Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ross Moneypenny
5.7
Assassin’s Creed (2016)
Assassin's Creed (2016)ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin's Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကို ပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀ က သေဆုံးခဲ့တဲ့ Assassin's Creed ဟောင်း အဂူလာရဲ့မျိုးဆက်ကို ရှာဖွေပြီး မျိုးဗီဇမှတ်ဉာဏ်ထည့်သွင်းတဲ့နည်းနဲ့ ဧဒင်ရဲ့ပန်းသီးကို ရှာဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် ...
movie
Assassin’s Creed (2016)
2016
4K HEVC
7.5
Star Wars: Episode VIII – The Last Jedi (2017)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode VIII – The Last Jedi (2017)
4K HEVC
6.3
Dracula Untold (2014)
Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ.... တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ... အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား.... ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား...ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ....ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်... စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်... သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်...တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်..ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး...ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်...တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး...ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်...မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်...ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်...ထို ၃ ရက်အတွင်းမှာ ...
movie
Dracula Untold (2014)
2014
4K HEVC