောနေထိုင်ကြပါတယ်။သွေးစုပ်ဖုတ်ကောင် အများစုက လူတွေကိုရန်မရှာတော့ပဲ တိရိစ္ဆာန်သွေးလူလုပ်သွေးတွေနဲ့ အသက်ဆက်နေကြပေမယ့် စိတ္တဇဆန်ဆန် လူသားတွေကိုအုပ်စိုးလိုတဲ့၊ ရန်မူလိုတဲ့ အနည်းစုကလည်းရှိနေပြန်ပါသေးတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့ ဒီယွန်နာရဲ့ညီမ မီမီဖြစ်ပြီး သူတို့လက်ရှိနေထိုင်နေတဲ့ စံအိမ်ကြီးကိုရောက်လာပြီး သူတို့ကိုဒုက္ခပေးပါတော့တယ်။မြင်ဖူးနေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ကားတွေနဲ့ကွဲထွက်ပြီး ပုံစံအသစ်နဲ့ချဉ်းကပ်ထားတဲ့ drama/horror ဇာတ်လမ်းကောင်းလေးတစ်ခုပါ။ Heroes မင်းသား Milo Ventimiglia နဲ့ အရမ်းမိုက်တဲ့ ပြင်သစ် မင်းသမီးချောတွေဖြစ်တဲ့ Joséphine de La Baume နဲ့ Roxane Mesquida တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ခံစားကြည့်ကြပါဦး။ (မိသားစုနဲ့ကြည့်ဖို့အဆင်မပြေတဲ့ အဖော်အချွတ်ခန်းအနည်းငယ်ပါဝင်ပါတယ်)( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, ...
movie
Kiss of the Damned (2012)
5.7
Rubber (2010)
၂၀၁၀ ကထွက်ရှိထားတဲ့ Rubber ဟာ ရုပ်ရှင်ဆုငါးဆုဆွတ်ခူးထားပြီးဆန်ခါတင်သုံးဆုစာရင်းဝင်ထားပါတယ်။ Comedy, Fantasy, Horrorအမျိုးအစားဖြစ်ပြီး ပုံမှန်ကြည့်နေကျဇာတ်ကားများထက်တမူထူးခြားပါတယ်။ဇာတ်လမ်းအကျဉ်းက ကန္တာရမြို့လေးတစ်မြို့က စွန့်ပစ်ထားတဲ့ကားတာယာအဟောင်းတစ်ကွင်းဟာ အသက်ဝင်လှုပ်ရှားလာပါတယ်။ရွေ့လျားနိုင်ရုံသာမက စိတ်စွမ်းအင်နဲ့ သတ္တဝါငယ်လေးတွေကိုအသေသတ်နိုင်မှန်း သူ့ဘာသာသူသိလာပါတယ်။ ကားတာယာဟာလမ်းသွားလမ်းလာမိန်းကလေးတစ်ယောက်ကို စွဲလမ်းမိပြီး သူမတည်းခိုရာမိုတယ်မှာလိုက်နေပါတော့တယ်။ စိတ်စွမ်းအင်နဲ့ အဖျက်လုပ်ငန်းလုပ်နိုင်တဲ့ကားတာယာဟာ စိတ်မထင်ရင်မထင်သလို လူပါသတ်နိုင်လာပြီးကန္တာရမြို့ငယ်လေးအတွင်း သောင်းကျန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဟာလူသတ်ကားတာယာကိုဖမ်းဆီးနိုင်ဖို့ ခရီးသွားမိန်းကလေးရဲ့အကူအညီနဲ့ကြိုးစားပြီး ထောင်ချောက်ဆင်ပါတော့တယ်။ကားတာယာဟာဘယ်လိုလုပ်အသက်ဝင်လာတာလဲ...စိတ်စွမ်းအင်နဲ့လူသတ်တယ်ဆိုတာဘယ်လိုမျိုးလဲ...ကားတာယာဆိုပြီးတော့ မိန်းကလေးတွေကို ဘာလို့သဘောကျတာလဲကားတာယာကအစစ်လား...သောင်းကျန်းနေတဲ့ကားတာယာကို ဘယ်ပုံဘယ်နည်းနှိမ်းနင်းနိုင်မလဲဆိုတာRubber ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်... File size…1.50 GB / 751 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 22m Genre ….. Comedy , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto
movie
Rubber (2010)
6.5
[18+] Fat Girl (2001)
IMDb Rating (6.5) / Rotten Tomatoes (73%)အာနာရစ်စ် ဟာ ဆယ့်နှစ်နှစ်အရွယ်မိန်းမငယ်တစ်ယောက်၊ ကမ္ဘာကြီးကို သူ့ပုခုံးပေါ်ထမ်းတင်ထားရသလိုစိတ်ဖိစီးနေသူပါ။ အစားမက်တဲ့ ဝတုတ်မလေးသူ့မှာ ဆယ့်ငါးနှစ်အရွယ်အစ်မတစ်ယောက်ရှိပြီး အဲ့ဒီအစ်မဟာရက်ရက်စက်စက်လှလွန်းတဲ့သူဖြစ်တယ်။ သိစိတ်ကချစ်မက်ပေမယ့် မသိစိတ်ကပြိုင်ဘက်လိုသဘောထားတဲ့ အစ်မဖြစ်သူကို ချစ်တဲ့စိတ်နဲ့မုန်းတဲ့စိတ်ကြား လွန်ဆွဲနေတတ်ပါတယ်။ သူတို့ ထွက်နေတဲ့ အပန်းဖြေခရီးမှာ သူ့အစ်မထက် အသက်ကြီးအတွေ့အကြုံရှိပုံရတဲ့လူငယ်တစ်ယောက်နဲ့ ချစ်ဇာတ်လမ်းစခဲ့ချိန်မှာတော့ သူ့အစ်မ သွားလေရာတစ်ကောက်ကောက်လိုက်ရတဲ့ အာနာရစ်စ်တစ်ယောက် အဆိုးအကောင်း အကျိုးအကြောင်း မခွဲခြားတတ်သေးတဲ့ ကလေးသာသာအရွယ်နဲ့ မမြင်အပ်တာတွေ မကြားဝံ့စရာတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရပါတော့တယ်။ ငယ်ရွယ်သူတွေရဲ့အချစ်ကို ချစ်စရာကြည်နူးစရာဇာတ်လမ်းလေးတွေအဖြစ်ယူဆကြပေမယ့် အရွယ်မတိုင်ခင် လိင်မှုကိစ္စအတွေ့အကြုံတွေကတော့ များသောအားဖြင့် မုသားတွေ အပေါ်အခြေခံတည်ဆောက်ထားလေ့ရှိပြီး နာကျင်စရာတွေဖြစ်သွားတတ်ပါတယ်။ ယောက်ျားလေးတစ်ယောက်ဟာ လိုချင်တာရဖို့ ဘာမဆိုပြောဖို့အသင့်ရှိနေသလို ရင်ဖိုလှိုက်မောနေတဲ့ အတွေ့အကြုံသစ်မှာ လက်ပစ်ကူးဖို့အသင့်ရှိနေတဲ့ အပျိုဖြန်းလေးတစ်ယောက်ဟာလဲ ယုံလိုက်ဖို့ ဝန်မလေးပါဘူး။ မိန်းကလေး သဘာ၀ စပ်စုချင်တဲ့ စိတ်ကလေးကလဲ ပါသေးတယ် မဟုတ်လား? “Fat Girl” ဟာ ၁၅နှစ်အရွယ် အပျိုဖြန်းမိန်းမလှလေးနဲ့ သူ့ညီမ ၁၂အရွယ် ခပ်ဖိုင့်ဖိုင့်ကောင်မလေးတို့ရဲ့ ပထမဆုံးလိင်မှုကိစ္စအတွေ့အကြုံအကြောင်းကို ရက်ရက်စက်စက်နဲ့ လက်တွေ့နဲ့အနီးစပ်ဆုံးချဉ်းကပ်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။ အဓိကဇာတ်ကောင်ဟာ အသက် ၁၂ အရွယ်မိန်းကလေးဖြစ်သလို တကယ်တမ်း သူ့နေရာက သရုပ်ဆောင်ခဲ့တဲ့မင်းသမီးဟာလဲဇာတ်ကားရိုက်ကူးစဉ်က၁၃ နှစ်ပဲရှိခဲ့သေးတာပါ။ ဒီပြင်သစ်ဇာတ်ကားဟာ ဝေဖန်ရေးဆရာတွေအကြိုက်တွေ့ခဲ့ကြပေမယ့် ဝေဖန်မှုတွေကြမ်းကြမ်းတမ်းတမ်းကြုံခဲ့ရသလို တစ်ချို့နေရာတွေမှာ ...
movie
[18+] Fat Girl (2001)
3.7
Play or Die (2019)
ထူးဆန်းတဲ့ အိမ်ကြီး တစ်အိမ် ရှိတယ် တစ်ရက်မှာတော့ ထိုအိမ်ကြီး ထဲတွင် ပြုပြင်စရာများ ရှိတဲ့ အတွက် အလုပ်သမားခေါ်ရာ ရွှေ့ပြောင်းအလုပ်သမားများကိုသာ ခေါ်ဆိုခဲ့ပါတယ် အိမ်ကြီးတစ်လုံးတွင် လင်မယား ၂ ယောက်သာရှိပြီး ခြံအကျယ်ကြီး ထဲတွင် အိမ်တစ်လုံး နှင့် လူ ၂ ယောက်သာ နေသဖြင့် အမြဲတမ်း တိတ်ဆိတ်နေတက်သည်။ ရွှေ့ပြောင်းအလုပ်သမားများ ရောက်ရှိလာသောအခါ အလုပ်သမားများကို ခြံဝန်းအတွင်းသာ နေထိုင်စေခဲ့ပြီး တစ်ရက်သော အခါမှာတော့ ပိုင်ရှင်လင်မယား ပုံစံမှာ ထူးဆန်းနေကြောင်း အလုပ်သမားများသတိထားမိခဲ့သော အခါမှာတော့... ရုပ်ရှင်ကားဟာ သွေးထွက်သံယို များပါတယ် ရုပ်ရှင်ကားကို Hnyot Myet Wunn မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်
movie
Play or Die (2019)
2019