Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ron White
6.9
Horrible Bosses (2011)
Horrible Bosses (2011) Extended Cut VersionIMDb Rating (6.9) / Rotten Tomatoes (69%)အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ.... သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ဇာတ်လမ်းကတော့.......နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်… သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီး သက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲ နစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့ အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ် ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ သွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့.. သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ...
movie
Horrible Bosses (2011)
2011
6.0
Erased (2012)
မစ္စတာ လိုဂန်ဟာ သူ့သမီးနဲ့ အတူ ဘဝတစ်ခုကို ပြန်လည် စတင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ ဘယ်ဂျီယံကို ပြောင်းရွှေ့ပြီး အလုပ်လုပ်နေရာကနေ တစ်မနက် သူ့ရုံးကို သွားတဲ့အခါမှာတော့ တစ်ရုံးလုံးမှာ ဘာမှမရှိတော့ဘဲ ရှင်းလင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒါဟာ ဘာလို့များလဲ။ မစ္စတာ လိုဂန်တို့ သားအဖ နှစ်ယောက် ဒီကိစ္စကို လိုက်အဖြေရှာရင်း ဘယ်လို အရှုပ်တွေကြားထဲ ပါမိလျက်သား ဖြစ်သွားမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အစမှာတင် စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး IMDB rating 6အထိ ရရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။File size…(1.9 GB)/(920 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy ...
movie
Erased (2012)
6.7
Defendor (2009)
Defendor (2009)~ IMDb - 6.7/10, Rotten Tomatoes - 75% ~နေ့ခင်းဘက်မှာ ဆောက်လုပ်ရေးသမား... ညဘက်ကျတော့ စူပါဟီးရိုး...အာသာပေါ်ပင်တန်ဟာ ရုပ်ပြတွေထဲက စူပါဟီးရိုးတွေကိုသိပ်အားကျတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ စေတနာ့ဝန်ထမ်းစူပါဟီးရိုး Defendor အဖြစ် အသွင်ယူပြီး ညဘက်မှာဒုစရိုက်သမားတွေကို ပရဟိတ နှိမ်နင်းပါတော့တယ်။ ရုပ်ရှင်တွေရုပ်ပြတွေထဲက စူပါဟီးရိုးတွေဖြစ်တဲ့ ဘတ်မန်းတို့ အိုင်းရွန်းမန်းတို့က သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဘီလျံနာသူဌေးကြီးတွေဖြစ်ပေမယ့် အာသာကတော့ နေစရာအိမ်တောင်မရှိတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။သူ့မှာ ရိုးသားမှု ကြင်နာမှု နဲ့ စူပါဟီးရိုးဖြစ်ချင်စိတ်ပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားခံရတယ်ဆိုတဲ့အတိုင်း အာသာကတော့ ဇာတ်လမ်းစစ ဆုံးဆုံး သူချည်းခံနေရတဲ့ စူပါဟီးရိုးပါ။တစ်နေ့မှာတော့ ကတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး သူလိုက်ရှာနေခဲ့တဲ့ ဗီလိန်ကြီးဟာ မြို့ရဲ့မူးယစ်ရာဇာကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ရယ်လည်းရယ်ရ သနားစရာလည်းကောင်းတဲ့အပြင် အာသာရဲ့ လူသားဆန်မှုနဲ့ အလွဲတွေကို ဟာသနှောပြီးရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ပါတဲ့သူတွေကလည်း ကိုယ်တွေမစိမ်းတဲ့ မင်းသားကြီး Woody Harrelson ...
movie
Defendor (2009)
2009
8.2
Unforgiven (1992)
Unforgiven (1992) IMDb - 8.2/10_____Rotten - 96% Won 4 Oscars. Another 46 wins & 46 nominations ဒီကားကို ဒါရိုက်တာ Clint Eastwood ရဲ့လက်ရာဖြစ်ပြီးတော့ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာပါ.. Top Rated Movies #134 စာရင်းဝင်ခဲ့သလို အကောင်းဆုံးရုပ်ရှင်ဆု ၊အကောင်းဆုံးဒါရိုက်တာဆု ၊အကောင်းဆုံးဇာတ်ပို့ဆုနဲ့ အကောင်းဆုံး တည်းဖြတ်ဆု စတဲ့ အော်စကာ(၄)ဆုရခဲ့ပါတယ်.. ၁၈၈၀ခုနှစ်လောက်က ကောင်းဘွိုင်လူတန်းစားတွေရဲ့ လူနေမှုစရိုက်ကတော့ အတော်ဆန်းတယ်.. ကိစ္စတိုင်းနီးပါးကိုသေနတ်နဲ့ခလုတ်လေးဆွဲပြီးဖြေရှင်းလေ့ရှိကြတယ်... ဒီလိုအချိန်မှာ Bill ဆိုတဲ့လူတစ်ယောက်ကတော့ တခြားသူတွေထက်ချမ်းသာသလို အင်အားလည်းကြီးတယ်.. သူက ပြည့်တန်ဆာတွေနဲ့ ဆိုင်ဖွင့်ပြီး ငွေရှာတဲ့အပြင် သေနတ်အားကိုးနဲ့ အနိုင်ကျင့်မှုတွေလည်းရှိတယ်... တစ်နေ့တော့ ပြည့်တန်ဆာတစ်ယောက်ရဲ့မျက်နှာကို ဧည့်သည်က ဓားနဲ့မွှမ်းသွားတယ်... ပြည့်တန်ဆာတွေအတွက်တော့အတော်နာကျဉ်းစရာကောင်းပေမယ့် Bill ကတော့ မြင်းတွေကို လျော်ကြေးအဖြစ်ယူပြီး ဓားနဲ့မွှမ်းတဲ့လူတွေကိုခွင့်လွှတ်ပေးလိုက်တယ်.... ဒီကိစ္စကို ပြည့်တန်ဆာတွေက လုံးဝမကျေနပ်ဘူး... ပြည်တန်ဆာတွေရဲ့ နာကျဉ်းချက်က ဘယ်လောင်တောင်ကြီးလဲဆိုတော့ တစ်သက်လုံးရှာသမျှငွေတွေကိုစုပေါင်းပြီး ဓားနဲ့မွှမ်းတဲ့သူတွေကို သတ်ပေးဖို့ ကြေးစားလူသတ်သမား ငှါးရမ်းပါတော့တယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tinnilar Lwin ဖြစ်ပါတယ်... File Size : (956 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Drama, Western Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Unforgiven (1992)
1992
5.3
[18+] Lie with Me (2005)
movie
[18+] Lie with Me (2005)
2005