Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rossif Sutherland
The Retreat (2021)
Renee နဲ့ Valerie တို့ couple ဟာ သူတို့ မိတ်ဆွေတွေ ဖြစ်တဲ့ Connor နဲ့ Scott တို့ရဲ့ ဖိတ်ကြားမှု အရ ကျေးလက်ဒေသမှာ ရှိတဲ့ အပန်းဖြေ ရိပ်သာကို ခရီးထွက်လာပါတယ်။ လမ်းမှာ စတိုး တစ်ခုထဲ ဝင်ကြရင်းနဲ့ လူတစ်ယောက်နဲ့ ဆုံပါတယ်။ အဲ့ဒီလူက Valerie ကို အတင်းလိုက်ရောနေတာ ဖြစ်တာကြောင့် Valerie က သူ့မှာ ကောင်မလေး ရှိတဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။သူတို့ တည်းရမယ့် နေရာကိုရောက်တော့ Connor နဲ့ Scott ကို မတွေ့ပါဘူး။ ဒါနဲ့ တောအုပ်တစ်ပတ် လျှောက်ရင်း ပျော်ပွဲစား ထွက်နေတုန်း တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေတာကြောင့် ရိပ်သာကို ပြန်လာခဲ့ပါတယ်။ Renee ရဲ့ ကားကလည်း ပျောက်နေတဲ့ အပြင် သူတို့ ...
movie
The Retreat (2021)
6.1
Bad Romance: The Vicky White Story (2023)
စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းစရာလည်းကောင်းတဲ့ ဖြစ်ရပ်မှန်ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားနာမည်ကိုBad Romance : The Vicky White Story လို့ပေးထားပြီးလက်ရှိ IMDb Rating 6.1 ရရှိထားပါတယ်။ဒီဇာတ်ကားကိုကြည့်လိုက်ရတာက Suicide Squad ထဲကဟာလေကွင်းနဲ့ ဂျိုကာကို အပြင်ဘ၀မှာ တကယ်လက်တွေ့မြင်လိုက်ရသလိုမျိုး Feeling ကိုတောင်ခံစားရစေပါတယ်။ဒီဇာတ်ကားကို ကေစီ၀ှိုက်ဆိုတဲ့ပုဒ်မကြီးများစွာနဲ့ထောင်ဒဏ်တစ်သက်တစ်ကျွန်းနီးပါး ကျသင့်ခံထားရတဲ့အကျဉ်းသားထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီကားလေးက ဘာလို့ဒရာမာဖြစ်ရပ်မှန် ဇာတ်ကားဖြစ်နေရလည်းဆိုတော့ အထက်မှာပြောခဲ့တဲ့ ကေစီဆိုတဲ့အကျဉ်းသား ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာသူ့ရဲ့ထောင်ဖောက် အရည်အချင်းတွေကျွမ်းကျင်လို့ မဟုတ်ဘဲနဲ့အချစ်ဆိုတဲ့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးလက်နက်ကိုအသုံးချပြီး လွတ်မြောက်လာလို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးတွေဘယ်လို ဖြစ်လာခဲ့ရတာလဲဆိုရင်တော့ ကေစီနဲ့ သူယာယီထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်ကအမျိုးသမီးအရာရှိဗစ်ကီနဲ့ တွေ့ရာကနေ စပြောရမှာပါပဲ။ဗစ်ကီဆိုတာကတော့ အရင်ယောက်ျားဖြစ်သူနဲ့ ကွာရှင်းထားပေမဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် အမြဲတမ်းသွားသွားကြည့်ပေးနေပြီး ထောင်နဲ့အိမ်နဲ့ပဲ လည်ပတ်နေတဲ့ပျင်းစရာဘ၀ကြီးကို ပိုင်ဆိုင်ထားရတဲ့အသက် ၅၀ ကျော်အမျိုးသမီးအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ကေစီကဗစ်ကီ့ကို တွေ့ကတည်းကမြင်မြင်ချင်း ကြွေဆင်းသွားခဲ့ပြီးတောက်လျှောက်ကြူပါတော့တယ်။ဗစ်ကီကလည်း အဓိပ္ပာယ်မရှိတဲ့ဘ၀ကြီးမှာ နေရတာကိုစိတ်ကုန်နေတဲ့သူဖြစ်တဲ့အတွက်သူတို့ နှစ်ယောက်ကြားမှာ အဆင့်တစ်ဆင့်တက်သွားဖို့ဆိုတာမကြာခဲ့ပါဘူး။ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက ...
movie
Bad Romance: The Vicky White Story (2023)
6.7
Timeline(2003)
Timeline(2003)*************အလယ်ခေတ်ကလူတစ်ယောက် တောအုပ်ထဲကနေပြေးထွက်လာပြီးကားလမ်းအလယ်မှာ သေဆုံးသွားတာနဲ့စတင်ထားပါတယ်။ပြီးတော့ အဲ့အလောင်းကို အိုင်တီစီက မတော်တဆမှုတစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။ နောက်တော့ ပရောဖက်ဆာ ဂျွန်စတန် နဲ့ သူ့ရဲ့ ရှေးဟောင်းတူးဖော်မှုအဖွဲ့ရဲ့ အလယ်ခေတ် ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့တိုက်ပွဲနေရာမှာ တူးဖော်မှုတွေပြုလုပ်နေခဲ့ပါတယ်။တူးဖော်မှုတွေပြုလုပ်နေရင်း တစ်နေ့မှာတော့ပရော်ဖက်ဆာရဲ့ မျက်မှန်၊ လက်ရေးမှုနဲ့အကူအညီတောင်းထားတဲ့စာကို ကိတ် နဲ့ မရက် ကထူးဆန်းစွာရှာဖွေတွေ့ရှိသွားပါတယ်။ ပရော်ဖက်ဆာရဲ့ အဖွဲ့က ရှာတွေ့ထားတာတွေကို ကာဗွန်သက်တမ်းစစ်ကြည့်လိုက်တော့နှစ်ပေါင်း ၆၀၀ လောက်သက်တမ်းရှိနေပြီဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီအခါမှာ ပရော်ဖက်ဆာရဲ့သား ခရစ် နဲ့ သူ့အဖွဲ့က သူ့အဖေကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတော့တယ်။ အိုင်တီစီကို သွားပြီး သူ့အဖေကိုဘာလုပ်လိုက်လဲဆိုတာကို အဖြေရှာပါတော့တယ်။ ဇာတ်ကားရဲ့ နာမည် Timeline ဆိုတဲ့အတိုင်းဒီနေ့ခေတ်နဲ့ အလယ်ခေတ် ကို အသွားအပြန်လုပ်ရင်း ခရစ်တစ်ယောက်သူ့အဖေကိုရော ပြန်ရှာပြီး ကယ်တင်နိုင်ပါမလား ဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ ဒီဇာတ်လမ်းထဲမှာတော့ ပရော်ဖက်ဆာရဲ့သား ခရစ် အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ကျွန်တော်တို့ရဲ့ အချစ်တော် fast and furious မင်းသား Paul Walker ...
movie
Timeline(2003)
6.0
Orphan: First Kill (2022)
၂၀၀၉ ခုနှစ်က ထွက်ခဲ့တဲ့ မိဘမဲ့သမီးလိမ္မာလေးရဲ့ ဇာတ်လမ်းကို အားလုံးသိကြမှာပါ။ မကြည့်ဖူးသေးရင် ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ 2009 ရဲ့အဆက်မဟုတ်ဘဲ ရှေ့ကိုပြန်သွားတာပါ။သမီးလိမ္မာလေးရဲ့ ပထမမိသားစု ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သမီးလိမ္မာလေးတစ်ယောက် ဘယ်လို ကိုယ်ဖေကိုယ်ချစ်ပြီး မိသားစုကို ဘယ်လိုတွေ ကောင်းကျိုးပေးဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သမီးလေးဘယ်လောက်လိမ္မာမလဲဆိုတာ သိပြီးသားဖြစ်နေရင်တော့ သိပ်မအံဩရပေမဲ့ ဇာတ်လမ်းနဲ့ အတိုက်အခိုက်အသတ်အဖြတ်လေးတွေကြမ်းတာမို့ သမီးလိမ္မာလေးရဲ့ ရာဇဝင်ကို ကြည့်ကောင်းကောင်းနဲ့ ကြည့်ရဦးမှာပါပဲ။File size… (1.9 GB)/(1.7 GB)/(560MB) / (300 MB) Quality….Webrip 4K HEVC/1080p / 720p / 480p Format…mkv/mp4 Duration….01:39:00 Genre...Drama,Crime, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson Orphan (2009) Download Link
movie
Orphan: First Kill (2022)
4K HEVC
6.5
Possessor Uncut 2020 18+
အသစ်ထွက်လာတဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ အိပ်ရာခန်းတွေ လူသတ်တဲ့အခန်းတွေ ကြမ်းတမ်းလို့ ကလေးငယ်များ မိသားစုများ အတူမကြည့်သင့်ပါ။ ဇာတ်လမ်းကတော့ ကြေးစားလူသတ်သမား အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပါ။ သူ လူသတ်ပုံက ထူးဆန်းပါတယ်။ သတ်ချင်တဲ့လူရဲ့ အနားက နီးစပ်တဲ့ လူတစ်ယောက်ရဲ့ ဦးဏှောက်ထဲကို ဝင်ရောက် ချိတ်ဆက်ထိန်းချုပ်ပြီး လူသတ်တာပါ။ သတ်ပြီးရင် သူထိန်းချုပ်ထားတဲ့သူကို သူ့ကိုယ်သူ သတ်သေခိုင်းပြီးတော့ သဲလွန်စ မကျန်တဲ့ အမှုတွေ အဖြစ် ဖျောက်ဖျက်ပစ်လိုက်တာပါ။ ဒါပေမယ့် သူ့ကိုယ်သူ ကိုမာ ဝင်သလိုဖြစ်အောင်လုပ် အခြားလူကိုယ်ထဲမှာ အသိစိတ်ထည့်ပြီး ဝင်နေရတာ လွယ်တော့မလွယ်လှပါဘူး။ သိပ္ပံနည်းပညာ အသစ်ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ်။ ဒီတော့ သူ့ရဲ့စိတ်အခြေအနေလည်း အစစ်အမှန်နဲ့ အတုခွဲနိုင်ဖို့ ခက်လာသလို ယိုယွင်းလာပါတယ်။ နောက်ဆုံး လူသတ်ဖို့ ကြိုးစားတဲ့ အလုပ်တစ်ခုမှာတော့ မထင်ထားတဲ့ ပြဿနာတွေ ရှုပ်လာတဲ့အခါ..... File size… 900 Mb ...
movie
Possessor Uncut 2020 18+
5.7
A Call to Spy (2020)
A Call to Spy (2020)===============IMDb Rating - 5.7/10#UnicodeA Call to Spyဟာ ရှားရှားပါးပါး ဒုတိယကမ္ဘာစစ်အတွင်းက အမျိူးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသားပေးဖော်ပြထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင် ရုပ်ရှင်ပါပဲ။ဒုတိယကမ္ဘာစစ်ကနဦးမှာ ချာချီဟာ SOEကိုဖွဲ့ပြီး နာဇီတွေကိုထောက်လှမ်းဖို့နဲ့ သတင်းပို့ဖို့ ပြင်သစ်ကို စပိုင်တွေလွှတ်ခဲ့တယ်။ နောက်ပိုင်းမှာ SOEကနေ ထောင်လှမ်းရေးအလုပ်တွေမှာ သိသာထင်ရှားမှုပိုနည်းတဲ့ အမျိူးသမီးတွေကို စပိုင်အဖြစ်စေလွှတ်ဖို့ အကောင်အထည်ဖော်ခဲ့တယ်။ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီးစပိုင်ဟာ ဗာဂျင်နီယာ ဟောပါ။ ဗာဂျင်နီယာဟောဟာ ဗြိတိန်စပိုင်ဖြစ်ခဲ့ပေမယ့် အမေရိကန်သူတစ်ယောက်။ သံတမန်ဖြစ်လို့တဲ့အတွက် အကြိမ်ကြိမ်လျှောက်ထားခဲ့ပေမယ့် ခြေထောက်တစ်ဖက်ပြတ်နေတဲ့ ဒုက္ခိတဖြစ်နေတာကြောင့် ပယ်ချခံရတဲ့ သနားစရာ အမျိုးသမီးပါပဲ။ ကံကောင်းချင်တော့ အမျိုးသမီးစပိုင်ခန့်အပ်ရေးအတွက် လူရှာနေတဲ့ SOEရဲ့ စက္ကထရီ ဗီရာအတ်ကင်နဲ့ တွေ့သွားခဲ့တယ်။ ဗီရာအတ်ကင်ကလည်း နေရာတစ်ခုရထားပေမယ့် ဂျူးလူမျိူးဖြစ်နေလို့ ဗြိတန်မှာ နေရသိပ်အဆင်မပြေဖြစ်နေတဲ့ အမျိူးသမီး။ သူရှာခဲ့တဲ့ စပိုင်နှစ်ယောက်မှာ တစ်ယောက်က ဒုက္ခိတ တစ်ယောက်က မွတ်စလင်။ သူ့နည်းသူ့ဟန်နဲ့ အနှိမ်ခံနေရတဲ့ အမျိုးသမီးတွေ။ သူတို့ဟာ သူတို့ရဲ့ အားနည်းချက်တွေကိုပဲ အားသာချက်အဖြစ်အသုံးချပြီး ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းမှာ မှတ်ကျောက်တင်ခဲ့ကြ သူတို့နိုင်ငံအတွက်အားထုတ်ခဲ့ကြတယ်။ဗာဂျင်နီယာဟောနေရာမှာ သရုပ်ဆောင်တဲ့ Lead Actor Sarah Megan Thomas ကိုယ်တိုင် ဇာတ်ညွှန်းရေးထားပြီး ဒါရိုက်တာကလည်းအမျိုးသမီးဒါရိုက်တာပဲဖြစ်တဲ့အတွက် အမျိုးသမီးစွမ်းဆောင်ရည်ပြရုပ်ရှင်ကို အမျိူးသမီးတွေချည်းဦးဆောင်ရိုက်ထားကြတယ်ဆိုရမယ်။A call to spyကို Audienceတွေပေးတဲ့ဘက်က IMdb ...
movie
A Call to Spy (2020)
2020
5.9
Backstabbing for Beginners
ဒီဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ထားတဲ့ကားဖြစ်ပါတယ်....ဘာလို့လဲလို့ပြောရရင်ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ 1996 ခုနှစ်မှာစပြီးလုပ်ခဲ့တဲ့အီရတ်နိုင်ငံမှာ ငတ်မွတ်နေတဲ့သူတွေကို အစားအစာနဲ့ရေနံလဲလှယ်ရေး (Oil-for-Food Program)အစီအစဉ်ကြီးမှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာက အစိုးရရာထူးကြီးတွေနဲ့နာမည်ကျော်ကုမ္ပဏီကြီးပေါင်းများစွာရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ လာဘ်စားမှု၊ချစားမှုတွေအပြည့်နဲ့ ပါဝင်ပတ်သက်မှုတွေကိုဖေါ်ထုတ်ခဲ့တဲ့ ကုလသမ္မဂ္ဂဝန်ထမ်းတစ်ယောက်အကြောငး်ပါ။ဒီအမှုဟာ ကုလသမ္မဂ္ဂသက်တမ်းတစ်လျှောက်အပြောင်းအလဲအကြီးမားဆုံးဖြစ်စေခဲ့တဲ့ အမှုလဲဖြစ်တယ်။ဇာတ်လမ်းရိုက်ကူးထားပုံက ကြည့်ပျော်ရှုပျော်အဆင့်ပဲရှိပါတယ်၊ဆွဲဆောင်မှုမကောင်းသလို အရမး်စိတ်ဝင်စားဖို့ကောင်းလာတဲ့အခြေအနေမျိုးလဲ တွေ့ရမှာမဟုတ်ပါဘူး။ဒါပေမယ့် ဘာလို့ ကြည့်သင့်တယ်လို့ ညွှန်းချင်တာလဲဆိုတော့UN အပါအဝင် INGO အဖွဲ့အစည်းတွေရဲ့ အတွင်းရေးတွေနဲ့ လုပ်စားပုံတွေ၊အလှူငွေတွေရအောင် ဘယ်လိုတွေ ဟန်ပြလုပ်ကြပြီးအိတ်ထဲဘယ်လိုထည့်တယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်နေလို့ပါ။၁၀၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံရေးဆက်နွယ်မှုပါတဲ့ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်သံတမန်တစ်ဦးရဲ့သားဖြစ်သူ မိုက်ကယ်ဆာလဗန်ဟာကုလသမဂ္ဂမှာအလုပ်ဝင်ဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်..မမျှော်လင့်ထားပဲ ကုလသမဂ္ဂအတွင်းဝန်ရဲ့လက်ထောက်နေရာ ခန့်ထားခံလိုက်ရပါတယ်..သူတာဝန်ယူရတဲ့ပရိုဂရမ်ဟာ လူသားချင်းစာနာထောက်ထားမှုအခြေခံတဲ့ပရိုဂရမ်ပေမယ့် အကျင့်ပျက်ခြစားမှုကြီးကြီးမားမားဖြစ်နေပြီး အာဏာရှင်တစ်ယောက်အမြတ်ထုတ်စရာ ပရိုဂရမ်တစ်ခု သာဖြစ်နေခဲ့ပါတယ်..ဖော်ထုတ်ဖို့ကြိုးစားတဲ့သူတွေအနေနဲ့လည်းလက်စဖျောက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်..သူ့အရင်ဝန်ထမ်းဟောင်းသေဆုံးမှုဟာ မရိုးရှင်းမှန်းသူသွားပြီး..ကုလသမဂ္ဂအတွင်းခြစားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့သူ့ရဲ့ဆရာကိုယ်တိုင် ဒီအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်နေတာသူသိသွားတဲ့အခါ သူဘယ်လိုဖြေရှင်းမလဲခက်ခက်ခဲခဲကြားထဲက ချစ်ခဲ့ရတဲ့ သူ့ချစ်သူကိုရောအန္တရာယ်ကြားထဲက သူကယ်တင်နိုင်ပါ့မလားထိပ်တန်းခေါင်းဆောင်တွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီခြစားမှုကြီးကိုတစ်ကမ္ဘာလုံးသိအောင် သူချပြနိုင်ပါ့မလားဆိုတာကိုတော့စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…ကုလသမ္မဂ္ဂအဖွဲ့ဆိုတာနဲ့ အရမး်ကောင်းတဲ့အဖွဲ့ကြီးမဟုတ်ဘူးဆိုတာသိသွားနိုင်စေတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်...UN အပါအဝင် ...
movie
Backstabbing for Beginners
2018