Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Roderick Hill
5.8
Song One (2014)
သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီးကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင်တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင်Johnny Flynn တို့ပဲဖြစ်ပါတယ်။ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာသီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာအဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီးလမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကိုစောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင်သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 26m Genre ...
movie
Song One (2014)
8.4
(18+) Poor Things (2023)
အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ ...
movie
(18+) Poor Things (2023)
4K HEVC
7.4
Mudbound (2017)
Mudbound (2017) ============= IMDb Rating - 7.4/10ဒီကားက သရုပ်ဆောင်တွေက တော်တော်တော့မိုက်ပါတယ်။ ပထမဆုံးတစ်ယောက်အနေနဲ့ ဂတ်စ်ဘီကားနဲ့ အားလုံးအချစ် ခံခဲ့ရတဲ့ ဒေစီတစ်ဖြစ်လဲ Carey Mulliganဟာ တကယ့်ထိပ် တန်းမင်းသမီးလို့ ပြောလို့ရပါ့မလား သေချာတော့မသိပေမဲ့ သရုပ်ဆောင်အရာမှာတော့ အခုထိလည်း ကိုယ့်ကိုယ်ကိုယ် တစ်စထက်တစ် သွေးနေတုန်း၊ စိတ်နှစ်ကိုယ်နှစ်သရုပ်ဆောင် တဲ့ မင်းသမီးဆိုတာတော့ သေချာပါတယ်။နောက် ဂတ်စ်ဘီကားမှာပဲ ဒေစီ့ယောက်ျားနဲ့ ဖောက်ပြန်တဲ့ မိန်းမရဲ့ ယောက်ျားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jason Clarke လည်းပါပါတယ်။ သံသရာတစ်ပတ်လည်ပြီး ဒီထဲမှာတော့ သူတို့၂ယောက်လင်မယားဖြစ်လာခဲ့တာပါ။ နောက် Tron မင်းသား Garrett Hedlundနဲ့ လူမဲဘဝသရုပ်ဖော်ကားဆိုတော့ သရုပ်ဆောင်ကောင်းတဲ့ လူမဲတွေတော်တော်ပါပါတယ်။ ဇာတ်ပို့ ဇာတ်ဆောင်အကောင် သရုပ်ဆောင်တာတွေက သူ့နည်းသူ့ဟန်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ကတော့ ဒုတိယကမ္ဘာ စစ်ကာလရယ် လူမဲဖိနှိပ်ခံဘဝရယ်ကို ဖော်ပြဖို့ ကျေးလက်ဒေသက လယ်ယာစိုက်ပျိုးရေးနဲ့ တွဲဖက်ပုံဖော်သွားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မီးက သူ့ဘာသာလောင် လူတွေကလည်း သူ့အပူနဲ့ သူ့စားဝတ်နေရေး သူ့အတ္တအတွက် သူ့ဘာသာလောင်နေတဲ့ကာလ တစ်ခုပေါ့။ လူဖြူလယ်လုပ်ငန်းရှင်တစ်ယောက်ဟာ လူမဲမိသားစု တစ်စုကို လူငှားချပြီး အနိုင်ကျင့်တာတွေကို ကျွန်တော်တို့မြင်ရတယ်။ လူဖြူမိသားစုက ညီငယ်က ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြန်လာတဲ့အချိန် လူမဲမိသားစုက သားကြီးကလည်း ...
movie
Mudbound (2017)
2017
6.7
Infinity Pool (2023)
ဂျိမ်းစ်နဲ့ ဂက်ဘီတို့ လင်မယားဟာ စာရေးဆရာ ဂျိမ်းစ် .. သူ့ရဲ့နောက်ထွက်မယ့် စာအုပ်အတွက် ပြည်ပနိုင်ငံကကျွန်းတစ်ကျွန်းကို အလည်အပတ် ထွက်လာခဲ့ကြတယ်အဲဒီမှာ ဂျိမ်းစ်တစ်ယောက် သူ့ရဲ့ စာဖတ်ပရိသတ်လင်မယား နှစ်ယောက်နဲ့ဆုံမိခဲ့ရာကညစာတွေအတူစားရင်း ခင်မင်သွားတယ်..တစ်ခုရှိတာက သူတို့သွားတဲ့ နိုင်ငံဟာ တိုးတက်မှုမရှိ ယဉ်ကျေးမှု မရှိတဲ့နေရာဖြစ်လို့ ရာဇဝတ်မှုတွေ မကြာခဏဆိုသလို ဖြစ်သလို ..ခရီးသည်သဘောမကျတဲ့ နယ်ခံတွေကခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့ အရပ်ဒေသလည်းဖြစ်တယ် ...ဒါကို မဆင်မခြင်နဲ့ စုံတွဲနှစ်တွဲ ကားတစ်စီးငှားသောက်စားမူးရူးပြီး အပြန်လမ်းမှာနယ်ခံတစ်ယောက်ကို ကားနဲ့တိုက်ပြီးပြေးတယ် ...ဒါပေမဲ့ ဟိုလင်မယား ချောက်ချမှုကြောင့်စာရေးဆရာလင်မယား ဒုက္ခလှလှတွေ့သွားတယ်နိုင်ငံရဲ့ ဥပဒေအရ .. လူသတ်မှုကျူးလွန်ရင် တရားခံကိုသေတဲ့သူရဲ့ သားဖြစ်သူက သတ်ခွင့်ရှိပြီး သားမရှိရင် နိုင်ငံတော်က ကွပ်မျက်ပေးတယ် ..ဒီတော့ လူပေါင်းမှားတဲ့ ဂျိမ်းတစ်ယောက် ကူညီရာမဲ့ဖြစ်နေချိန်မှာသရက်ရှ်ဆိုတဲ့ စုံထောက်ဟာ ကမ်းလှမ်းချက်တစ်ခု လုပ်လာတယ် ..ဒါကတော့ သူတို့မှာသာ ငွေအလုံအလောက်ရှိရင်သူတို့ သေတာကို သူတို့ကိုယ်တိုင် ပြန်ကြည့်ခွင့်ရှိမယ်ဆိုတဲ့ စကားပါ ...
movie
Infinity Pool (2023)
2023
4K HEVC
7.5
The Swimmers (2022)
The Swimmers (2022) ================= IMDb Rating - 7.5/10ဒီတစ်ခေါက်တော့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Netflix ကအသစ်ထွက်ရှိလိုက်တဲ့ The Swimmers ဇာတ်ကားက Rio De Jeneiro မှာ ကျင်းပတဲ့ 2016 Olympics Champion တစ်ဦး ဖြစ်ခဲ့တဲ့ ဆီးရီးယားလူမျိုး ရေကူးချန်ပီယံ Yusra Mardini ရဲ့ ဂရိ ပင်လယ်ထဲကနေ ကုန်းမြေအထိလက်ပစ်ကူးပြီး လူတွေကိုကယ်တင် ပေးခဲ့တဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ရူစရာတို့ညီအစ်မတွေတစ်ဘက်မှာပျော်ရွှင်နေကြပေမဲ့ နိုင်ငံတွင်းမှာဗုံးကြဲခံနေရတာကိုမြင်တွေ့ရမှာပါ။ သူတို့သူငယ်ချင်းတွေ ဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရပြီး သူတို့ ရေကူးလေ့ကျင့်တဲ့ကန်အထိပါ ဗုံးကြဲ ခံရပီးနောက် သူ့ကို အိုလံပစ်ချန်ပီယံအမြဲဖြစ်စေချင်ခဲ့တဲ့ နည်းပြဖြစ်သူ အဖေကိုယ်တိုင်က သမီး၂ယောက်ကို ဂျာမနီကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စိတ်ကူးအတိုင်းမဟုတ်ပဲခက်ခဲလှတဲ့လက်တွေ့ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံကို လမ်းခရီးမှာ စတင်တွေ့ကြုံရပါတော့တယ်။ ပိုက်ဆံအမြောက်အမြားတောင်းပြီး တာဝန်ယူမှုမရှိတဲ့ လူကုန်ကူးသူတွေက လှေအစုတ်တစ်စီးနဲ့လူအများကြီးကို ပင်လယ်ထဲဖြတ်သန်းခိုင်းရာကနေ စလိုက်တဲ့ ဒုက္ခဆင်းရဲပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း ဖခင်အရမ်းဖြစ်စေချင်တဲ့ အိုလံပစ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးနိုင်သွားလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့အပြင် နိုင်ငံရေးမငြိမ် သက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကရုဏာ သက်စေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Nyein Lai မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Nyein Lai, Khant Sett ...
movie
The Swimmers (2022)
2022
The Munsters (2022)
The Munsters(2022)The Munsters(2022) ဟာ 1964 ခုနှစ်တုန်းက လူကြိုက်များခဲ့တဲ့ The Munsters ဆိုတဲ့ sit-com စီးရီးကို အခြေခံပြီး ရိုက်ကူးထားတာပါစီးရီးရဲ့ ရှေ့ပိုင်းကာလကို ရိုက်ပြထားတာဖြစ်ပြီး ဟာမန်းမွမ်းစတား ဖြစ်ပေါ်လာပုံ၊ ဟာမန်း နဲ့ သွေးစုပ်ဖုတ်ကောင် လီလီတို့ တွေ့ဆုံဖြစ်ကြပုံ လီလီ့အဖေ မြို့စားမင်းကြီး သဘောမတူတဲ့ကြားက ဟာမန်း နဲ့ လီလီ တို့ လက်ထပ်ဖြစ်ကြပုံတွေကို ရိုက်ကူးထားတာပါကြောင်ကြောင်ကျားကျားမိတ်ကပ်တွေနဲ့ လူသားတွေကို ပြန်ကြောက်နေတဲ့ ခပ်ကြောင်ကြောင် သွေးစုပ်ဖုတ်ကောင်တစ်သိုက်ကြောင့် စ လယ် ဆုံး ခွီနေရမယ့် comedy ဇာတ်လမ်း စစ်စစ်ပါအရောင်အသွေးကို ခပ်ရင့်ရင့် ပုံဖော် ထားတာကြောင့် ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာသလို ခံစားရမှာ ဖြစ်ပြီး Hotel Transylvania တို့၊ Addams Family တို့လို ပုံစံမျိုးကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်မယ့် ဇာတ်ကားတစ်ကားပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie
The Munsters (2022)
7.4
The King (2019)
Rating 7.6 ရရှိထားတဲ့ဒီရုပ်ရှင်ကိုတော့ ကမ္ဘာကျော် ရှိတ်စပီးယားရဲ့Henry V ပြဇာတ်ကနေ ပြန်လည်ရိုက်ကူးထားတာပါ။ဒီပြဇာတ်ကို ရုပ်ရှင်တွေထဲမှာ ခဏခဏ ဖော်ပြတတ်ကြပါတယ်။ရှားလော့ဟုမ်းစီးရီးထဲမှာတောင် ရှားလော့ ဆေးကွဲပြီး ရွတ်သွားတာဟင်နရီဘုရင်ရဲ့ မိန့်ခွန်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်တိုင်းပြည်မှာစကော့တွေ ဝေလတွေ သူပုန်ထပြီး ဖရိုဖရဲ ဖြစ်နေချိန်၊စတုတ္ထမြောက်ဟင်နရီ ဘုရင် နတ်ရွာစံပြီး သူ့ရဲ့ သားဖြစ်သူပဉ္စမမြောက် ဟင်နရီ ဘုရင် နန်းတက်လာချိန်၊တိုင်းပြည်ကို ငြိမ်သက်အောင် ကြိုးစားရပုံပါ။Henry V ဟာ အဖေနဲ့အဆင်မပြေလို့ နန်းတော်မှာလည်းမနေအရက်သောက် ပျော်ပါးပြီးနယ်ဖျားမှာ နေခဲ့သူဖြစ်လို့ ဘယ်သူမှ မထင်မကြီးထားကြပါဘူး။ကြိုးစားနေဆဲမှာပဲ ပြင်သစ်နဲ့ ပဍိပက္ခဖြစ်ပြီး စစ်ဖြစ်လာခဲ့ပါတယ်။ဒီစစ်ပွဲဟာပဲ ဟင်နရီဟာ အင်္ဂလန်ရဲ့ ထိုက်တန်တဲ့ဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်လာပါတော့တယ်။ File Size ...
movie
The King (2019)
2019
5.3
Robin Hood (2018)
Robin Hood (2018)_____IMDb - 5.3/10 Robinhood အကြောင်း သင်ဘယ်လောက်သိလဲ???????? လူချမ်းသာတွေဆီက အသပြာခိုးယူပြီး ဆင်းရဲတဲ့သူတွေကိုဝေငှပေးတတ်တဲ့ သူခိုးတစ်ယောက်........လို့ အကြမ်းဖျဉ်းသိထားကြမှာပါ........... Robinhood လို့ပြောရင် မြှားပစ်ကျွမ်းကျင်သူတစ်ယောက် ဆိုတာလဲ မျက်လုံးထဲပြေးမြင်မိမှာပေါ့ ဒါပေမယ့် အထက်က ဆိုခဲ့တဲ့ အချက်တွေကြောင့်တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင်ခဲ့တာ မဟုတ်ပါဘူး ..................... သင် ငယ်ငယ်က သိခဲ့တဲ့ တောပုန်းကြီး ရော်ဘင်ဟုဒ်ရဲ့ အကြောင်းတွေကို မေ့ပစ်လိုက်ပါတော့ သင် သူ့အကြောင်းကို သိပြီးသားလို့ ထင်နေတယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်....... သင်သိထားပြီးတဲ့ သူ့ရဲ့ဇာတ်လမ်းဟာ အိပ်ယာဝင်ပုံပြင်တစ်ပုဒ် ပါပဲ ဒီဇာတ်ကားလေးကတော့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါဘူး အသပြာတွေခိုးယူခဲ့ရုံသက်သက်နဲ့တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင် ကျန်ရစ်မှာ မဟုတ်ပါဘူး သူ့ကို ရာဇဝင်မှာ ကဗျည်းတွင်စေခဲ့တဲ့ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် လုပ်ရပ်တွေကို ဒီဇာတ်ကားမှာတွေ့ရမှာပါ..... ဒီဇာတ်ကားမှာ ရော်ဘင်ဟုဒ်ရဲ့ တခြားထူးခြားတဲ့ အကြောင်းအရာတွေလည်း ပါဝင်နေပါတယ် ....... ရော်ဘင်ဟုဒ်ဆိုတဲ့ တောပုန်းတစ်ယောက်မဖြစ်ခင်က သူ့ဘဝဇာတ်ကြောင်း အခြေအနေကိုလည်း ပြောပြထားပါသေးတယ်...... လော့စ်လေကို ဟုဒ်အဖြစ် ပြောင်းလဲ ပေးခဲ့တဲ့ သူ့ရဲ့ဆရာနဲ့အတူ သူ လေ့ကျင့်ခဲ့ရတဲ့ ခက်ခဲထူးခြားတဲ့ မြှားပစ်သင်ခန်းစာတွေ........ သူကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအခြေအနေတွေ....... သူကြုံတွေ့ခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ စစ်ပွဲတွေ........ စသဖြင့် သူ့ရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေ ...
movie
Robin Hood (2018)
2018
6.9
Colette (2018)
IMDB Rating 6.8 ရရှိထားတဲ့ Colette ဆိုတဲ့ ၂၀၁၈ ထွက်ရုပ်ရှင်ကားလေးကတော့ ပြင်သစ် mime အနုပညာရှင်၊ ပြဇာတ်မင်းသမီး၊ ဂျာနယ်လစ်၊ နိုဘယ်ဆု ဆန်ကာတင်စာရင်းဝင် စာရေးဆရာမ Sidonie-Gabrielle Colette ရဲ့ အစောပိုင်းဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ အဓိက ဇာတ်ဆောင်အနေနဲ့တော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ Keira Knightley က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ ကျေးတောသူလေးတစ်ယောက် မြို့ကြီးပြကြီးမှာ မဝင်ဆန့်နိုင်တဲ့ ဒုက္ခတွေ၊ အနုပညာကိုအမြတ်ထုတ်ခံရတဲ့ အနုပညာသမားတွေ၊ အဲဒီနှစ်တွေက မိန်းမတစ်ယောက်ရဲ့ နိမ့်ကျမှုတွေ ကြားက Sidonie-Gabrielle Colette ရဲ့ ဘဝကိုကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့တဲ့ လွတ်လပ်တဲ့စိတ်ထားရှိတဲ့ ပုံစံကိုမြင်တွေ့ရမှာပါ။ လိင်တူချင်း ချစ်ကြိုက်တာကို ရှုံချတဲ့ ခေတ်ကြီးထဲက လိင်တူချစ်သူတွေအတွက် တိုက်ခိုက်ခဲ့သူတစ်ဦးအနေနဲ့လည်း Colette သတ်မှတ်လို့ရပါတယ်။ R Rated ဇာတ်ကားဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။ ဒီဇာတ်ကားနဲ့တော့မဆိုင်ပေမယ့် ဒီဇာတ်ကားထဲမှာပါတဲ့ ကျွန်တော်အကြိုက်ဆုံး Movie Quote လေးကတော့ "သမိုင်းဆိုတာ ...
movie
Colette (2018)
2018
6.4
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Spy who dumped me"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီကားလေးမှာ အွန်ဒရေးနဲ့ မော်ဂန်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့စပိုင်ဆန်ဆန်နဲ့စွန့်စားခန်းတွေကို ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်....အွန်ဒရေးဆိုတဲ့ ကောင်မလေးဟာ သူသိပ်ချစ်ရတဲ့ ချစ်သူနဲ့ပြတ်ပြီးနောက်ပိုင်းမှာသူ့ချစ်သူက စပိုင် သူလျိုတစ်ယောက်ဆိုတာ သိခဲ့ပါတယ်...အဲဒီသူ့ချစ်သူစခဲ့တဲ့ ဇာတ်လမ်းနောက်တွဲကိစ္စတွေဟာချစ်သူဖြစ်တဲ့ သူမဆီကိုပါရောက်လာပါတော့တယ်...သူမဆီကိုရောက်လာတော့ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ မော်ဂန်ပါပါဝင်ပတ်သက်လာရတော့တာပေါ့....ဒီလိုနဲ့ သူမတို့နှစ်ယောက် ဒီအရှုပ်ဇာတ်လမ်းတွေကြားအပစ်အခတ်သတ်ဖြတ်မှု့တွေကြားမှာဘယ်လိုအူကြောင်ကြောင်နဲ့စွန့်စားခန်းတွေ လုပ်ကြမလဲဆိုတာရယ်ရယ်မောမောနဲ့ ကြည့်ရမှာဖြစ်ပါတယ်....Rating 6.3 ရရှိထားပြီးတော့ စပိုင်ဇာတ်လမ်း အက်ရှင်ပုံစံတွေဟာသဆန်ဆန်ရယ်မောရတာကို ကြိုက်တဲ့ လူတွေအတွက်ကတော့ဒီဇာတ်လမ်းလေးထဲက စာသားအများစုကသင်တို့ကို စိတ်ကျေနပ်မှု့ပေးစွမ်းနိုင်မှာဖြစ်ပါတယ်....အားလုံးပဲကြည့်လိုက်ရအောင်လား.... File Size : (747 MB) and (305 MB) Quality : BluRay 720p Running Time : 1hr 57min Format : Mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
The Spy Who Dumped Me (2018)
2018