Channel Myanmar

Roger Haskett

Carrot Cake Murder: A Hannah Swensen Mystery (2023) 6.2
Carrot Cake Murder: A Hannah Swensen Mystery (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်...စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်...ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်....ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ....မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်....ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာ‌တော့ စတိုင်နာအဆောက်အဦးရှိပါတယ်...စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်....နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်...ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်....ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်.... ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Carrot Cake Murder: A Hannah Swensen Mystery (2023)

Paycheck (2003) 6.3
Paycheck (2003)  Paycheck ( 2003 ) ပရိသတ်တို့ရဲ့ အချစ်တော်မင်းသားကြီး Ben Affleck ရဲ့ 2003 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ Action ဇာတ်ကားကောင်းဖြစ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေကို သူများထက်သာလွန်ပြီး လျင်မြန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးတည်ဆောက်နိုင်တဲ့ အင်ဂျင်နီယာလေး မိုက်ခ်ဟာ သူ့ရဲ့ဦးနှောက်ကို ပိုက်ဆံတွေနဲ့ အလဲအလှယ်လုပ်လေ့ရှိပါတယ်။တစ်နေ့တော့ သူ့သူငယ်ချင်း ဂျင်မီရဲ့ ငွေမက်လုံးပေးမှုကြောင့် သူ့ရဲ့သုံးနှစ်တာကို ထုံးစံအတိုင်း အရောင်းအဝယ်လုပ်ဖို့ ကြိုးစားရာကနေ သူ့ဘဝအလှည့်အပြောင်းကြုံလာခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တာက ဘယ်လိုမျိုးနည်းပညာဖြစ်ပြီး ဘယ်လိုမျိုး ကိုယ့်ရှူးကိုယ်ပတ်ပြီး ကြားထဲမှာ လမ်းကြုံ ချစ်ရသူဒေါက်တာမလေးနဲ့ ဒရမ်မာခင်းတာတွေလည်း ပါဝင်ပါတယ်။ကြည့်ရတန်တဲ့ဇာတ်လမ်းဖြစ်တာမို့ စဥ်းစားမနေဘဲ Playlist ထဲထည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။ File size…(2.64GB/(1.35GB)/(677MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:59:00 Genre...Action / Mystery / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Paycheck (2003)