Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rong Zishan
6
Home Sweet Home ( 2021 )
Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့...ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်း ယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့ အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့ အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရ အပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်း ဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့် ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့် မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်က ကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင် အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး ...
movie
Home Sweet Home ( 2021 )
4K HEVC
6.3
Remember Me ( 2024 )
Remember Me ဆိုတဲ့ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် သားတစ်ယောက်ကို ဆုံးရှုံးပြီး သားသေတာနဲ့ နောက်ယောက်ျားနောက်လိုက်ပြေးသွားတဲ့ ချွေးမလက်ထဲကို သူ့မြေးမလေး ကျားရိကို မထည့်ပေးခဲ့တဲ့ အဖွားအတွက်... ဘဝကို အဖွားတစ်ခု မြေးမလေးတစ်ခု ကျော်ဖြတ်မယ်လို့ ဆုံးဖြတ်ထားပြီးကာမှ... မြို့ထဲ အင်္ကျီဝယ်ရင်း မြေးမလေးကို ပျောက်သွားခဲ့တယ်...တစ်ခါပျောက်တာ အနှစ် ၂၀ ကြာသွားခဲ့တယ်... ကျားရိကို ပြန်ရှာတွေ့ချိန်မှာ ကျားရိက ဘာကြောင့်လည်းတော့မသိ ခိုးတတ်ဝှက်တတ်တဲ့ ကလေကချေမလေးဖြစ်နေခဲ့တာပေါ့... သူနဲ့ခင်တဲ့ သူငယ်ချင်းဆိုးတွေလက်ထဲက ထွက်ပြေးလာနိုင်ခဲ့ချိန်မှာ အဖွားနဲ့ ပြန်ဆုံခဲ့တယ်...ကျားရိက တကယ် ဖွားဖွားရှာနေတဲ့ကျားရိပဲလား... သူတို့ပြန်ဆုံတော့ ဘာတွေဖြစ်မှာလဲ... ကျားရိတစ်ချိန်က ခင်ခဲ့တဲ့ သူငယ်ချင်းဆိုးတွေကရော ဘာတွေလုပ်ဦးမှာလဲ... နှလုံးသားရှိတဲ့သူတိုင်း ငိုမိမှာမို့ တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Family Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Remember Me ( 2024 )
6.3
Mozart from Space ( 2022 )
ဒီဇာတ်ကားလေးကတော့ မျက်နှာချင်းဆိုင်လို့မရတဲ့ သားအဖနှစ်ယောက်ကြားထဲက အကြောင်းလေးပဲဖြစ်ပါတယ်။ နက္ခတ္တဗေဒကို အလွန်ရူးသွပ်တဲ့ သားဖြစ်သူရန့်ရှောင်ထျန်းကို အဖေလုပ်သူက စန္ဒယားပညာရှင်ဖြစ်စေချင်တယ်။အဲဒီအတွက်ကြောင့်ပဲ သားအဖနှစ်ယောက်ဟာ နေ့တိုင်းကို ရန်ဖြစ်စကားများနေကြပါတယ်။ တစ်ရက်မှာတော့ ဆန်းကြယ်တဲ့ ဂြိုလ်သားလေးမိုးဇက်ဟာ ရုတ်တရက် သူတို့အရှေ့ကို ပေါ်ပေါက်လာခဲ့တယ်။ အဲဒီအချိန်ကစပြီးတော့ မိုးဇက်ဟာ ရန့်ရှောင်ထျန်းကို သူ့အဖေနှင့် တိုက်ပွဲဝင်ရန် အကူညီပေးခဲ့တယ်။ရန့်ရှောင်ထျန်း မထင်မှတ်ထားမိတာက မိုးဇက် ကမ္ဘာမြေကို ရောက်လာရတာက တခြားတာဝန်တစ်ခုလုပ်ဖို့ ရောက်လာခဲ့တာပဲ။ အဲဒီတာဝန်က ဘာလဲဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦး။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction, Comedy Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Mozart from Space ( 2022 )