Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rod Loomis
6.2
The Beastmaster (1982)
The Beastmaster (1982) Genre – Action, Adventure, Fantasy IMDB – 6.2/101980 ကျော်ကာလက Conan the Barbarian တို့ Red Sonja တို့ Hercules တို့လို ရှေးခေတ်စိတ်ကူးယဉ် စွန့်စားခန်းရုပ်ရှင်ကား ဖြစ်ပါတယ်။ တခြားသူရဲကောင်းတွေလည်း သူ့အစွမ်းနဲ့သူ ရှိကြသလို ဒီကားထဲက ဇာတ်လိုက်ကလည်း ဇာတ်ကားနာမည်လိုပဲ ဘိမာစတာပါ။ ဟုတ်ပါတယ် သားရဲတိရစ္ဆာန်တွေနဲ့ စိတ်ချင်းဆက်သွယ်ပြောဆိုနိုင်ပြီး ထိန်းချုပ်နိုင်တာကို ပြောချင်တာပါနော်။ မြန်မာလိုဆို သားရဲသခင်ကြီးပေါ့။ ဇာတ်လမ်းအကျဉ်းကပြောရမယ်ဆို အာရွတ်ခ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်ပြီး အတတ်ကျူးသွားတဲ့ နတ်ဆရာကြီး မက်စ်ဟာ ဟောကိန်းတစ်ခုအရ မွေးဖွားလာတော့မယ့် ဘုရင့်သားတော်က သူ့ကိုသတ်မှာကို ကြောက်လန့်ပြီး သူ့ လက်အောက်ခံ စုန်းမတွေကို ဘုရင်နဲ့ မိဖုရား အိပ်နေတုန်းမှာ မိဖုရားကိုသတ်ပြီး ကလေးကို ခိုးခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ကလေးလေးဟာ ကံကောင်းချင်တော့ တခြားလူတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပြီး သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည် ရရှိကာ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့တစ်ရွာလုံးကို ကြမ်းတမ်းပြီး ရက်စက်ယုတ်မာတဲ့ ဂျင်းစစ်တပ်ကြီးက ဖျက်ဆီးသွားတဲ့အခါ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တော့ ...
movie
The Beastmaster (1982)
6.9
Bill & Ted’s Excellent Adventure(1989)
Bill & Ted's Excellent Adventure(1989)ဘီလ်နဲ့တက်ဒ် ဆိုတဲ့ သူငယ်ချင်း (၂)ယောက်ဟာ ဂစ်တာကိုရူးသွပ်သူများဖြစ်ကြသလို အောင်မြင်တဲ့ တီးဝိုင်းတစ်ခုဖြစ်ဖို့ကြိုးစားနေတဲ့လူငယ်တွေ.... သို့ပေမယ့် သူတို့၂ယောက်ဟာ အကောင်းမွန်ဆုံးလမ်းညွှန်ပေးတဲ့သူမရှိလို့ ဖြစ်ချင်ရာဖြစ်နေတဲ့ပုံပေါက်နေတယ်... ဂစ်တာဘက်ကိုရူးသွပ်လွန်းပြီး ကျောင်းစာမှာတော့ စာမေးပွဲတိုင်းကို တဘုန်းဘုန်းကျနေတယ်... ဒီလိုကျဆုံးခြင်းဟာ နောက်ဆုံးတော့ ကျောင်းကနောက်ဆုံးအနေနဲ့ သတိပေးခြင်းတစ်ရပ်ထုတ်လိုက်တယ်... နောက်ဆုံးစာတမ်းတစ်ခုကို A+မှမရရင် ကျောင်းက ထာဝရနားရတော့မယ်ဆိုတာပါပဲ... တက်ဒ်အတွက် ကျောင်းနားရရင် စစ်ကျောင်းကိုသွားရမှာဖြစ်တဲ့အပြင် သူတို့ရူးသွပ်တဲ့ တီးဝိုင်းလည်းဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ပါဘူး... ဘီလ်လည်းထို့အတူပါပဲ.... ဒီကားက သူငယ်ချင်း ၂ယောက်ရဲ့ အလွဲလွဲအချော်ချော်တွေနဲ့ ရယ်မောရသလို ဇာတ်လမ်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်... သူတို့ ၂ယောက်ရဲ့ မှားယွင်းနေတဲ့လမ်းကြောင်းကိုတည့်မတ်ပေးဖို့ လက်ရှိ ၁၉၈၈ခုနှစ်ကို ၂၆၈၈ခုနှစ်ကနေ အချိန်ခရီးသွားပြီး လာရောက်ကူညီတာတွေပါလို့ပါ... ဘယ်လိုတွေ တလွဲလုပ်ကြမလဲ.. သူတို့စာမေးပွဲအောင်ပြီး ကျောင်းဆက်တက်နိုင်မလား... အောင်မြင်တဲ့တီးဝိုင်းတစ်ခုဆက်ဖန်တီးနိုင်မလား... ၂၆၈၈ခုနှစ်က သူတွေကလည်း အချိန်ခရီးသွားပြီး ဘာကြောင့်လာကူညီကြတာလဲ.အချိန်ခရီးသွားတဲ့သူတွေရဲ့ အကူအညီနဲ့ ဒီ ၂ယောက်ဘာတွေဆက်ဗရုတ်ကျမလဲ.ခံစားကြည့်ကြပါ... ကျွန်တော်တို့လည်း ၁၉၈၈ခုနှစ်က ငယ်ရွယ်နုပျိုတဲ့ Keanu Reeves ရဲ့ဇာတ်ကားကောင်းကို အချိန်ခရီးသွားခြင်းပုံစံတစ်မျိုးနဲ့ခံစားကြည့်လိုက်ရအောင် File Size : (850MB) and (328 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Adventure, Comedy,Music Subtitle : Myanmar Subtitle ...
movie
1989