Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rose Keegan
Thunderbirds (2004)
“Thunderbirds (2004)”အနာဂါတ်မှာ ကမ္ဘာကြီးကို International Rescue လို့ခေါ်တဲ့အဖွဲ့ဟာ Thunderbirds လို့ခေါ်တဲ့ယာဥ်တွေကို စီးနင်းပြီး ကာကွယ် စောင့်ရှောက် လျက်ရှိပါတယ်။ ဘာပြဿနာပဲဖြစ်ဖြစ် InternationalRescue ဟာထိပ်ဆုံးကနေ ဖြေရှင်းပေးနေကျပါ။ International rescue အဖွဲ့က ထင်သလို JusticeLeague တို့ Avengers တို့လိုလူကြီး Super Heroes တွေ မဟုတ်ပဲနဲ့ Tracy မိသားစုလေးပဲဖြစ်ပါတယ်။တနေ့ သူတို့ဟာ လူဆိုးအဖွဲ့ကြီး တခုနဲ့ ရင်ဆိုင်ရတဲ့အချိန် တမိသားစုလုံးအဖမ်းခံလိုက်ရတဲ့ အခါမှာ အခြားသူတွေနဲ့ ယှဥ်ရင်နောက်ကောက်ကျနေတဲ့ သားအငယ်ဆုံးဖြစ်သူAllan Tracy နဲ့သူ့သူငယ်ချင်းများက ဦးဆောင် ဖြေရှင်းဖို့ ဖြစ်လာတဲ့အခါမှာတော့ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကFamily Genre ဖြစ်တာကြောင့်မိသားစုနဲ့ ပျော်ပျော်ပါးပါး ကြည့်ဖို့ အရမ်းကောင်းတယ်လို့ပဲညွှန်းပါရစေခင်ဗျာ။ File size… 2.5 GB / 1.1 GB Quality… BluRay 1080p ...
movie
Thunderbirds (2004)
6
First Knight (1995)
First Knight (1995)ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s' တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး "Sean Connery" ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် ...
movie
First Knight (1995)
1995
7.7
Harry Potter and The Deathly Hallows: Part 1 (2010)
Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie
Harry Potter and The Deathly Hallows: Part 1 (2010)
2010
4K HEVC
7.6
Match Point (2005)
Match point(2005) ============== IMDb Rating - 7.6/10 Directed by Woody Allenဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ပြေးမြင်မိကြမှာပဲ။ သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။ Match Point ကတော့ ကွဲလွဲတယ်ပြောရမှာမယ်။တခြားအယ်လန်ကားတွေက နာမည်ကြီးအနုပညာသမားတစ်ချို့ကို သိမှ သူသရော်တာကို နားလည်မှာတို့ ဘာတို့ ပါတတ်ပေမဲ့ ဒီရုပ်ရှင်ကတော့ ဒါမျိုးကင်းတယ်။ မသိရင် စုံထောက်ကားလိုလိုပါပဲ။ Genresအရ Romance/Dramaပေမဲ့ ကြည့်ပြီးတဲ့သူတွေက Psychological Thriller ကားလို့ ဆိုကြတယ်။သို့ပေမဲ့ သရော်တာလည်း မကင်းပါဘူး၊ ဟာသတစ်စက်မှ မနှောဘဲ သရော်သွားတာကလွဲလို့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူ့ THEMEကတော့ ကံပါပဲ။ ကံကိုTHEME အဖြစ်သုံးပြီး စောင်တလွဲလောကကြီးရဲ့မတရားလှတဲ့ ကံကိုသရော်သွားခဲ့တယ်။ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ် " ကျုပ်မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက ...
movie
Match Point (2005)