Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Roselyn Sánchez
5.9
Gringa (2023)
Gringa ဆိုတဲ့အဓိပ္ပာယ်က စပိန် ဒါမှမဟုတ် လက်တင်အမေရိကမှာနေထိုင်တဲ့ နိုင်ငံခြားသူအမျိုးသမီး အထူးသဖြင့် အင်္ဂလိပ်အမျိုးသမီးလို့အဓိပ္ပာယ်ရပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ မာ့ခ်ျဘစ်ခ်ဖို့်ဒ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ အထက်တန်းကျောင်းတက်နေပါတယ်။ မာ့ခ်ျက အနည်းငယ်၀တယ်၊ နှေးတယ်၊ ဉာဏ်သိပ်မပြေးဘူး၊ ငြိမ်တယ် အဲဒါကြောင့် မာ့ခ်ျဟာ ကျောင်းမှာလည်းမ၀င်ဆံ့သလိုဖြစ်နေပြီး ဆယ်ကျော်သက်ကျောင်းသားဘ၀ကို ဖြတ်သန်းဖို့ရာအခက်တွေ့နေပါတယ်။ တစ်ချိန်တည်းမှာပဲ မာ့ခ်ျရဲ့အမေဖြစ်သူဟာ ရုတ်တရက်ဆုံးပါးသွားခဲ့တဲ့နောက်မှာတော့ မာ့ခ်ျဟာ ၁၆ နှစ်လောက်ပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့အဖေကိုရှာဖို့အတွက် အမေရိကန်-မက္ကဆီကိုနယ်စပ်ဖြတ်ပြီး ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ နောက်ဆုံးမှာတော့ မက္ကဆီကိုကျေးလက်က ပင်လယ်ကမ်းခြေရွာလေးတစ်ရွာမှာ သူမရဲ့အဖေကိုတွေ့ရှိသွားခဲ့ပါတယ်။ မာ့ခ်ျရဲ့အဖေဟာ ရွာရဲ့အမျိုးသမီးဘောလုံးအသင်းကိုနည်းပြလုပ်ပေးရင်း ရပ်ရွာအကျိုးသယ်ပိုးပြီး ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၆ နှစ်တာကွဲကွာနေတဲ့ အဖေနဲ့သမီးနှစ်ယောက် ပြန်ဆုံသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ဘ၀တွေ တစ်ဆစ်ချိုးပြောင်းလဲဖို့ရာအကြောင်းဖန်လာပါတော့တယ်။ အမျိုးအစားကို Comedy/Sport လို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်တော်ကတော့ ဟာသနဲ့ အားကစားကို အချိုးညီညီရောစပ်ထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးလို့မြင်ပါတယ်။ ဒီရုပ်ရှင်ကို စိတ်အပန်းဖြေနေတဲ့သူတွေ၊ ပင်လယ် နဲ့ ကျေးလက်အလှတွေကိုခံစားချင်တဲ့သူတွေအတွက် အထူးသင့်တော်ပြီး အဖေနဲ့သမီးအကြားက ...
movie
Gringa (2023)
5.0
Boat Trip (2002)
Boat Trip (2002) ==============ဂေးပေါင်းငါးထောင်မကပါတဲ့ သင်္ဘောကြီးလာပါပြီ။ ဂျယ်ရီက ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်ကာမှအငြင်းခံရလို့ လတ်တလောအသည်းကွဲ နေတဲ့သူပါ။ သူ့သူငယ်ချင်းဖြစ်သူနစ်ခ်ဆိုတဲ့ငနဲကလည်း ချိန်ပါတစ်ယောက် ဖြစ်ပြီး အခုချိန်မှာတော့ ဘော်ဒါနှစ်ယောက်လုံးရည်းစားလက်မဲ့ဘ၀နဲ့ငုတ် တုတ်မေ့နေပါတယ်။တစ်နေ့တော့ကျောင်းတုန်းက ဂေါ်မစွံဖြစ်ခဲ့တဲ့ သူငယ် ချင်းတစ်ယောက်နဲ့နစ်ခ် ပြန်ဆုံချိန်မှာ အဲ့ဒီငနဲက အမိုက်စားအမျိုးသမီးတစ် ယောက်ကိုရထားတာတွေ့လိုက်ပါတယ်။အရမ်းစိတ်ဝင်စားသွားတဲ့ နစ်ခ်က မေးမြန်းစုံစမ်းရင်း FA တွေချည်းပါတဲ့ အပျော်သင်္ဘောခရီးစဉ်တစ်ခုမှာ အဲ့ဒီအမျိုးသမီးနဲ့ ဖူးစာဆုံခဲ့ကြောင်းသိလိုက် ရတဲ့နောက်မှာ သင်္ဘောစီးခရီးထွက်ဖို့ချက်ချင်းပဲစုံစမ်းပါတော့တယ်။ ဒါပေမယ့် လည်း အလွဲလွဲအချော်ချော်နမော်နမဲ့နဲ့ သူတို့နှစ်ယောက်လိုက်ပါလာတဲ့ သင်္ဘော ကြီးဟာ ဂေးသင်္ဘောကြီးဆိုတာ ကမ်းကခွာမှပဲသိလိုက်ရတဲ့အခါမှာတော့..။သင်္ဘောပေါ်မှာပါလာတဲ့ ဂေးတစ်သိုက်နဲ့ မိန်းမငမ်းငမ်းတက်လိုချင်နေတဲ့ Straight နှစ်ယောက်ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက် ကြပါ။Roselyn Sanchez တို့ Vivica A. Fox တို့လိုအမိုက်စားမင်းသမီးတွေခေါင်း ဆောင်ပါဝင်ထားပြီး Insidious ဇာတ်ကားတွဲတွေထဲက နတ်ဝင်သည်အဘွားကြီး Lin Shaye ကိုဒီဇာတ်ကားမှာ စရိုက်တစ်မျိုးနဲ့တွေ့မြင်ရမယ့်အပြင် ဂျိမ်းစ်ဘွန်း မင်းသားဟောင်းကြီး Roger moore ကိုလည်း ဂျိမ်းစ်ဘွန်းအငြိမ်းစားဂေးဗားရှင်းနဲ့ တွေ့မြင်ရမှာပါ။ Euro Trip, Road trip တို့ထက်မလျော့တဲ့ Boat Trip ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie
Boat Trip (2002)
6.7
Rush Hour 2 (2001)
စုံထောက်ကာတာ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေစဉ် အမေရိကန်သံရုံးဗုံးခွဲတိုက်ခိုက် ခံခဲ့ရပါတယ်။ဒီတစ်ခေါက်တော့ အိမ်ရှင် အင်စပက်တာလီ က ဧည့်သည် စုံထောက်ကာတာ ကို ဘယ်လိုဧည့်ခံ မလဲ ဆိုတာနဲ့ စုံထောက်ကာတာရဲ့အလွဲလွဲအချော် ချော်လုပ်ရပ်တွေကို တဝါးဝါး ရယ်မောကြရမှာ သေချာပါတယ်။ဗီလိန်အဖြစ် တရုတ် မင်းသမီးချောလေး Zhang Ziyi လည်း ပါဝင်ထား ပါတယ်။ File size…(1.56 GB)/(960 Mb) Quality….Blu-ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Noe Wutt Yi
movie
Rush Hour 2 (2001)
2001
6.4
Basic (2003)
Basic (2003)ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး ...
movie
Basic (2003)
2003
7.0
Act of Valor(2012)
Act of Valor (2012) ကော်စတာရီကာရဲ့ဟိုတယ်တစ်ခုမှာCIA အေးဂျင့်၂ယောက်တည်းခိုနေတယ်...ဒီသတင်းကိုဘယ်ကဘယ်လိုရတယ်မသိ..အကြမ်းဖက်သမားများရောက်ရှိလာပြီးအမျိုးသားအေးဂျင့်ကိုတော့နဖူးကိုကျည်တစ်တောင့်ပစ်ကျွေးပြီးအမျိုးသမီးအေးဂျင့်ဖြစ်သူကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်....ဒီနောက်မှာတော့အမျိုးသမီးအေးဂျင့်ကိုပြန်လည်ခေါ်ယူဖို့မရိန်းစစ်သားတွေကိုအမေရိကန်တို့စုစည်းခဲ့တယ်...အေးဂျင့်အမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သူဟာတကယ့်ထိပ်သီးဒုစရိုက်ခေါင်းဆောင်ဖြစ်နေတဲ့အပြင်ခေတ်မှီလက်နက်ကြေးစားလက်နက်ကိုင်စစ်သည်တို့အပြည့်နဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်...ဒီအမှုမှာမူးယစ်ရာဇာတွေအကြမ်းဖက်သမားတွေနဲ့တကယ့်ကိုကြောက်စရာအရှုတ်အထွေးကြီးပါပဲ...ဒါပေမယ့် ကယ်ထုတ်တဲ့စစ်ဆင်ရေးဟာ ထင်သလောက် မလွယ်ကူတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဟာအမေရိကန်နိုင်ငံအတွက် စက်တင်ဘာ-၁၁ရက် အရေးအခင်း ထက်ပိုဆိုးတာတွေ ကြုံလာနိုင်ကြောင်း သိရှိလာရတဲ့အခါမှာတော့…..။ကိုင်းမရိန်းတပ်သားတွေဘယ်လိုအစီအစဉ်တွေဆွဲကြလဲ....သူတို့အကုန်လုံးအသက်ပျောက်သွားနိုင်လား...အောင်မြင်ကြပါ့မလား...CIA အေးဂျင့်အမျိုးသမီးကိုရောကယ်တင်နိုင်ပါ့မလား....ထင်ထားတာထက်တိုက်ပွဲတွေကြမ်းနေမလား...ခံစားကြည့်လိုက်ပါဦးဗျို့...စစ်ကားကြိုက်သူတို့အဖို့နင်းကန်ကြည့်သင့်ပါကြောင်း....... File Size :(2.5GB) (1.1 GB) and (327 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:41:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae
movie
Act of Valor(2012)
2012
7.6
Traffik (2018)
IMDB Rating 7.1 ရရှိထားတဲ့ဇာတ်ကားလေးပါ။Thriller ကားဆိုတဲ့အတိုင်းထိတ်လန့်တုန်လှုပ်စရာတွေပါပါတယ်။Paula Patton နဲ့ Roselyn Sanchez လိုမင်းသမီးတွေသရုပ်ဆောင်ထားတယ်ဆိုတော့ ရင်တုန်တဲ့အခန်းတွေအများကြီးပါတာပေါ့နော်။သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Brea ဟာ သတင်းသမားကျင့်ဝတ်နဲ့ ညီအောင်အလုပ်လုပ်နေပေမယ့်လည်း စီးပွားရေးကိုဦးစားပေးနေတဲ့ အရှိန်အဟုန်တပြင်း စီးဆင်းနေတဲ့ခေတ်ကြီးမှာ အချိန်အများကြီးယူပြီး အသိပညာပေးချင်တာကိုဦးစားပေးနေတဲ့ Brea အတွက်နေရာမရှိခဲ့ပါဘူး။အလုပ်ဖြုတ်ခံတော့မယ့်ဆဲဆဲမှာ သူရဲ့ချစ်သူဖြစ်တဲ့ John ကသူ့ကိုလက်ထပ်ခွင့်တောင်းဖို့ အပန်းဖြေခရီးတစ်ခုကိုခေါ်သွားခဲ့ပါတယ်။မမျှော်လင့်တဲ့ဖြစ်ရပ်တွေကြောင့် သူတို့ရဲ့အပန်းဖြေခရီးလေးပျက်စီးသွားပြီး ဘယ်လိုပြဿနာတွေထဲရောက်သွားတယ်ဘယ်လိုကြိုးစားဖြေရှင်းကြတယ်ဆိုတဲ့အကြောင်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှု့ခံစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 36min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by d3mon Encoded by Thanhtike Zaw
movie
Traffik (2018)
2018