Channel Myanmar

Rockets Redglare

Talk Radio (1988) 7.2
Talk Radio (1988)  1984 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Denver ရေဒီယိုလိုင်းမှ စကားဝိုင်းရှိုးတင်ဆက်သူAlan Berg ရဲ့ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပြီးဒါရိုက်တာ Oliver Stoneမှရိုက်ကူးထားတာပါ။ IDMbမှာ Rating 7.2 နဲ့ Rotten Tomatoes မှာ 82% ရရှိထားတဲ့ drama thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။အဲ့ခုနှစ်များဆီက ဂျူးလူမျိုးတွေ၊လူမည်းနဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေအပေါ် မြင်တဲ့ racist အမြင်တွေ၊ မူးယစ်ဆေးပြဿနာတွေ၊ ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်းရဲ့ ရှက်ရွံ့စရာ၊ ဝမ်းနည်းစရာ၊ မသတီစရာ အဖြစ်အပျက်တွေကို အသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Eric Bogosianကပြဇာတ်အမျိုးအစား အဖြစ်ရေးသားထွက်ရှိထားပြီးပူလစ်ဇာရပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။မြို့ရဲ့အအောင်မြင်ဆုံး ရေဒီယိုစကားဝိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါထုတ်လွှင့်ရဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ဆက်စပ်ပုံကို ထင်ဟပ်ပြထားတဲ့ဇာတ်ကားကောင်းဆိုရင်လည်းမမှားပါဘူး။ရေဒီယိုရှိုးတင်ဆက်သူရဲ့ သာသာနဲ့နာနာနှပ်တတ်တဲ့ စကားတတ်မှု ၊ ဗဟုသုတကြွယ်မှုရဲ့ အကောင်းအဆိုးကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပြီး Eric Bogosian ရဲ့ ဇာတ်ကောင်ပိုင်နိုင်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ...
movie

Talk Radio (1988)