Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Roger Yuan
5.8
Mulan (2020)
Mulan (2020)IMDb Rating (5.8) / Rotten Tomatoes (72%)ဒီမူလန်ကားကတော့ တရုတ်ကားဆိုပေမယ့် English စကားပြော Disney ရဲ့ရုပ်ရှင်ဖြစ်ပါတယ်။ မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) က အကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်... Mulan ဇာတ်ကောင်ဆိုတာ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလို ခနခန Live Action တွေ ပြန်ရိုက်လဲ ပရိတ်သတ်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇာတ်ကောင်တစ်ခုပါ တရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေ ယောင်္ကျားသားတွေကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့အခါ မကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် က ယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီး စစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်.. CM မှာ တင်ဆက်ထားတဲ့ Mulan ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=mulan ကြည့်ပါ။ File size…(5.7 GB)/(1.9 ...
movie
Mulan (2020)
2020
4K HEVC
5.8
Bulletproof Monk ( 2003 )
အက်ရှင်ကားလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်သဘောကျမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်တွင်းမှာ တိဘတ်တောင်တန်းပေါ်မှာ အနန္တစွမ်းအင်တွေရနိုင်မယ့် ပေလိတ်ကိုစောင့်ရှောက်တဲ့ဘုန်းကြီးတွေနေထိုင်ပြီး အနှစ်၆၀တစ်ခါ စောင့်ရှောက်သူလွှဲပြောင်းပါတယ်နာဇီစစ်ဗိုလ်တစ်ယောက်ဟာအဲ့ဒီစွမ်းအင်ကိုတပ်မက်လွန်းလို့ အနှစ်၆၀တိုင်တိုင် ဇွဲကြီးကြီးနဲ့လိုက်နေပါတယ် နာဇီရဲ့အကြံကတော့သူစွမ်းအားတွေရရင် နိမ့်ကျတယ်လို့သူယူဆရဲ့တဲ့လူမျိုးစုတွေ အပြတ်ရှင်းပြစ်ပြီး သူ့စိတ်တိုင်းကျကမ္ဘာတည်ထောင်မှာဖြစ်ပါတယ် ဒါကိုကာကွယ်ဖို့ ဘုန်ကြီးဟာအနှစ်၆၀ထွက်ပြေးရင် နှစ်၆၀ပြည့်တဲ့အချိန်မှာ ဘယ်သူ့ကိုစောင့်ရှောက်သူအဖြစ်လွှဲအပ်မလဲ နာဇီစစ်ဗိုလ်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ပေါ့ပေါ့ပါးပါး အက်ရှင်ကားကောင်းတစ်ကားအနေနဲ့ကြည့်ရမှာပါပေလိတ်ကိုစောင့်ရှောက်သူဘုန်းကြီးအဖြစ် Chow Yun Fatကပါဝင်သရုပ်ဆောင်ထားပါတယ် Filesize : 1.87 GB / 985 MB Quality : BrRip 1080p , 720p Format : mkv Genres : Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Bulletproof Monk ( 2003 )
2003
6.1
Showdown in Little Tokyo (1991)
ဒီကားကတော့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ တွဲဘက်ညီတဲ့ ဒေသခံရဲနှစ်ယောက်က မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးကြတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းLos Angeles ဒေသခံရဲတစ်ယောက်ဖြစ်တဲ့ Chris Kenner ဟာ ဂျပန်မှာကြီးတဲ့ အမေရိကန်တစ်ယောက်ဖြစ်ပေ့မယ့် သူ့ဖခင်ကိုတော့ ဂျပန် ရာကူဇာဂိုဏ်းသားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် စိတ်ဒဏ်ရာ ရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့တွဲဘက် Johnny Murata တို့ ၂ယောက်ကို L.A. မြို့ကြီးရဲ့ Little Tokyo လို့ ခေါ်တဲ့ အပိုင်းမှာ တာဝန်ချထားခြင်း ခံရပြီး သံသယရှိသူကို စုံစမ်းထောက်လှမ်းရင်း ဖခင်ဖြစ်သူကို လုပ်ကြံခဲ့တဲ့ မူးယစ်ရာဇာ ရာကူဇာဂိုဏ်းခေါင်းဆောင်နဲ့ ပက်ပင်းတိုးမိတဲ့အခါ လက်စားချေဖို့ ကြိုးစားပုံကို ပုံဖေါ်ရိုက်ကူးထားပါတယ်။ဒီဇာတ်လမ်းမှာ Johnny ရဲ့ အကြံပေးချက်အတိုင်း Kenner ဟာ မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ရဲပီပီ ...
movie
Showdown in Little Tokyo (1991)
8.8
Dune: Part Two (2024)
Dune: Part Two (2024) ထွက်ရှိလာပါပြီ...အညွှန်းကိုတော့ part 1က ဟာကိုပဲစပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်... သာမန် Sci- ficတွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့Duneစာအုပ်တွဲတွေကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်လမ်း၊ Timotheé Chalamet, Zendaya, Oscar Issac,တို့အပါအဝင် ကောင်းပေ့ဆိုတဲ့ Castတွေ၊ Legendarysoundtrack တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ပြောင်မြောက်လွန်းတဲ့ VFXနဲ့ CGIတွေရဲ့ ပေါင်းစပ်မှုအပြီးမှာDUNE 2021ဇာတ်ကားဟာ ပရိတ်သတ်တွေ အမျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။အနာဂတ်နှစ်ပေါင်း၂၀၀၀၀ကျော်မှာ အခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကိုအုပ်ချုပ်နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်အောက်မှာတော့ Housesတွေက နယ်မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓီကအကြောင်းရင်းကတော့ HouseHarkonnenတွေ နှစ်ပေါင်း၈၀ကြာအောင် အုပ်ချုပ်လာတဲ့Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreidesတွေကို ပြောင်းလဲအုပ်ချုပ်စေခြင်းကစပါတယ်။ဒါပေမဲ့ Harkonnenတွေဟာ Arrakis ဂြိုလ်ပေါ်ကရတဲ့Spiceဆိုတဲ့အရာကြောင့် ...
movie
Dune: Part Two (2024)
4K HEVC
8.4
Dune (2021)
Dune (2021)==========IMDb Rating - 8.4/10စောင့်မျှော်နေသူ အတော်များများရှိနေမယ့် DUNE ရုပ်ရှင်ကားကြီးထွက်လာပြီမို့ CMပရိတ်သတ်တွေအတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်၊သာမန် Sci- ficတွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်တွဲတွေကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်လမ်း၊ Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်းပေ့ဆိုတဲ့ Castတွေ၊ Legendarysoundtrack တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ပြောင်မြောက်လွန်းတဲ့ VFXနဲ့ CGIတွေရဲ့ ပေါင်းစပ်မှုအပြီးမှာ DUNE2021ဇာတ်ကားဟာ ပရိတ်သတ်တွေ အမျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။အနာဂတ်နှစ်ပေါင်း၂၀၀၀၀ကျော်မှာ အခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်နေတဲ့Emperorဆိုတာရှိပြီး သူတို့ရဲ့လက်အောက်မှာတော့ Housesတွေက နယ်မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓီကအကြောင်းရင်းကတော့ House Harkonnenတွေ နှစ်ပေါင်း၈၀ကြာအောင် အုပ်ချုပ်လာတဲ့ Planet Duneတဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House ...
movie
Dune (2021)
2021
4K HEVC
6.6
Shanghai Noon (2000)
(function(f,b,n,j,x,e){})(); ၁၉ရာစုနှောင်းပိုင်းတုန်းက ချောင်ဝမ် ( Jackie Chan ) ဟာ အင်မတန်ကို့ရို့ကားယားနိုင်ပြီး တရုတ်နိုင်ငံရဲ့ ဘုရင့်သက်တော်စောင့်တစ်ယောက်ဖြစ်ပါတယ်… ဘုရင်ကြီးမှာ သမီးတော်တစ်ပါးရှိပြီး မင်းသမီးလေး ဖေးဖေး ( Lucy Liu) လို့ အမည်တွင်ပါတယ်…တနေ့မှာ တရုတ်ပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက မင်းသမီးလေးကို တစ်ဖက်လှည့်နဲ့ အမေရိကကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်…ဒီအခါမှာ ချောင်ဝမ်တို့တွေဟာ မင်းသမီးလေးကို ကယ်တင်ဖို့အတွက် တာဝန်ပေးခြင်းခံလိုက်ရပြီး အနောက်ဘက်ကိုထွက်လာခဲ့ကြပါတော့တယ်…အဲ့ဒီအချိန်မှာ မလိမ့်တပတ် လူလိမ်လုပ်စားနေတဲ့ သူခိုးတစ်ယောက်လည်းဖြစ်တဲ့ ရွိုင်းအိုဘန်နွန်နဲ့ တွေ့တဲ့ အခါမှာတော့….ချောင်ဝမ်တစ်ယောက် မင်းသမီးလေးကို ပြန်ပြီး ကယ်တင်နိုင်မှာလား ??? ဘယ်လိုပြန်ကယ်တင်မလဲ ??? ချောင်နဲ့ ရွိုင်းအိုဘန်နွန်နဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ ??? ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုခံစားပေးကြပါလို့…မင်းသားကြီးဂျက်ကီချန်းနဲ့ ဟာသသရုပ်ဆောင် အိုဝင် ဝီလ်ဆင် တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြပြီး ဟာသအက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်…IMDb rating 6.6/10 ရရှိထားပြီး ဂျက်ကီချန်းပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ကားကောင်းတစ်ကားဖြစ်ပါကြောင်း… ကြည့်ရှုအားပေးကြပါဦး File ...
movie
Shanghai Noon (2000)
2000
Black Dynamite (2009)
IMDb 7.4/10, Rt 83 % ရရှိထားတဲ့ Action/Comedy ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားကိုတော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ပြီး ဒါရိုက်တာ Scott Sanders က ရိုက်ကူးထားတာပါ။ Michael Jai White (Never Back Down) က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဝေဖန်သူတွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေနဲ့ ချီးကျူးမှုတွေကို ရရှိထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပြန်ကြီးတစ်ဖြစ်လည်း စီအိုင်အေ အေးဂျင့်ဟောင်းကြီးဖြစ်တဲ့ ဘလက်ဒိုင်းနမိုက်ရဲ့ညီ ဂျင်မီအသတ်ခံရမှုမှာ အစပြုထားတာပါ။ သူ့ရဲ့တစ်ဦးတည်းသော ညီလေးက အသတ်ခံလိုက်ရတာကြောင့် ဘလက်ဒိုင်းနမိုက်တစ်ယောက် အကုန်လုံးကိုမြေလှန်ပြီး စုံစမ်းလိုက်ရာကနေ မထင်မှတ်ထားတဲ့ စစ်ဆင်ရေးကြီးတစ်ခုထဲ ထဲထဲဝင်ဝင် ပတ်သက်မိသွားပါတော့တယ်။သူ့ညီကို သတ်တဲ့လူဘယ်သူလဲသိအောင် လိုက်စုံစမ်းရင်း သိလိုက်ရတဲ့ စစ်ဆင်ရေးကြီးက ဘယ်လောက်ကြီးကျယ်လဲ.. သူ့ညီက ဘ အကြောင်းကြောင့် ဘယ်သူသတ်လို့များ သေသွားရတာလဲ.. အစားမတော် ...
movie
Black Dynamite (2009)
6.9
Syriana (2005)
ဒီဇာတ်ကားကတော့ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အာရေးဗျနိုင်ငံနှင့် အီရတ်နိုင်ငံတို့ရဲ့ သဘာဝသယံဇာတဖြစ်တဲ့ ရေနံထွက်ရှိတဲ့နယ်မြေတွေကို လက်ဝါးကြီးအုပ် ပိုင်ဆိုင်ချုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံချင်းအားပြိုင်ရုံတင်မကဘဲ နောက်ကွယ်မှာ အမေရိကန်တို့လို အင်အားကြီးနိုင်ငံတွေပါ ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတာကိုပါ ရိုက်ပြထားတာပါဒီဇာတ်လမ်းမှာ ပါဝင်တဲ့ဇာတ်ကောင်တွေဖြစ်တဲ့ အာရပ်တော်ဝင်စော်ဘွားတွေ၊ ရေနံတူးဖော်ရေးကုမ္ပဏီနှစ်ခု ပေါင်းစည်းနိုင်ဖို့ကြိုးပမ်းနေတဲ့ ရှေ့နေဖြစ်သူ ဘင်းနက်ဟောလီးဒေး၊ ဆွစ်ဇာလန်အခြေစိုက်စွမ်းအင်ကုမ္မဏီရဲ့ လေ့လာဆန်းစစ်ရေးပညာရှင် ဘရိုင်ယန်ဝုဒ်မန်းတို့ဟာ နောက်ကွယ်မှာပါဝင်ကြိုးကိုင်နေတဲ့ စီအိုင်အေ၊ အကျိုးအမြတ်ပဲကြည့်တဲ့ ရေနံကုမ္မဏီကြီးတွေအစရှိတဲ့ အင်းအားကြီးအစုအဖွဲ့ကြားမှာ ဘယ်လိုမြေစာပင်ဖြစ်သွားကြလဲ ဘယ်လိုနယ်ရုပ်ကလေးတွေလိုရွှေ့ခံရလဲဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုက ဘယ်လောက် အင်အားကြီးလဲ၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံရဲ့သယံဇာတတွေကို ဘယ်လောက်နှိုက်ထုတ်ရလွယ်လဲဆိုတာကို ဗဟုသုတရဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပြီး သမိုင်းကြောင်း၊ နိုင်ငံရေးရာစိတ်ဝင်စားတဲ့သူတွေဆို အကြိုက်တွေ့မှာအသေအချာပါပဲ။ IMDb Rating 6.9/10 ရရှိထားပြီး Tomatoes Metre မှာ Rating 73% ရရှိထားတဲ့ အတွက် တော်တော်လေးကြည့်ပျော်မဲ့ကားလေးလို့ဆိုရပါမယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre...Drama, Thriller Subtitle….Myanmar Subtitle ...
movie
Syriana (2005)
6.6
Lethal Weapon 4(1998)
Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။File ...
movie
Lethal Weapon 4(1998)
8.2
Batman Begins (2005)
Batman Begins (2005)=================IMDb Rating 8.2/10 ရထားပြီး voting အရေအတွက်ဟာ 1,257,970 ထိရှိနေခဲ့ပါတယ်။June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇတ်ကောင်ကို အခြေခံထားတဲ့ super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။The Dark Knight Trilogy ရဲ့ပထမဆုံးကားဖြစ်ပါတယ်။ဇတ်လမ်းအကျည်းကတော့ Bat Man ဖြစ်လာမယ့် ...
movie
Batman Begins (2005)
2005
4K HEVCHDR
6.0
Accident Man (2018)
Accident Man ဆိုတာလူတစ်ယောက်ပေါ့။ဘယ်လိုလူတစ်ယောက်လဲဆိုတော့ အခကြေးငွေယူပြီး လူသတ်ပေးရတဲ့ အလုပ်ကိုလုပ်ရတဲ့လူ။လူသတ်ကုန်သည်လို့လည်းခေါ်ကြတယ်။သူတို့လောကမှာ အဲ့ဒီဈေးကွက်က တော်တော်ဖြစ်ထွန်းနေသလို ကိုယ့်အလုပ်ကိုကိုယ် ဂရုစိုက်ကြရတယ်။အလုပ်အပ်တဲ့လူကပွဲစားကတစ်ဆင့် သတ်ရမယ့်လူရဲ့အချက်အလက်နဲ့ငွေကိုပေးတယ်။ပွဲစားကနေပြီးတော့မှ သတ်ရမယ့်ပုံစံကိုလိုက်ပြီး လုတ်ကြံသတ်ဖြတ်သူတွေကို တာဝန်တွေပြန်ခွဲပေးတယ်။သတ်ရမယ့်ပုံစံဆိုတာ အဆိပ်ခတ်သတ်ရမလား၊လမ်းဘေးလူသတ်မှုပုံစံလား၊မီးရှို့သတ်မလား၊မတော်တဆပုံစံလားစသဖြင့်ပေါ့။Accident Man ဆိုတာက မတော်တဆပုံစံသတ်ရတဲ့အခါ တာဝန်ယူပေးရတဲ့လူ။ဇာတ်လမ်းကတော့ ပြောမပြတော့ဘူး။အထိုးအကြိတ်အသတ်အပုတ်ကားကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ပဲပေါ့။မင်းသားကလည်း ဘွိုင်ကာလက်ဝှေ့ကားထဲက နာမည်ကျော်ဆိုတော့ ကိုယ်တိုင်သာကြည့်ကြည့်လိုက်ပါတော့။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ဆရာဇွဲခန့်သွင်ပါ) File Size : (850 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-NODLABS Translated by Zuel Khant Thwin Encoded by Thanhtike Zaw
movie
Accident Man (2018)
2018
7.0
Venom (2018)
DatShin Review: Venom (2018) … PlotEddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိတစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးကသူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာသူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။မင်းသား Tom ...
movie
Venom (2018)
2018
4K HEVC
6.3
Red Corner (1997)
အရင်ဦးဆုံး ပြောချင်တာကတော့ ဒီကားကို တောင်းဆိုတဲ့ အထူးပုဂ္ဂိုလ်တစ်ဦးကိုရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။သူ့ကြောင့်သာမဟုတ်ရင်ဒီလိုကားကောင်းတစ်ကားကို ဘယ်တော့မှကြည့်ဖြစ်လိုက်မှာမဟုတ်ပါဘူး။ဒီကားကို စသိကာစက သာမန် တရုတ်-အမေရိကန်ရုပ်ရှင်ကားတစ်ကားလို့ထင်ခဲ့ပေမယ့် တကယ်ဘာသာပြန်တဲ့အခါမှ အင်အားကြီးနှစ်နိုင်ငံရဲဲ့ နိုင်ငံရေးအနေအထားတွေကို ကွက်ကွက်ကွင်းကွင်းသိလာရတာပါ။ဇာတ်လမ်းကတော့ အမေရိကန်က ရုပ်သံလိုင်းကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ ဂျက်ခ်ပီတာမိုးဟာတရုတ်အစိုးရနဲ့ သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးဖို့ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ဂျက်ခ်ရဲ့စကားပြောလိမ္မာပါးနပ်မှုကြောင့် တရုတ်ဆင်ဆာအဖွဲ့နဲ့ပါ အဆင်ပြေနေပြီး ပြိုင်ဖက်ကုမ္ပဏီအပေါ်ပါ အသာစီးရနိုင်ဆဲအခြေအနေဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ဆွေးနွေးပွဲပြီးလို့ညပိုင်းမှာတော့ ဂျက်ခ်တစ်ယောက် ဘားတစ်ခုမှာ တရုတ်အမျိုးသမီးချောတစ်ယောက်နဲ့ညှိစွန်းမိပြီးနောက်တစ်နေ့မနက်အရောက်မှာတော့ အာဏာပိုင်တွေက သူ့ရဲ့ဟိုတယ်ခန်းထဲရောက်နေသလိုအမျိုးသမီးကလဲ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။သက်သေမရှိ၊ အပေါင်းအပါမရှိ၊ ရှေ့နေလိုက်ပေးမယ့်သူဆိုလို့လဲ ခပ်စွာစွာတရုတ်အမျိုးသမီးတစ်ယောက်ပဲ ရှိတဲ့အခြေအနေမှာ ဂျက်ခ်တစ်ယောက်တရုတ်ကွန်မြူနစ်အာဏာပိုင်တွေရဲ့ တရားခွင်ကို ဘယ်လိုဖြတ်ကျော်မှာလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ တရုတ်နိုင်ငံသမိုင်းမှာ နာမည်အရမ်းကျော်ကြားခဲ့တဲ့ Cultural Revolution (ယဉ်ကျေးမှုတော်လှန်ရေး) ကာလနှောင်းပိုင်းမျိုးဆက်တွေရဲ့ ရက်စက်မှုတွေ၊ အဲ့ဒီတော်လှန်ရေးရဲဲ့ အကျိုးဆက်တွေကို ထင်ထင်ရှားရှားဖော်ပြသွားခဲ့ပြီး အဲ့ခေတ် အဲ့အချိန်တုန်းက တံခါးပိတ်ဝါဒကျင့်သုံးနေတဲ့ တရုတ်နိုင်ငံအကြောင်းကို အနည်းနဲ့အများတော့ သိလာမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီတော်လှန်ရေးကြီးကြောင့် ဘယ်ကိစ္စမဆို မှားမှားမှန်မှန် ရေငုံနှုတ်ပိတ်နေခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ တကယ့်ခံစားချက်တွေကိုပါ ...
movie
Red Corner (1997)
1997
4.0
Chandni Chowk to China (2009)
Chandni Chowk to China (2009)_____IMDb - 4.0/10 မင်းသား Akshay Kumar နဲ့ မင်းသမီးချော Deepika Padukone တို့ပါဝင်ထားတဲ့ Action, Adventure, Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားကိုတော့ Ko Myo Kyaw Kyaw မှကိုယ်တိုင်ဘာသာပြန် Encode လုပ်ပေးထားတာပါ။) ကြည့်ရှုအားပေးကြပါဦး။ File size...(1.17 GB) Quality...HDrip Format...mp4 Duration....02:34:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Myo Kyaw Kyaw နမူနာကြည့်ရန်
movie
Chandni Chowk to China (2009)
2009