Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ronald Pickup
7.4
The Mission (1986)
The Mission (1986)IMDb 7.4/10 Rotten Tomatoes 64%(တောတွင်းမျိုးနွယ်ဓလေ့များအရ ဗလာကျင်း အခန်းတချို့ပါဝင်သဖြင့် ကြည့်ရှုသူများ သတိထားနိုင်ရန် ကြိုတင်အသိပေးအပ်ပါတယ်)ဒီဇာတ်ကားလေးကတော့ ၁၉၇၀ လောက်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ စပိန်လက်အောက်ခံဖြစ်နေစဉ်ကာလမှာ တောထဲက မျိုးနွယ်စုတစ်စုစီကို ခရစ်ယာန်သာသနာပြန့်ပွားရေး သွားရောက်လုပ်ဆောင်ခဲ့တဲ့ ဖာသာဂေဘရီရယ်အကြောင်းဆိုလည်း မမှားပါဘူး။ဖာသာက အသစ်အဆန်းဆို ငြင်းတတ်၊ ကြောက်တတ်ကြတဲ့ မျိုးနွယ်စုလေးဆီကို ဂီတနဲ့အတူ သာသနာကိုစိမ့်ဝင်အောင်လုပ်ခဲ့ပြီး ကြေးစားလူသတ်သမားကိုပါ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာအောင် တော်တဲ့သူလည်းဖြစ်ပါတယ်။ဖာသာ့ရဲ့ဦးဆောင်မှုနဲ့ ဒီတောတွင်းမျိုးနွယ်စုဟာ တောထဲကလိုက်ထွက်လာခဲ့အပြီးမှာတော့ ထင်မှတ်မထားတာတွေဖြစ်လာပါတော့တယ်။ အဲဒါကတော့ စပိန်နိုင်ငံဟာ ဘရာဇီးကို ပေါ်တူကီနိုင်ငံဆီ ရောငိးစားလိုက်တဲ့အခါမှာတော့ ဒီမျိုးနွယ်စုကို ပြန်ကာကွယ်ပေးဖို့တွေဖြစ်လာပါတော့တယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။File size… 2.3 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 5m Genre ..... Adventure/Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated ...
movie
The Mission (1986)
7.8
The Day of the Jackal (1973)
The Day of the Jackal (1973)~ IMDb - 7.8/10, Rotten Tomatoes - 90% ~ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ ...
movie
The Day of the Jackal (1973)
1973
6.5
The Second Best Exotic Marigold Hotel (2015)
The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံရေးအကြောင်းတွေ၊ ...
movie
The Second Best Exotic Marigold Hotel (2015)
2015
7.2
The Best Exotic Marigold Hotel (2011)
The Best Exotic Marigold Hotel (2011)~ IMDb - 7.2/10, Rotten Tomatoes - 78% ~Shakespeare in Love နဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ...
movie
The Best Exotic Marigold Hotel (2011)
2011
4.4
Dark Floors (2008)
Dark Floors (2008) ================ဘန်ဟာ အော်တစ်ဇင် ဖြစ်နေတဲ့ သမီးလေးဆယ်ရာကို ရောဂါရှာဖွေ ဖို့အတွက် စိန့်မေရီဆေးရုံကို ရောက်နေတယ်။ ကံဆိုးချင်တော့ စက်ထဲမှာ ရောဂါရှာဖွေနေတုန်း စက်က မီးထလောင်တာမို့ ဘန်က ဆေးရုံခိုးဆင်း ပြီး ပြောင်းဖို့ ပြင်ခဲ့တယ်။ သူနာပြုဆရာမလေး အမ်မလီက တွေ့သွားတာမို့ လိုက်ဖြောင်းဖျရင်း ဓာတ်လှေကားထဲ လိုက်ဝင်ခဲ့တယ်။ သူတို့ ၃ယောက် အပြင် လုံခြုံရေးတစ်ယောက် ခြေသလုံးအိမ်တိုင် အဖိုးကြီးတစ်ယောက်နဲ့ စီးပွားရေးသမားတစ်ဦးလည်း လိုက်ပါလာခဲ့တယ်။ဓာတ်လှေကားဆင်းချိန်မှာ မတော်တဆဖြစ်ပြီး ဓာတ်လှေကားရပ်တန့် သွားခဲ့ပါတယ်။ ပြန်ပွင့်လာချိန်မှာတော့ တစ်ဆေးရုံလုံးက ရုတ်တရက်ကြီး ခြောက်ကပ်လို့နေတာပေါ့။ သူတို့တွေ ဆေးရုံထဲက ထွက်ဖို့ကြိုးစားကြရင်း မမျှော်လင့်ထားတာတွေ ကြုံတွေ့လာရတဲ့အခါ.......ထူးထူးဆန်းဆန်း plotနဲ့အတူ တစ္ဆေလိုလို မိစ္ဆာလိုလို ငရဲလိုလို time loop လိုလို multidimensional လိုလိုနဲ့ ဘာမှန်းမသိ ခံစားချင်သူများအဖို့ ဇာတ် ကားကောင်း ဖြစ်ပါကြောင်းပြောရင်းတင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File Size..........(1.12 GB) / (436 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie
Dark Floors (2008)
2008
6.6
Prince of Persia: The Sands of Time (2010)
Prince of Persia (2010)Prince of Persiaဟာ ကျွန်တော်တို့ ဟိုးငယ်ငယ် နာရီပေးနဲ့ဆော့ခဲ့ရတဲ့ P2ခေတ်ကတည်းက နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်း Mobile Game အထိ ရှိခဲ့သလို ဒီနှစ်ထဲလည်း Ubisoftက remakeပြန်ထုတ်ဖို့ အထိလုပ်ထားပါတယ်။ Prince of Persiaဟာ ဒီလို ခေတ်အဆက်ဆက်အထိ မမှေးမှိန်သေးတဲ့ နာမည်ကျော်ဂိမ်းစီးရီးတစ်ခုပါပဲဒီရုပ်ရှင်ကတော့ Prince of Persia , Sand of time ဂိမ်းTrilogy က အချက်အလက်တွေကို သုံးပြီး 2010မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ legend actorကြီး Jake Gyllenhaalနဲ့ Ben Kingsley တို့အပြင် ဆွဲဆောင်မှုအပြည့်နဲ့ မမGemma Artertonတို့က သရုပ်ဆောင်ထားပါတယ်။ရုပ်ရှင်က ပါရှားတွေရဲ့ စစ်မက်တွေ မတည်ငြိမ်တဲ့ ခေတ်ကာလမှာ တည်ထားတာဆိုတော့ နန်းဆောင်ကြီးတွေ ၊ စစ်တပ်တွေ ...
movie
Prince of Persia: The Sands of Time (2010)
6.9
[18+] Lolita (1997)
[18+] Lolita (1997) [Dark Side Production မှ တင်ဆက်သည်။] IMDb Rating (6.9/10) Rotten Tomatoes (68%)ဒီရက်ပိုင်း ကျွန်တော် ကြည့်ဖြစ်တဲ့ကားတွေက Age Gap ကြောင့် ဖြစ်တဲ့ အကြောင်းအရာ တွေကို ဇာတ်လမ်း လုပ်ထားတာတွေများပါတယ် ။ အဲ့ထဲက မှ အကြိုက်ဆုံးဆို Leon the Professional , An Education နဲ့ Lolita ပါပဲ ။ Lolita ကတော့ အကြိုက်ဆုံးပေါ့ ။ ရုပ်ရှင် မကြည့်ခင်ဝတ္ထုဖတ် ဖြစ်ကတည်းက Lolita ကို အတော် သဘောကျခဲ့မိတာပါ ။ဝတ္ထုကတော့ ရုရှား စာရေးဆရာ တစ်ဦးဖြစ်တဲ့ Vladimir Nabokov ရေးသားခဲ့တာဖြစ်ပြီး ရုပ်ရှင် အဖြစ် 1962 မှာ တစ်ကား ၊ 1997 ...
movie
[18+] Lolita (1997)
1997
7.4
Darkest Hour (2017)
Darkest Hour (2017) IMDb - 7.4/10_____Rotten - 84% Won 2 Oscars. Another 51 wins & 77 nominations. Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ?အဖြေကရှင်းပါတယ်။ ...
movie
Darkest Hour (2017)
2017