Channel Myanmar

Rosalie Ward

Dead Wrong (2024)
Dead Wrong (2024) Dead Wrong ( 2024 )ဒီရုပ်ရှင်က ဇာတ်က စစချင်း ဘာဇာတ်လဲဆိုတာ အသိရခက်တဲ့ပုံမျိုးနဲ့အရင်စပြီး တဖြည်းဖြည်းချင်း အထုပ်ဖြည်ဖြည်လာရင်း သူ့ကာရိုက်တာတွေကို development ကောင်းကောင်းလုပ်ထားတယ်။ စစချင်းကတော့ ဘယ်သူလူကောင်းလဲ လူဆိုးလဲ တော်တော်သိရခက်တယ်။ အကုန်လုံး ဂန်းစတားတွေ ဆေးရောင်းသမားတွေ သူတို့နဲ့ပတ်သက်နေတဲ့လူတွေချည်းပဲ။ အဲဒီကာရိုက်တာတွေရဲ့အလုပ်အကိုင်တွေ ပတ်သက်ဆက်နွယ်နေပုံတွေကို သူပြချင်တဲ့ဇာတ်ကြောင်းဆီ ချိတ်ဆက်သွားတာက ဇာတ်ကားအစကို တော်တော်တော့ စိတ်ဝင်စားစရာကောင်းစေခဲ့တယ်။ character developmentကောင်းတဲ့ ရုပ်ရှင်လို့တော့ ပြောရမှာပဲ။ ခမ်းကြီးနားကြီးရိုက်ထားတဲ့ ကားတော့မဟုတ်တော့ အရမ်းကြီးတော့ ပြည့်စုံမနေပေမဲ့ တော်တော်တော့ ကြည့်ကောင်းတယ် စိတ်ဝင်စားဖို့ကောင်းတယ်။ မှုခင်းဇာတ် စုံထောက်ဇာတ်ကြည့်ချင်နေတဲ့လူတွေနဲ့တော့ အံကိုက်လိမ့်မယ်။ Gone baby Gone လိုဇာတ်မျိုးကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်လိမ့်မယ်။ အဲဒီလောက်ကောင်းတယ်လို့တော့ မဆိုလိုဘူး။ဇာတ်ကတော့ မြို့လေးတစ်မြို့မှာ နာမည်ကျော်မူးယစ်ရာဇာတွေရှိတယ်။ သူတို့က လောင်းကစားကြွေးပိနေတဲ့ ကလေးမွေးစားရေးကိစ္စတွေကို အဓိကကိုင်တဲ့ ရှေ့နေတစ်ယောက်ကို သူတို့လူအဖြစ် ခြိမ်းခြောက်ပြီး အရသိမ်းသွင်းလိုက်ကြတယ်။ အဲဒီရှေ့နေက သူတို့အလုပ်တွေမှာ ဝင်မပါချင်ပေမဲ့ ရွေးစရာရှိတော့ဝင်ပါလိုက်ရတယ်။ သူက အဲဒီလက်ကနေလွတ်အောင်ကြံနေတယ်။တစ်ဘက်မှာလည်း မြို့ပေါ်က အာဏာအကြီးဆုံးမူးယစ်ရာဇာက သူ့သူငယ်ချင်းတစ်ယောက်ကို သူ့ကိစ္စတွေထဲ ဆွဲသွင်းခဲ့တယ်။ သူကလည်း သူ့မိန်းမနဲ့ကလေးနဲ့အတူတူနေနိုင်ဖို့ ငွေများများရအောင်ကြိုးစားဖို့ ဝင်သက်မိတယ်။ ဒီလိုနဲ့ အဲဒီလူက ...
movie

Dead Wrong (2024)

2024
It’s Complicated (2009) 6.5
It’s Complicated (2009) ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Romance ရုပ်ရှင်ကို ပြန်လည်ကြည့်ရှုရင်း ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ အရင်ခေတ်ကို ပြန်လည်ခံစားလိုက်ရအောင်ပါ။ယခုရုပ်ရှင်ဟာ IMDb rating 6.5, Rotten Tomatoes 59% ရရှိထားပါတယ်။ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အတိတ်နေ့ရက်တွေကို ပြန်ခံစားလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းနဲ့ ဂျိတ်ခ်ဟာ ကွာရှင်းခဲ့တာ ကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ နှစ်တွေလည်း ကြာခဲ့ပြီမို့ သူတို့ကြားမှာ မကျေမနပ်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေနဲ့ပဲနေနေကြပါတယ်။ ဂျိတ်ခ်ဟာလည်း အက်ဂ်နက်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ထပ်ပြုထားပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သား လုခ်ရဲ့ ဘွဲ့နှင်းသဘင်ကို တက်ဖို့ နယူးယော့ခ်မြို့ကိုသွားကြပါတယ်။ အဲညမှာ သူတို့နှစ်ယောက် မူးအောင်သောက်ကြပြီး ဇာတ်လမ်းကို ပြန်စမိသွားပါတယ်။ ဂျိမ်းနဲ့ ဂျိတ်ခ်တို့ကြား ဘယ်လိုရှုပ်ထွေးတာတွေ ဖြစ်လာမလဲဆိုတာ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… ...
movie

It’s Complicated (2009)

2009