Channel Myanmar

Ron Cook

Thunderbirds (2004)
Thunderbirds (2004) “Thunderbirds (2004)”အနာဂါတ်မှာ ကမ္ဘာကြီးကို International Rescue လို့ခေါ်တဲ့အဖွဲ့ဟာ Thunderbirds လို့ခေါ်တဲ့ယာဥ်တွေကို စီးနင်းပြီး ကာကွယ် စောင့်ရှောက် လျက်ရှိပါတယ်။ ဘာပြဿနာပဲဖြစ်ဖြစ် InternationalRescue ဟာထိပ်ဆုံးကနေ ဖြေရှင်းပေးနေကျပါ။ International rescue အဖွဲ့က ထင်သလို JusticeLeague တို့ Avengers တို့လိုလူကြီး Super Heroes တွေ မဟုတ်ပဲနဲ့ Tracy  မိသားစု‌လေးပဲဖြစ်ပါတယ်။တနေ့ သူတို့ဟာ လူဆိုးအဖွဲ့ကြီး တခုနဲ့ ရင်ဆိုင်ရတဲ့အချိန် တမိသားစုလုံးအဖမ်းခံလိုက်ရတဲ့ အခါမှာ အခြားသူတွေနဲ့ ယှဥ်ရင်နောက်ကောက်ကျနေတဲ့ သားအငယ်ဆုံးဖြစ်သူAllan Tracy နဲ့သူ့သူငယ်ချင်းများက ဦးဆောင် ဖြေရှင်းဖို့ ဖြစ်လာတဲ့အခါမှာတော့ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကFamily Genre ဖြစ်တာကြောင့်မိသားစုနဲ့ ပျော်ပျော်ပါးပါး ကြည့်ဖို့ အရမ်းကောင်းတယ်လို့ပဲညွှန်းပါရစေခင်ဗျာ။ File size…    2.5 GB /  1.1 GB Quality… BluRay 1080p ...
movie

Thunderbirds (2004)

The Merchant of Venice (2004)
The Merchant of Venice (2004) အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ 'ဂက်တို' လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ဗင်းနစ်မြို့က ...
movie

The Merchant of Venice (2004)

Hot Fuzz (2007) 7.9
Hot Fuzz (2007) သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့....ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာအသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL...ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်...သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်....ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့.....တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။လူ့သဘောတွေကို သရော်ထားတဲ့ ...
movie

Hot Fuzz (2007)

2007
4K HEVC
Land of the Blind (2006) 6.4
Land of the Blind (2006) Land of the Blind (2006) =================== IMDb Rating - 6.4/10Land Of The Blind.2006 ဇာတ်ကားu နိုင်ငံရေး Drama ဇာတ်ကားပါ။ စာရေးဆရာက နိုင်ငံရေးအတွေအခေါ်ပေါ်အခြေပြုပြီးတော့ ဇာတ်လမ်းကို ဆင်ထားပါတယ်။ ကြည့်ရှုသူပရိတ်သတ်အနေနဲ့တော့ ဒါရိုက်တာတင်ပြထား တဲ့ရှုထောင့်ကပဲ တစ်သပ်မတ်တည်း ကြည့်ရှုခံစားပေးရမယ်လို့ မရှိဘဲ ဖြစ်နိုင် ခြေတွေကို ဒီဇာတ်လမ်းနှင့်အတူ ဝေဖန်သုံးသပ်ကြရမှာပါ။ပဒေသရာဇ်အစဥ်အလာတွေကို မင်းမဲ့ဝါဒရောနှောထားတဲ့ သမ္မတဂိုဏ်သား တွေက ဖြုတ်ချပယ်ဖျက်ပြီးနောက်မှာ သမ္မတဂိုဏ်းသားတွေကလည်း သူ့တို့ ဟစ်ကြွေးခဲ့တဲ့မူတွေအတိုင်း မနေနိုင်ကြတာကြောင့် သူတို့အရေးတော်ပုံမ အောင်မြင်တဲ့အကြောင်း တင်ဆက်ထားတာပါ။ ဒါပေမယ့် ဒီနေရာမှာ စဥ်းစား စရာတွေက သမ္မတဂိုဏ်းသားတွေ လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ နည်းနာတွေက တကယ် ပဲ သူတို့ဟစ်ကြွေးထားတဲ့အတိုင်းပဲ ဖြစ်နေသလား။ ဒါရိုက်တာရဲ့တင်ဆက်မှုမှာ ဘာတွေထပ်ပြီး သုံးသပ်လို့ရမလဲဆိုတာကိုတော့ ပရိတ်သတ်က ကြည့်ရှုရင်း ဆုံးဖြတ်ပေးရမှာပါ။ Best Narrative Features အပိုင်းမှာ ဆုအတွက် တင်သွင်း ခံရပြီးတော့ IMDb rating 6.4 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 ...
movie

Land of the Blind (2006)

2006
[18+] The Cook, the Thief, His Wife & Her Lover (1989) 7.5
[18+] The Cook, the Thief, His Wife & Her Lover (1989) The Cook, the Thief, His Wife & Her Lover (1989)~ IMDb - 7.5/10, Rotten Tomatoes - 86% ~" 18+ ခန်းတွေပါတာကြောင့် အသက်ပြည့်မှကြည့်ဖို့အကြံပေးပါရစေ "ဒီကားကတော့ 1989 မှာထွက်ရှိထားပြီး ဆု​တွေလည်းအများကြီးရထားရုံတင်မက တစ်ခေတ်တစ်ခါရဲ့ ဗြိတိန်ဂန္ထဝင်မင်းသားကြီး မင်းသမီးကြီးတွေပါဝင်ထားတဲ့ မှုခင်းဒရာမာကားကောင်းတစ်ကား The Cook, the Thief, His Wife & Her Lover ဆိုတဲ့ကား​ပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကလည်း BAFTA လို‌ ဗြိတိန်အကယ်ဒမီဆု အပါအဝင် ဆု​တွေအများကြီးရထားတဲ့ Peter Greenaway ပဲဖြစ်ပါတယ်။ဇာတ်လမ်း​​ကျောရိုးကို​တော့ ဇာတ်လမ်းနာမည်အတိုင်း ဇာတ်​ကောင် ၄ ​​ယောက်ကို ဗဟိုပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လန်ဒန်မြို့က စား​​သောက်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး ​​နေ့တိုင်း ထင်တိုင်းကြဲ​​သောင်းကျန်း​နေတဲ့ အဲဘက် (The ...
movie

[18+] The Cook, the Thief, His Wife & Her Lover (1989)

1989
Empire of Light(2022) 7.0
Empire of Light(2022) Empire of Light(2022)*********************"အင်ပါယာ" ဆိုတဲ့ ပင်လယ်နားကရုပ်ရှင်ရုံကြီး။ အဲဒီမှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေလည်းမိသားစုလိုချစ်ချစ်ခင်ခင်နဲ့ပါ။ ထူးခြားနေတာကတော့ ဟီလာရီဆိုတဲ့အမျိုးသမီးပဲ။သူက စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးရုံပြပြနေရသူ.. တစ်နေ့မှာတော့ စတီဖင်ဆိုတဲ့ လူမည်းကောင်လေးတစ်ယောက်ဝန်ထမ်းအသစ်အနေနဲ့ သူတို့ဆီရောက်လာခဲ့ပါတယ်.. စိတ်ဓါတ်ကျနေတတ်တဲ့ဟီလာရီ့ဘဝထဲဝင်လာတဲ့ စတီဖင်၊လူမည်းလို့အမြဲခွဲခြားခံနေရပြီး အိပ်မက်တွေလက်လျှော့ခဲ့ရတဲ့ စတီဖင့်ဘဝထဲဝင်လာတဲ့ ဟီလာရီ.. သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဘယ်လိုတွေအကူအညီဖြစ်သွားစေမလဲဆိုတာကတော့..... File Size :(1.4 GB) and (554 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:55:00 Genre : Romance  , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Shin Rina Encoded by Phyo Pyae
movie

Empire of Light(2022)

The King’s Man (2021) 6.7
The King’s Man (2021) The King's Man (2021)================IMDb Rating - 6.7/102021 ပြီးဆုံးခါနီးမှာ အားလုံးပဲမျှော်လင့်ခဲ့ကြတဲ့ King's Man ရုပ်ရှင်ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ ထုံးစံအတိုင်းပဲ ကင်းစ်မန်းရုပ်ရှင်တွေကတော့ ကျွန်တော်တို့ကို စိတ်မပျက်စေရပါဘူး။ ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ အရင် ကင်းစ်မန်းနှစ်ကားရဲ့ အဆက်မဟုတ် ပါဘူး။ ကင်းစ်မန်းအဖွဲ့ဖြစ်ပေါ်လာပုံ ဇစ်မြစ်ကိုပြတဲ့ဇာတ်ကားပါ။ ပထမကမ္ဘာစစ် အင်္ဂလန် ရုရှား ဂျာမနီ အမေရိကန် စစ်ပွဲသမိုင်းကို အခြေခံပြီး ကင်းစ်မန်းတွေရဲ့ စစ်ဆင်ရေးကို ပြသထားတာပါပဲ။ အားရပါးရကို ကြည့်လို့ကောင်းပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size - (3.94 GB) / (1.59 GB) / (814 MB) / (531 MB) Quality – WebRip - (4K HEVC) / (1080p) / (720p) / (480p) Duration ...
movie

The King’s Man (2021)

2021
102 Dalmatians 2000 5
102 Dalmatians 2000 Disney ကနေ Emma Stone ပါ၀င် သရုပ်ဆောင်ထားတဲ့ Cruella ဇာတ်လမ်းလည်း ထွက်လာတော့မှာဆိုတော့ အရင်တုန်းက Cruella de Vil အကြောင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ 102 Dalmatians လေးကိုလည်း ပြန်ကြည့်ပြီး အတိတ်ကို ပြန်သွားကြရအောင်ပါ CM ပရိသတ်ကြီးရေ သိပြီးသားသူတွေအတွက်ရော မသိသေးသူတွေအတွက်ပါ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ Cruella de Vil ဆိုတာ ချစ်စရာခွေးလေးတွေကိုမှ လိုက်ပြီး အန္တရာယ်ပေးတတ် ဒုက္ခပေးတတ်တဲ့ ဗီလိန်မကြီးပါပဲ ဘာသာပြန်သူအနေနဲ့ကလည်း ခွေးချစ်တတ်သူဆိုတော့ Cruella ဟာ ဘာသာပြန်သူရဲ့ အမုန်းဆုံး Disney villain ပါပဲ နာမည်ကိုက Cruel (ရက်စက်ကြမ်းကြုတ်သော) ဆိုတဲ့ စကားလုံးကနေ ဖြစ်တည်နေတာသာ ကြည့်ပါတော့ ဒီ 102 Dalmatians ကားလေးကတော့ 101 Dalmatians ရဲ့ sequel အဖြစ် 2000 ခုနှစ်မှာ ထပ်မံထွက်ရှိလာတဲ့ကားလေးပါ 101 Dalmatians မှာ ခွေးလေးတွေကို ဒုက္ခပေးမိလို့ Cruella တစ်ယောက် ထောင်ကျသွားအပြီး နောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ ထူးဆန်းတာက 102 Dalmatians ...
movie

102 Dalmatians 2000

Quills (2000) 7.3
Quills (2000) မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Quills ( က​လောင်​တံများ)IMDB - 7.3 ခရမ်​းချဉ်​သီး - ၇၅ လုံးဒီပုံပြင်​မှာ ဘယ်​သူက မတရားတာလဲ။* တစ်​စက်​မှ အဓိပ္ပါယ်​မရှိတဲ့ ဘဝကြီးမှာ သူခံစားရသလို ​ရေးချပြီး သူ​သေပြီးတဲ့​နောက်​ တစ်​စုံတစ်​ရာ ချန်​ခဲ့ချင်​တဲ့ စာ​ရေးဆရာ အရူးတစ်​​ယောက်​....။* ​မေတ္တာတရား ခွင်​့လွှတ်​ခြင်​းကို အ​လေးထားတဲ့ ခရစ်​ယာန်​ ဘုန်​း​တော်​ကြီး တစ်​​ယောက်​....။* အရူး​တွေကို သူ့နည်​းသူ့ဟန်​နဲ့ နှိပ်​စက်​ပြီး ကုသတတ်​တဲ့ ​ဒေါက်​တာ တစ်​​ယောက်​..။ကျွန်​​တော်တို​့ ကြားဖူးတဲ့ စကားလိုပါပဲ လှံသွား ဓားသွား မြှားသွားထက်​ က​လောင်​သွားထက်​တယ်​တဲ့..။ လိင်​မှု ကိစ္စ​တွေကို အပွင့်​လင်​းဆုံး ​ရေးထားပြီး ဂုဏ်​သိက္ခာ​တွေ စည်​း​တွေ မပါပဲ လူ့​လောကကြီးကို အရိုးသားဆုံး အမြင်​နဲ့ ​ရေးသားခဲ့တဲ့ စာ​ရေးဆရာတစ်​​ယောက်​ရဲ့ ​ရေးသားမှု​တွေဟာ တစ်​ချို့လူ​တွေရဲ့ ဆုံးဖြတ်​ချက်​​တွေကို သက်​​ရောက်​​စေခဲ့ပါတယ်​။ဒါ့အပြင်​ အဲ့​ခေတ်​အဲ့ဒီအခါအ​နေနဲ့ ညစ်​ညမ်​းလွန်​း​နေပြန်​ပါတယ်​။ ဒီ​တော့ ...
movie

Quills (2000)

2000
Chocolat(2000) 7.3
Chocolat(2000) Chocolat(2000) IMDb...7.3,,,Rotten.....62% ချောကလက်ဆိုတဲ့ဇာတ်ကားဟာ လူသားဆန်မှု၏ တန်ဖိုးတစ်ခုကို ပါးပါးလေးပြောပြထားသည့် ချစ်စဖွယ် ကဗျာတစ်ပုဒ်လို့ စာရေးဆရာမ ဂျူးက ဆိုထားလေတယ်... ပြင်သစ်နိုင်ငံရဲ့မြို့တစ်မြို့... သူတို့မြို့လေးက စည်းကမ်းပေါင်းများစွာ အယူပေါင်းများစွာရှိတယ်.. သူတို့တွေကိုကြည့်ရတာ စက်ရုပ်ဆန်နေသလိုပဲ...ပြည်သူပြည်သားအပေါင်းဟာ လည်း ဒီလိုကျင့်ဝတ်စည်းကမ်းတွေကို အသားကျနေတဲ့ပုံစံပါပဲ... မြို့တော်ဝန်ဟာ စည်းကမ်းတွေလိုက်နာပြီး အနေအထိုင်တည်တံသူဖြစ်လို့ အားလုံးအပေါ်ကို သြဇာသက်ညောင်းတယ်...ဒီလိုမြို့လေးကို သားအမိ (၂)ယောက်ရောက်လာတယ်.မြို့ကိုရောက်ပြီးအမေလုပ်သူဟာ ချောကလက်ဆိုင်ဖွင့်တယ်. ..သူမ ဟာ လွပ်လပ်စွာနေတယ်...သူ့ရဲ့ကိုယ်ပိုင်ဟန် အတိုင်းနေတယ်...သို့ပေမယ့်လည်း မြို့ခံလူတွေနဲ့ မြို့တော်ဝန်အတွက် တော့ သူမဟာ အရိုင်းဆန်နေသလိုဖြစ်နေတယ်.... ဒီလိုမြို့ရဲ့မြစ်ကမ်းကိုမှ ဂျစ်ပစီမော်တော်များဆိုက်ကပ်လာတယ်... မြစ်ကြောင်းအတိုင်း မော်တော်နဲ့ ကမ္ဘာပတ်ပြီးခရီးသွားနေထိုင်ကြတဲ့သူတွေပေါ့။.. ဒီမော်တော်မှာပါတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်ဟာ လည်း လွပ်လပ်ပွင့်လင်းစွာနေတဲ့သူပေါ့...ကိုင်း ပရိတ်သတ်ကြီးရေ ဒီမြို့လေးမှာ ဘာတွေဆက်ဖြစ်မလဲဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... ဒီကားထဲက အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Johnny Depp နှင့် Juliette Binoche တို့ ၂ယောက်ကို သိကြမယ်ထင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်Tinnilar Lwin ဖြစ်ပါတယ်.. File Size : (900 MB) and (364MB) Quality : Blu-Ray 720p Format…mp4 Duration…02:01:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Chocolat(2000)

2000