Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rose Leslie
5.8
Morgan (2016)
မော်ဂန်ဆိုတဲ့ကလေးမလေးဟာ လူသားမိဘများကမွေးဖွားလာတာမဟုတ်ဘဲ သိပ္ပံပညာရှင်တွေဖန်တီးထားတဲ့မျိုးစပ်သက်ရှိလူသားအတုပဲဖြစ်ပါတယ်..သူဟာသိပ္ပံပညာရှင်တွေရဲ့သုံးကြိမ်မြောက်ဖန်တီးမှုဖြစ်ပြီးရှေ့နှစ်ခေါက်ကအမှားတွေကို သင်ခန်းစာယူပြီးဖန်တီးထားတာဖြစ်တဲ့အတွက် ဉာဏ်ရည်ဉာဏ်သွေးကောကြီးထွားမှုနှုန်းကောကသာမန်လူတွေထက်ကို သိသိသာသာကောင်းမွန်တဲ့သူတစ်ယောက်ပေါ့..တစ်နေ့မှာတော့မော်ဂန်လေးဟာစိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘဲ သူ့ကိုဖန်းတီးခဲ့တဲ့သူတွေထဲကတစ်ယောက်ကိုတိုက်ခိုက်လိုက်မိပါတယ်ဒါကြောင့်သူ့ကိုစစ်ဆေးဖို့ရုံးချုပ်ကလူနှစ်ယောက်ကိုလွှတ်လိုက်ပါတော့တယ် မော်ဂန်လေးဆက်ပြီးအသက်ရှင်မလားအဆုံးသတ်ခံရမှာလားဆိုတာက အဲဒီလူနှစ်ယောက်ရဲ့အစီအရင်ခံစာအပေါ်မူတည်နေပါတယ် ဆိုတော့ အသက်5နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ရှိပြီး တစ်ချိန်တည်းမှာပဲအဲဒီအသက်နဲ့မလိုက်တဲ့ ဉာဏ်ရည်နဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့မော်ဂန်တစ်ယောက် ဘယ်လိုတွေအစစ်ခံရမလဲ....အသက်ရှင်ခွင့်ရမလား အဆုံးသတ်ခံရမလားဆိုတာကိုတော့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ......... File size…1.30GB / 611MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
Morgan (2016)
5.7
Honeymoon (2014)
ပေါလ်နဲ့ ထရစ္စီတို့ဟာ ညားကာစလင်မယားဖြစ်ပါတယ်။မင်္ဂလာဦးပျားရည်ဆမ်းခရီးထွက်ခါနီးမှာ ထရစ္စီနေမကောင်းဖြစ်တာကြောင့်မြို့ကြီးပြကြီးတွေဆီမသွားဖြစ်တော့ဘဲ ထရစ္စီတို့မိသားစုပိုင်သစ်တောအိမ်ကလေးမှာပဲ အနားယူဖို့ထွက်လာခဲ့ကြပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောအုပ်လေးနဲ့ ရေကန်လေးနားက အိမ်ကလေးမှာကြင်စဦးဇနီးမောင်နှံနှစ်ယောက် အေးအေးလူလူအနားယူနေကြပါတယ်။တစ်ညနေမှာ လမ်းလျှောက်ထွက်ရင်း မနီးမဝေးက စားသောက်ဆိုင်တစ်ဆိုင်ကိုရောက်သွားပါတယ်။ ဆိုင်ထဲကိုရောက်တဲ့အခါ ဆိုင်တစ်ခုလုံးခြောက်ကပ်နေပြီးဆိုင်ရှင်ကလည်း ရန်လိုတဲ့ပုံစံနဲ့အတင်းနှင်ထုတ်တာကြောင့် လင်မယားနှစ်ယောက်ပြန်ခါနီးဆဲဆဲမှာ ဆိုင်ရှင်က ထရစ္စီကို နာမည်ခေါ်ပြီးနှုတ်ဆက်လိုက်ပါတယ်။ဆိုင်ရှင်ဟာ ထရစ္စီရဲ့ ငယ်ရည်းစား ဝီလ်ဖြစ်နေပြီး ဝီလ်ဟာအိမ်ထောင်ကျပြီးနောက်ဇနီးဖြစ်သူအန်နီတို့မိသားစုပိုင်ဆိုင်တဲ့ တောကြိုအုံကြားက စားသောက်လေးမှာနေထိုင်နေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဆိုင်ရှင်ဇနီးဖြစ်သူ အန်နီရုတ်တရက်ရောက်လာပြီး ဧည့်သည်တွေကိုနှင်ထုတ်ပါတော့တယ်။ ဝီလ်ကဇနီးသည်နေမကောင်းဖြစ်နေတဲ့အတွက် ပြောမိတာဖြစ်ကြောင်း တောင်းပန်ပြီးပြန်လွှတ်လိုက်ပေမယ့်ဧည့်သည်လင်မယားနှစ်ယောက်ဟာ ဆိုင်ရှင်နှစ်ယောက်ရဲ့ ထူးဆန်းတဲ့အမူအရာတွေကြောင့် သံသယစိတ်တွေနဲ့ ပြန်လာခဲ့ကြပါတယ်။အဲဒီညမှာပဲ ပေါလ်ဟာ ဇနီးသည်ထရစ္စီတစ်ယောက် အိမ်ထဲကနေရုတ်တရက်ပျောက်သွားတာ သိလိုက်ရပါတယ်။ အိမ်နားပတ်ချာလည်လိုက်ရှာရင်း အနီးကတောအုပ်ထဲမှာ ထရစ္စီတစ်ယောက် အဝတ်အစားမပါဘဲ တစ်ယောက်တည်းငူငူကြီးရပ်နေတာ တွေ့လိုက်ရပါတော့တယ်။ ထရစ္စီကိုချက်ချင်းပြန်ခေါ်လာပြီး ဖြစ်ကြောင်းကုန်စင်မေးမြန်းပေမယ့် အိပ်ပျော်စဉ်လမ်းလျှောက်တာဆိုတဲ့ အဖြေကလွဲလို့ ရေရေရာရာမသိခဲ့ရပါဘူး။ နောက်နေ့မနက်စကပြီး ထရစ္စီဟာ ရေတိုမှတ်ဉာဏ်တွေ သိသိသာသာအားနည်းလာတာ ပေါလ်သိလိုက်ရပါတယ်။ ပေါလ်ဟာထရစ္စီကို ဂရုတစိုက်မေးမြန်းပေမယ့် ...
movie
Honeymoon (2014)
6.6
Death on the Nile (2022)
ဒီရုပ်ရှင်ကိုလည်း မျှော်နေကြသူတွေ များပါတယ်။ Murder on the orient express ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ်ထွက်လာတာပါပဲ။ စုံထောက်ကြီး ဟာကျူလီ ပွာရိုးနဲ့ ဘုခ် တို့ အမှုလိုက်ကြဦးမှာပါ။ရုပ်ရှင်နာမည်အတိုင်း လူသတ်မှုကတော့ နိုင်းမြစ်ထဲက သင်္ဘောကြီးတစ်ခုပေါ်မှာဖြစ်တာပါ။ သင်္ဘောပေါ်မှာပါနေတဲ့ ခရီးသည်တွေကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်တာမို့ ထုံးစံအတိုင်း တစ်ယောက်ပြီးတစ်ယောက်ကို စစ်မေးပြီး သဲလွန်စတွေ ချိတ်ဆက်ပြီး တရားခံကိုဖော်ထုတ်ရမှာပါပဲ။ဇာတ်လမ်းတစ်ခုလုံးကို အစကနေ အဆုံးထိ အတူတူခန့်မှန်းရင်း ခံစားသွားလို့ရပါတယ်။ ဘယ်သူသေမှာလဲ ဘာကြောင့်လဲ ဘယ်သူသတ်တာလဲ ဘယ်လိုသတ်တာလဲ စသည်ဖြင့် တွေးစရာတွေ အများကြီးပေးပြီး နောက်ဆုံးမှပဲ ရှင်းလင်းသွားမှာဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်တွေအများကြီးပါဝင်ထားတာမို့ သရုပ်ဆောင်ချက်တွေရော ဇာတ်လမ်းရောက ပရိသတ်တွေအားလုံး စိတ်ကြိုက်ဖြစ်မှာပါ။ File size…(1.8 GB)/(2 GB)/(900 Mb)/(500 Mb) Quality….BluRay DS4K HEVC/ 1080p / 720p / 480p Format…mkv/mp4 Duration….02:07:00 Genre...Drama, Crime, Mystery Subtitle….Myanmar ...
movie
Death on the Nile (2022)
BluRay DS4K HEVC
7.3
The Last Witch Hunter (2015)
The Last Witch Hunter ================== လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ လောက်က လူသား တွေ ကသူတို့ဖာသာ အိုးအိမ်တွေမြို့သစ် တွေတည်ပြီး စည်ပင်ထွန်းကားခဲ့ကြတယ် တန်ခိုးသြဇာ ကြီးမားခဲ့ကြတယ် ဒါပေမယ့် သူတို့ မေ့လျော့နေခဲ့တာက မွေးရာပါပါရမီ ထူးပါလာပြီး ဆရာ မလို လမ်းကြောင်းမယ့် သူမလိုပဲအောက်လမ်းပညာတွေမှော်အတတ် အစီမံတွေ ကျွမ်းကျင်နေတဲ့ လူတစ်စုပဲ တစ်နည်းအားဖြင့် စုန်းတွေပေါ့ စုန်းတွေနဲ့ လူ တွေကြားက ပဋိပက္ခတွေဟာအချိန်နဲ့အမျှ လှိုက်စားကြီးထွားလာတယ် အမုန်းအာဃာ တတွေကလဲ လမ်းဆုံးမရှိတဲ့ခရီးလမ်းလို များပြားထွေလီရှည်လျားခဲ့တယ် ဒီလိုနဲ့ သေမြေကြီးရှင်ရွှေထီးဆိုပြီး ထင်ရာစိုင်း တဲ့ဗိုက်ကင်းတွေ မိမိတိုင်းပြည်လူမျိုးအတွက် အသက်စွန့်တိုက်ခိုက်မယ့်ရဲရဲတောက် သူရဲကောင်းတွေ သူတို့ အသက်ကအရေး မပါဘူူး သူတို့မှာဖက်တွယ်စရာအိုးအိမ် တွေလဲ မရှိရှာတော့ဘူူး ဒီကြမ္မာငင်ဇာတ် လမ်းဆိုးကို ပြန်နားထောင်ပေးမယ့်သားမြေး မြစ်တွေလဲ မရှိတော့တဲ့အချိန် ရော်ရင့်နေတဲ့ သစ်ပင်အိုကြီး မကောင်းမှုတို့ အလုံးစုံအတိ ပြီးတဲ့ စုန်းအသိုက်မြုံထဲ ချဉ်းနင်းဝင်ရောက် ကြတယ် ဗင်ဒီဇယ် တဖြစ်လဲ ကော်ဒါ ဦး ဆောင်တဲ့ တပ်စုလေး အောက်လမ်းစုန်း တွေရဲ့ ခြောက်ခြားမှုတွေအောက်မှာသွေး မပျက်အောင်ကြိုးစားထိန်းနေရတယ် တစ်ယောက်ပြီးတစ်ယောက် တစ်သက်ပြီး တစ်သက်ပေးဆပ်လိုက်ရတဲ့ သွေးသောက် ညီကိုတွေကိုကြည့်ပြီး သံထည်နဲ့မီးတောက် အားကို ပြု ပီး ကော်ဒါတစ်ယောက် မိစ္ဆာမရင်ဝကို ဒီလူမျိုးတုန်းသတ်ဖြတ်တဲ့ ပုလိပ်ရောဂါကပ်ဆိုးကြီးဖန်တီးရှင်ရဲ့ အသဲ အူတည့်တည့်ကို အမုန်းဓားတစ်ဆင်းထိုး စိုက်လိုက်နိုင်ခဲ့တယ် စုန်းဘုရင်မကြီး နိဌိတံပြီး ပုလိပ်ရောဂါဆိုး ကြီးလဲ ချုပ်ငြိမ်းပြီ ဒါပေမယ့် ...
movie
The Last Witch Hunter (2015)