Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Roger Guenveur Smith
6.5
Tales from the Hood (1995)
ဒီကားလေးကတော့ 1995 ခုနှစ်ကထွက်ထားတဲ့ Horror , anthology ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အသုဘအိမ်တစ်ခုမှာ အဖိုးကြီးတစ်ယောက်ကလူသေတွေရဲ့ ဇာတ်လမ်းတိုလေးတွေကို ပုံပြင်ပုံစံပြောပြတာကို ရိုက်ပြထားတာပါ။ ဒီကားထဲမှာ သွေးသံတရဲရဲ ရိုင်းစိုင်းတဲ့စကားလုံးတွေပါဝင်တာကိုတော့မကြည့်ခင်သတိထားစေချင်ပါတယ်။ File size…(1.7 GB)/(900 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre... Crime, Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
Tales from the Hood (1995)
Summer of Sam (1999)
ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့... File size…(3 GB)/(1.7 ...
movie
Summer of Sam (1999)
8.0
Do the Right Thing (1989)
IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာတွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie
Do the Right Thing (1989)
Fighting (2009)
2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ underground street fighting ကို အခြေခံထားတဲ့ ကားကောင်းတစ်ကားပါ။မင်းသား Channing Tatum နဲ့ Terrence Howard တို့ ဦးဆောင် ပါဝင်ထားပါတယ်။ New York လမ်းဘေးမှာ ပစ္စည်းအတုတွေ ခင်းရောင်းပြီး အသက်မွေးနေတဲ့ ကောင်လေး Shawn က တစ်ရက်မှာ အမှတ်မထင် Harvey ဆိုသူနဲ့ ဆုံခဲ့ရပါတယ်။ Harveyကလည်း လမ်းမပေါ်မှာ တပည့်တွေနဲ့အတူ ရုပ်ရှင်လက်မှတ်တွေ ရှူးဖိနပ်တွေကို လက်သိပ်ထိုးရောင်းတဲ့အလုပ်နဲ့ အသက်မွေးပါတယ်။ Shawn ဆီမှာ fighter တစ်ယောက် ဖြစ်နိုင်လောက်တဲ့ အရည်အချင်းကို တွေ့သွားတဲ့ Harveyက Shawnကို underground fighting လောကထဲ ဝင်ရောက်ဖို့ ဆွဲခေါ်သွားပါတော့တယ်။နှစ်ဦးကြား သံယောဇဥ်တိုးလာတာနဲ့အတူ အချစ်ရေး အချစ်ရာတွေ အတိတ်က မနာလိုမှုတွေ ရောပြွန်းလာပါတယ်။ Street fightတွေ ...
movie
Fighting (2009)
6.3
Shade (2003)
Genre – Crime, Thriller IMDB – 6.3/10သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာမျိုး ကတုံးပေါ် ထိပ်ကွက်တာမျိုးတစ်ပတ်ရိုက်တာမျိုးတွေ သဘောကျသပါ့ဆိုရင်တော့ ဒီ ပိုကာဖဲကားလေးလာပြီဗျို့။ Ocean Trilogy တို့ 21 တို့ Rounders တို့လို လောင်းကစားကို အခြေခံပြီးစိတ်ဝင်စားဖွယ်ရာ ဇာတ်ကွက်တွေ မထင်ထားရလောက်အောင် ဖြစ်သွားတဲ့လှည့်ကွက်တွေနဲ့ ဇာတ်ကားမျိုးတွေ ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြတာပေါ့။လူတွေကို အယုံသွင်း အားနည်းချက်ကို အခွင့်ကောင်းကိုယူ လူလိမ်ချင်းတောင်နည်းနည်းလျှော့တွက်မိရင် ခံရတာမျိုးတွေကို အပြင်ကနေကြည့်ရင်း အားကျမိတာမျိုးရှိသလို လက်တွေ့ဘဝအတွက်လည်း သင်ခန်းစာရတာတွေလည်း ရှိခဲ့ကြပါတယ်။ကဲ ကြာပါတယ် ဇာတ်ကားအကြောင်း ပြောကြတာပေါ့။ဇာတ်လမ်းက တိုတိုပြောရရင် ဒါမျိုးကားတွေက အညွန်းရေးရတာ မကောင်းဘူးSpoiler တွေ ပါကုန်မှာစိုးလို့ တကယ်တမ်း ဒီကားဆို နာရီဝက်လောက်ကတည်းကလှည့်ကွက်တွေက စသုံးနေပြီ။ ဒီတော့ ပထမဆုံး ဒီကားအခြေခံထားတာက အယ်အေပိုကာဖဲလောကပေါ့နော် အဲဒီမှာ ဘုရင်တစ်ဆူ ရှိတယ် နံပါတ် ၁ ...
movie
Shade (2003)
7.3
Marshall (2017)
Marshall (2017)~ IMDb - 7.3/10, Rotten Tomatoes - 80% ~အမေရိကန်ရဲ့ အထက်တရားရုံးမှာ လျှောက်လဲခွင့်ရတဲ့ ပထမဆုံးသော အမေရိကန် အာဖရိကန် လူမျိုး သားဂွတ်မာရှယ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိပုံစံ ဒရာမာကားတစ်ကားပါ။ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ Chadwick Boseman ရဲ့ ကားကောင်းတစ်ကားပါပဲ။~ ဇာတ်လမ်းအညွှန်း ~အမေရိကန်မှာ လူဖြူဝါဒကြီးစိုးပြီး လူမည်းတွေဖိနှိပ်ခံရတဲ့အချိန် ဂရင်းဝစ်မြို့မှာ လူဖြူအမျိုးသမီးတစ်ဦး လူမည်းရဲ့ မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲလိုက်တာကြောင့် တနိုင်ငံလုံးကလူမည်းအများစူတွေ အလုပ်ဖြုတ်ခံရတာကို ဖြေရှင်းဖို့ သားဂွတ်တစ်ယောက် လူမည်းဘက်က ထုပဖို့ သူငယ်ချင်းဆမ်နဲ့အတူ ကြိုးစားခဲ့ပါတယ်။သူကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားထားပေမဲ့ တကယ်တမ်း တရားရုံးက သူငယ်ချင်းဆမ်ကို အမှုစစ်ခိုင်းတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ... ဘယ်လိုကြိုးစားခဲ့ရလဲ... ဆိုတာတွေကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းတစ်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.45GB, 680MB Quality ...
movie
Marshall (2017)
2017
7.2
Dope (2015)
မယ်လ်ကွန်း အက်ဒဲကန်ဘီဆိုတာက လူမည်းဂိတယောက်။ကယ်လီဖိုးနီးယားပြည်နယ်က အင်ဂယ်ဝုဒ်ဆိုတဲ့မြို့လေးမှာနေတယ်။ သူ့ရဲ့ရပ်ကွက်ကတော့The Bottoms လို့သိကြတဲ့လမ်းသရဲလူမည်းဂိုဏ်းတွေ ဒုစရိုက်မှုတွေနဲ့ပြည့်နေတဲ့နေရာလေး။သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေက ဂျစ်ဘ်နဲ့ ဒစ်ဂီ။ သူတို့သုံးယောက်စလုံးက ဂိတွေလည်းဖြစ်သလို ၉၀ခုနှစ်တွေရဲ့ ဟစ်ဟော့ ရွှေခေတ်ကိုလွမ်းဆွတ်တမ်းတနေတဲ့ ဟစ်ဟော့ခေတ်အလွန် လူငယ်လေးတွေ။ တနေ့မှာ ဒွန်းဆိုတဲ့ ရပ်ကွက်ထဲကမူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းသားတယောက်ရဲ့ပါတီကို ကောင်မလေးတယောက် မျက်နှာလုပ်ဖို့သွားရင်း မူးယစ်ဆေးအထုပ်လိုက်ကြီးနဲ့သေနတ်တလက်က မယ်လ်ကွန်းရဲ့လွယ်အိတ်ထဲ ပါလာခဲ့ပါတော့တယ်။ဒီအထုပ်လိုက်ကြီးနဲ့ ဂိုဏ်းတွေကြားထဲကပြေးရင်းလွှားရင်း မယ်လ်ကွန်းတို့တသိုက် ဘာတွေဆက်ဖြစ်သွားမလဲ။ မယ်လ်ကွန်းရဲ့ ဟားဗတ်ကိုတက်ဖို့အစီအစဉ်က ဒီမူးယစ်ဆေးထုပ်ကြီးရောင်းထွက်ဖို့အပေါ်မူတည်လာခဲ့တဲ့အချိန်မှာ သူတို့သူငယ်ချင်းတသိုက် ဘာတွေဆက်လုပ်ကြမလဲ။အဆုံးမှာတော့ မယ်လ်ကွန်းတို့ကလေးတသိုက်ရဲ့စွန့်စားခန်းလေးဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို Dope ဆိုတဲ့ လူငယ်ဟာသဒရာမာဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦး။ဒီကားမှာကတော့ ရင့်သီးတဲ့စကားလုံးတွေ လိင်အသားပေးခန်းတချို့ပါ၀င်တဲ့အတွက်မိသားစုနဲ့ကြည့်ဖို့မသင့်လျော်ပါဘူး။ ဟစ်ဟော့လောကရဲ့အငွေ့အသက်တွေ သီချင်းတွေ ဝေဝေဆာဆာနဲ့ဖြစ်တဲ့အတွက်ကြောင့်ဟစ်ဟော့ ပရိသတ်ကြီးအတွက် ကားကောင်းလေးတကားဖြစ်မှာပါပဲခင်ဗျ။ File size…1.82 GB / 743 MB Quality…Blu Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ..... Adventure , ...
movie
Dope (2015)
5.1
The Son of No One (2011)
ရဲတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာအဘွားနဲ့အတူ ဆေးသမားတွေပေါတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရတဲ့ဂျွန်နသန်ဝွိုက်တစ်ယောက်... တစ်နေ့မှာ ဆေးသမားတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်သတ်လိုက်မိပြီးသူငယ်ချင်း ဗင်နီ၊ဗစ်ကီတို့နဲ့ အလောင်းကို သွားပစ်လိုက်ပါတယ်၊ဖြစ်ချင်တော့ အဲဒီဆေးသမားကိုသတ်လိုက်တာကို သူတို့တိုက်ကလူတစ်ယောက်က သိသွားပြီး နောက်ရက်မှာ ဂျွန်နသန်ကိုငွေညှစ်ပါတယ်... အဲဒီလူကိုလည်း မတော်တဆလှေကားပေါ်ကတွန်းချမိပြီး သတ်လိုက်မိပါတယ်... ဒီလူသတ်မှုနှစ်ခုကို စုံစမ်းရတဲ့သူကတော့ ဂျွန်နသန့်အဖေရဲ့တွဲဖက်တစ်ယောက်ဖြစ်တဲ့ စုံထောက်စတန်းဖို့ပဲဖြစ်ပါတယ်။စတန်းဖို့က လူသတ်မှုကို ဖုံးပေးပြီး အမှုပိတ်လိုက်ပါတယ်...ဒီလိုနဲ့ နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ ဂျွန်နသန်ကလည်းရဲတစ်ယောက်ဖြစ်လာခဲ့ပြီး မိသားစုဘဝလေးနဲ့ အေးချမ်းနေတဲ့အချိန်မှာ အတိတ်ကအရိပ်မည်းကြီးက တစ်ခါပြန်ပေါ်လာပြန်ပါတယ်..အတိတ်ကကိစ္စတွေကို ဂျွန်နသန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ..အတိတ်ကကိစ္စတွေကို တစ်ခါပြန်ဖော်တဲ့သူကရော ဘယ်သူဖြစ်မလဲ..စုံထောက်စတန်းဖို့ကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..ဒါတွေကို 2011တုန်းက ထွက်ရှိခဲ့တဲ့ The son of no oneဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြည့်လိုက်ကြပါဦး.. File size…1.61GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Drama Subtitle….Myanmar ...
movie
The Son of No One (2011)
5.7
Abduction (2011)
နေသန်ဆိုတဲ့အထက်တန်းကျောင်းသားကောင်လေးတစ်ယောက်.ပျော်ပျော်နေတတ်တယ်. သူငယ်ချင်းတွေနဲ့ကဲလိုက်.မိဘတွေဆူတာခံလိုက်နဲ့ ဘဝကိုအေးဆေးဖြတ်သန်းနေတဲ့သူတစ်ယောက်ပါပဲ။ကျောင်းကအိမ်စာလုပ်ခိုင်းတဲ့ပရောဂျက်အတွက် ဝက်ဆိုက်တွေလိုက်ရှားရင်း ပျောက်ဆုံးသူများဝက်ဆိုက်ဘ်မှာ သူနဲ့တူတဲ့ကောင်လေးတစ်ယောက်ပုံကိုတွေ့ရာကနေ သူ့ဘဝကရုတ်တရက်ဆိုသလိုပဲကမောက်ကမတွေဖြစ်ကုန်ပြီး သူ့နောက်ကိုလိုက်နေတဲ့ လူသတ်သမားတွေလက်ကနေ ထွက်ပြေးပုန်းရှောင်ရတဲ့အထိကိုဖြစ်လာရပါတော့တယ်. မင်းသားနေရာမှာတော့ Twilight ကားထဲက ခပ်မိုက်မိုက်နဲ့အထာကျတဲ့Taylor Lautner သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ အားလုံးရဲ့အသည်းကျော် Emily in Paris ထဲကမမlily Collins ပဲဖြစ်ပါတယ်. သူတို့နှစ်ယောက်ကဒီဇာတ်ကားထဲမှာတော်တော်လေးလိုက်တာနော်.Action , Mystery နဲ့Thrillerအမျိုးအစားဖြစ်ပြီး ကြာချိန် ၁နာရီနဲ့ ၄၆မိနစ်ရှိပါတယ် File size…2.08GB / 875MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ..... Action , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie
Abduction (2011)
7.4
Till (2022)
Till (2022)၂၀၂၂ ခုနှစ်မှာအသစ် ထွက်ရှိလာတဲ့ Rotten Tomatoes 98%, IMDb Rating 7.6 အထိ ရရှိထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံပြု ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(Warning:ယခုဇာတ်ကားတွင် လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေ အများအပြားပါဝင်ပါတယ်။)အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်ဟာ လူမျိုးရေးခွဲခြားမှုတွေ၊ လူဖြူ ကြီးစိုးရေး အစွန်းရောက်များပြားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ လူဖြူတွေဟာ လူမည်းတွေကို အလွန်အမင်း ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ လူမည်းတွေဟာ လူဖြူတွေကို မလွန်ဆန်နိုင်သလို ပြုသမျှ နုနေရတဲ့ ဘဝနဲ့နေထိုင်နေခဲ့ရပါတယ်။ လူမည်းတစ်ယောက် အသတ်ခံရရင်တောင် ဘယ်သူကမှ အဖက်လည်းမလုပ်ကြသလို ရဲတွေကပါ လျစ်လျှူရှု့ကြပါတယ်။ လူမည်းတွေအနေနဲ့ မဲပေးခွင့်ရဖို့၊ တရားရေးရာတွင် ပါဝင်ဖို့ အစရှိတဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ National Association for the Advancement of Coloured People (NAACP) အသင်းဟာဆိုရင်လည်း တက်ကြွလှုပ်ရှားခဲ့တဲ့ အဖွဲ့တွေထဲမှာ နာမည်ကြီးတဲ့အသင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မစ္စစ္စပီပြည်နယ်မှာ ထိုသို့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ နာမည်ကြီးသူလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရသလို အသတ်ခံရတိုင်းမှာလည်း ...
movie
Till (2022)
2022
7.8
American Gangster(2007)
American Gangster(2007) ************************ IMDB...7.8,,,Rotten...87% Denzel Washington နဲ့ Russell Crowe တို့ အပြိုင်ကျဲထားတဲ့ဒီကားကြီးဟာ ဟောလိဝုဒ်ရဲ့အကောင်းဆုံးရုပ်ရှင်စာရင်းထဲမှာ ထည့်ကိုထည့်ရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အမေရိကန် ဗီယက်နမ် စစ်ပွဲကာလအတွင်းက အမေရိကန် နိုင်ငံရဲ့ ကာလကို အခြေတည်ရိုက်ထားတဲ့ဒီဇာတ်ကားက သုံးနာရီနီးနီးလောက်ကြာမြင့်ပေမယ့် ဘယ်လိုမှငြီးငွေ့မသွားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။1969ဝန်းကျင်အမေရိကန်နိုင်ငံက လာဘ်စားမှု တွေ ဒုစရိုက်မှု တွေ မူးယစ်ဆေးဝါးဘိန်းစတဲ့ မကောင်းမှု တွေနဲ့ ရှု ပ်ထွေးပွေလီနေပါတယ်။ ဖရန့်က ဂန်စတားအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်....အဲ့ဒီခေတ်များဆီက ဖရန့်တို့အဖွဲ့ဟာ အင်အားကြီးလွန်းတယ်....ဖရန့်ဟာ အဓိကသော့ချက်ပေါ့... လူမိုက်ဆိုပေမယ့် အားလုံးကိုဉာဏ်ကိုလွှာသုံးလေ့ရှိတယ်...ရဲတွေကိုလည်း အိပ်ကပ်ထဲထည့်ထားတတ်သလို အတားအဆီးတွေကိုလည်း ဖယ်ရှားတဲ့နေရာမှာ လက်ရွံနေလေ့မရှိဘူး....ပြောရရင် ဖရန့်တို့အဖွဲ့ကိုထိရဲတဲ့သူတောင်မရှိဘူးဆိုရမယ်... ဒီအချိန်မှာပဲ အခြားရဲတွေနဲ့မတူတဲ့အမှတ်တရားကိုမြတ်နိုးတဲ့ Richie Roberts တစ်ယောက်ရှိလာခဲ့တဲ့အချိန်မှာတော့... ဒီကားက အတော်များများလည်းကြည့်ပြီးလောက်ပြီ..ဒါပေမယ့် ပြန်လည်ခံစားလည်း တကယ့်ကိုရသမြောက်လွန်းတယ်... ဒန်ဇယ်ရဲ့ အကောင်းဆုံးဆိုတာထက် ဒီဘက်ခေတ်ရုပ်ရှင်အဆင့်အတန်းတွေနဲ့ တန်းယှဉ်နိုင်ဆဲပဲ.....File Size…(3.5GB)(1.3GB)&(618MB) Quality… Blu-Ray 720p Format…mp4 Duration…02:37:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by..Chan Myae Thu Aung
movie
American Gangster(2007)
2007
6.7
Final Destination (2000)
Final Destination(2000) IMDb......6.7/10 (Blu-Ray 1080p 5.1 CH,Blu-Ray 720p တို့ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….))Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ....ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ.......Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး....မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယ္ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်..... --------------------------------------------------------- File Size : (1.6GB) and (856MB) Quality : Blu-Ray 1080p ...
movie
Final Destination (2000)
2000