Channel Myanmar

Rolando Ravello

The Consequences of Love (2004)
The Consequences of Love (2004)  IMDb Rating(7.5/10) The Consequences of Love ကိုတော့ ဇာတ်ကောင်တခုအပေါ်မှာအခြေပြုပြီးဇာတ်လမ်းတွေကိုဖန်တီးတဲ့နေရာမှာနာမည်ကြီးတဲ့ ဒါရိုက်တာ Paolo Sorrentino ကရိုက်ကူးထားတာပါ၊ ဆွတ်ဇာလန်နိုင်ငံက ဟိုတယ်တခုမှာဇာတ်အိမ်ကိုအခြေတည်ထားပြီး သတ်လက်ပိုင်းအရွယ် အထီးကျန်ဆန်နေတဲ့ Titta Di Girolamo အကြောင်းကိုရိုက်ကူးထားတာပါ၊Titta ဟာ မာဖီးယား‌ေတွနဲ့ ငွေရေးကြေးရေးပြဿနာတွေကြောင့် ဟိုတယ်မှာအကျယ်ချုပ်သဘောမျိုးအနေနဲ့နေနေရတာပါ၊မိန်းမနဲ့ကွဲနေတာကြာပြီး သာသမီးတွေ‌ရှိပေမယ့် အထီးကျန်နေရတဲ့လူတယောက်ဖြစ်ပါတယ်၊ဒီလိုနဲ့ဟိုတယ်ဘားကောင်တာက Sofia တယောက်နဲ့ရင်းနှီးစပြုလာပါတော့တယ်၊ဒီရင်းနှီးမှုက Titta တယောက်ရဲ့အထီးကျန်ဆန်မှုတွေကိုကုစားသွားနိုင်မလား သူတို့နှစ်ယောက်ကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစောင့်ကြည့်သွားရမှာပါ၊ဇာတ်ကားကခပ်အေးအေးလေးနဲ့ တွေးတောနေတာတွေများတာမို့ ပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် ဒရမ်မာ၊အချစ်၊သည်းထိပ်ရင်ဖို ရသသုံးမျိုးလုံးကိုဖော်ကျုးထားတာကြောင့် ကြည့်ရူသင့်တယ့်ဇာတ်ကားလေးတကားပါ File size…(1.6 GB)/(866 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama,  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw 
movie

The Consequences of Love (2004)

Diaz – Don’t Clean Up This Blood (2012) 7.3
Diaz – Don’t Clean Up This Blood (2012)  IMDb Rating 7.3 အထိရရှိထားတဲ့ Diaz - Don't Clean UpThis Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ်ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက်သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစားနေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိအကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့်ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲအကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကိုတစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Diaz – Don’t Clean Up This Blood (2012)