Channel Myanmar

Rolando Boyce

Lights Out (2016) 6.3
Lights Out (2016)    ၂၀၁၆ မှာ နာမည်ကြီးနေတဲ့ Lights Out ကို တင်ပေးထားပါတယ်။ IMDb 6.3 ရထားတဲ့ သရဲကားပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ကြာချိန်က ၈၀ မိနစ်ကျော်လေးပါပဲ။ ဒါပေမယ့် Horror ကြိုက်သူတွေအတွက် ကျေနပ်မှုပေးပါလိမ့်မယ်။ အသံ၊ ညမြင်ကွင်း၊ ရိုက်ကွက်တွေက အတော်ကို ကောင်းမွန်ပါတယ်။ Conjuring အပြီးနောက်ပိုင်း ဘာနဲ့ထပ်ကြောက်ရမလဲ ရှာနေတဲ့သူတွေ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖအေတူ မအေကွဲ မောင်နှမ နှစ်ယောက်မှာ စိတ်ကျရောဂါခံစားနေရတဲ့ မိခင်ရှိနေပါတယ်။ သူဟာ အမြဲလိုလို ဘာမှန်းမသိတဲ့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေတတ်တာပါပဲ။ အဲဒီတစ်စုံတစ်ယောက်ကို စုံစမ်းဖော်ထုတ်ဖို့ သူ့ဆီကနေဖယ်ရှားဖို့ ကြိုးစားသူတိုင်းအတွက် အန္တရာယ်အကြီးအကျယ် ကျရောက်လာတဲ့အခါ....... Horror ကြိုက်တတ်တယ်၊ မကြောက်တတ်ဘူး သို့မဟုတ် ကြောက်ချင်တယ်ဆို ညဖက်မှာ တစ်ကိုယ်တည်း မီးလေးပိတ်ပြီးကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(1.3 GB)/(600 Mb) Quality….Blu-Ray 1080p / ...
movie

Lights Out (2016)

A Dog’s Way Home (2019) 6.7
A Dog’s Way Home (2019) လူးကပ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ခွေးဘီလူးပေါက်စလေးဖြစ်တဲ့ဘဲလာကို အမှတ်မထင် ကြုံကြိုက်ရင်း မွေးမြူဖို့ဖြစ်လာပါတယ်သူတို့နေထိုင်နေတဲ့ဒန်ဗာမြို့မှာတော့ ခွေးဘီလူးတွေကပိတ်ပင်ထားတဲ့ခွေးအမျိုးအစားထဲမှာပါပါတယ်တိရစ္ဆာန်ထိန်းသိမ်းရေးကသိလာတဲ့အခါမှတော့ သူတို့ဆက်မွေးမြူဖို့မဖြစ်နိုင်တဲ့အတွက်အိမ်ပြောင်းဖို့ထိ စီစဉ်လာခဲ့ကြပါတော့တယ်ဒါပေမယ့်လည်းတစ်နေ့မှာတော့ ခွေးမလေး ဘဲလာဟာ မထင်မှတ်ပဲထွက်ပြေးပျောက်ဆုံးသွားပါတော့တယ်သူ့သခင်ရဲ့အိမ်ပြန် ဆိုတဲ့စကားလေး တစ်ခွန်းနဲ့ သူဟာအိမ်ကိုမရ အရ ပြန်ဖို့ကြိုးစားခဲ့ပေမယ့် လွယ်လွယ်ကူကူတော့မဖြစ်ခဲ့ပါဘူးသူ့သခင်ကိုချစ်စိတ်နဲ့ အတားအဆီးများစွာကိုကျော်ဖြတ်တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ကားလေးပါတကယ်ကို တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော်ခဲ့တာပဲဖြစ်ပါတယ်ခွေးလေးတွေရဲ့မေတ္တာ၊ အချစ်နဲ့ သစ္စာရှိမှုတွေက တကယ်အံ့မခန်းပဲဆိုတာကိုဒီကားမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။“သင့်ဘဝမှာခွေးလေးတွေအများကြီးရှိနိုင်ပေမယ့် ခွေးလေးအတွက်ကတော့ သင်ကကမ္ဘာကြီးပါပဲ” File Size : (959 MB) & ( 262 MB)Quality : HCHDRipRunning Time : 1 hr 36 minFormat : Mp4Genre :Adventure , Drama , FamilySubtitle : Myanmar Subtitle (Hard Sub)Translated by NeveEncoded by May Pyae ...
movie

A Dog’s Way Home (2019)

2019