Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ron Fallica
6.5
Remember Yesterday(2022)
Remember Yesterday(2022)************************** ဂျန်နီဆိုတဲ့ကောင်မလေးကအိမ်ထောင်ကွဲထားတာသိပ်မကြာသေးပဲဘဝကိုအထီးကျန်စွာနဲ့ဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ယောက်ျားဖြစ်သူကအရက်တွေပဲလှိမ့်သောက်နေတဲ့အတွက်အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးကွဲကွာထားရတာပဲဖြစ်ပါတယ်။သူ့အတွက်အစ်ကိုဖြစ်သူနဲ့သူငယ်ချင်းတွေရှိပေမဲ့လည်းဘဝမှာလစ်ဟာနေတဲ့နှလုံးသားထဲကကွက်လပ်ကြီးတစ်ခုကတော့ရှိနေပါသေးတယ်။ဒီလိုနဲ့သိပ်မကြာခင်မှာပဲဂျန်နီနေထိုင်တဲ့နယ်မြို့လေးကိုသူရဲ့ရည်းစားဟောင်းဂျွန်ကရုပ်ရှင်ရိုက်ဖို့အတွက်ဆိုပြီးပြန်လာခဲ့ပါတော့တယ်။အဲ့ဒီမှာတင်နဂိုကတည်းကမှမနည်းထိန်းထားရတဲ့ယိုင်နဲ့နေတဲ့နှလုံးသားလေးကိုလှိုင်းလုံးကြီးတွေရိုက်ခတ်သလိုရိုက်ခတ်လာပါတော့တယ်။ဘာလို့လဲဆိုတော့သူနဲ့ဂျွန်တို့လမ်းခွဲခဲ့ကြတာဟာမချစ်လို့မဟုတ်ပဲနဲ့ဂျွန်ရုပ်ရှင်ပညာနဲ့ပတ်သတ်ပြီးအသက်မွေးဝမ်းကျောင်းလုပ်ဖို့အတွက်မြို့ကြီးပြကြီးတွေကိုတက်သွားခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုသွားဖို့တွန်းအားပေးခဲ့တာလဲဂျန်နီပဲဖြစ်ပါတယ်။ကံကြမ္မာကအရမ်းချစ်ခဲ့ကြတဲ့ချစ်သူဟောင်းနှစ်ယောက်ကိုပြန်လည်ဆုံစည်းပေးခဲ့တဲ့အခါမှာတော့လူအများစုအိပ်မက်မက်နေကြတဲ့ရည်းစားဟောင်းလေးနဲ့ပြန်အဆင်ပြေဖို့အိပ်မက်လေးတွေများတကယ်ပြန်ဖြစ်သွားမလား။သူတို့နှစ်ယောက်ရဲ့အရင်တုန်းကမဖြောင့်ဖြူးခဲ့တဲ့အချစ်လမ်းခရီးကရောဒီအချိန်မှာဘာတွေများထူးခြားသွားမလဲဆိုတာကိုကြည့်ရမဲ့ရိုမန့်တစ်ဆန်တဲ့အချစ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။File size…1.3GB/ 619MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 18min Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay
movie
Remember Yesterday(2022)