Channel Myanmar

Roman Coustère Hachez

Love According to Dalva (2022) 7.5
Love According to Dalva (2022) IMDb - 7.5/10 Rotten Tomatoes - 95%ဒီရုပ်ရှင်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာနဲ့ အဲ့ဒီကနေဆက်ဖြစ်လာတဲ့ ကြေကွဲစရာ အကျိုးဆက်တွေအကြောင်းပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာ Emmanulle Nicotက ဒီလိုထိတ်လန့်စရာကောင်းတဲ့အကြောင်းအရာကို ဆွေးမြေ့စရာကောင်းအောင် ရိုးသားသိမ်မွေ့စွာ ရိုက်ကူးပြခဲ့ပါတယ်။Dalvaက ၁၂နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး သူမအဖေနဲ့ အတူနှစ်ယောက်ထဲနေပါတယ်။ ကလေးဆိုပေမယ့် အရွယ်ရောက်ပြီးသားမိန်းမတစ်ယောက်တစ်ယောက်လို ဝတ်စားပြင်ဆင်ခြယ်သပြီး အနေအထိုင်ကလည်း လူကြီးတစ်ယောက်လိုပါပဲ။တစ်နေ့မှာ ရဲတွေက သူတို့အိမ်ထဲအတင်းဝင်လာပြီး သူ့ကို လူငယ်တွေကိုစောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကိုပို့ခဲ့ပါတယ်။အဲ့ဒီမှာ သူမရဲ့အခန်းဖော်အသစ် Samiaနဲ့ ဝန်ထမ်းဖြစ်တဲ့ Jaydenတို့နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်လာပါတယ်။သူတဖြည်းဖြည်းနားလည်လာတာက သူ့အဖေနဲ့ဝေမျှခဲ့တဲ့အချစ်တွေက သူထင်ခဲ့သလိုမျိုးမဟုတ်ဘူးဆိုတာပါပဲ။သူ့မိတ်ဆွေတွေရဲ့ အကူအညီနဲ့ Dalvaက သူ့childhoodကိုပြန်ယူနိုင်ခဲ့ပါတယ်။ဒီရုပ်ရှင်က စိတ်ကူးယဥ်ဖန်တီးချက်ဆိုပေမယ့် ဒီလိုအဖြစ်အပျက်မျိုးတွေရဲ့ real-life victimsတွေအပြင်မှာ အများကြီး ရှိပါတယ်။ ကြည့်ရတာ တစ်ချက်တစ်ချက် မသက်မသာဖြစ်ရပါတယ်။ ကလေးတစ်ယောက်နဲ့မလိုက်အောင် မှန်သလား မှားနေသလားတောင်မစဥ်းစားနိုင်အောင် အဖေဖြစ်သူဆီက brain-washedခံထားရတဲ့ Dalvaရဲ့ လုပ်ရပ်တွေကတစ်ခါတလေလန့်စရာလည်းကောင်းနေပါတယ်။ ...
movie

Love According to Dalva (2022)