Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Robin Soans
6.7
Viceroy’s House (2017)
Viceroy's House Partition (2017)ဒီရုပ်ရှင်ကတော့ အိန္ဒိယနိုင်ငံကို ဗြိတိသျှအင်ပါယာအုပ်ချုပ်မှုလက်အောက်ကနေ လွတ်မြောက်ခွင့်ပေးခဲ့တဲ့အချိန် အိန္ဒိယနဲ့ပါကစ္စတန် ၂နိုင်ငံခွဲခြားလိုက်တဲ့ချိန်ကို အခြေခံရိုက်ကူးထားပြီးတော့ ၂၀၁၇ ခုနှစ်မှာ လွတ်လပ်ရေးနေ့ နှစ်၇၀ပြည့်အထိမ်းအမှတ်အနေနဲ့ အင်္ဂလန်နိုင်ငံမှာတောင် ရုံတင်ပြသခဲ့ရတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်အိန္ဒိယ ပါကစ္စတန် ခွဲထုတ်လိုက်ခြင်းက လူ့သမိုင်းမှာ အကြီးမားဆုံးပြောင်းရွှေ့မှုဖြစ်ပေါ်ခဲ့တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပြီး လူပေါင်း ၁၄သန်းလောက် အိမ်ခြေယာမဲ့ စစ်ပြေးဒုက္ခသည်ဖြစ်စေခဲ့တဲ့အပြင် ဟိန္ဒူ မူဆလင် ဆီခ် လူမျိူး တစ်သန်းလောက်ကို သေဆုံးခဲ့တဲ့ အဖြစ်အပျက်လည်းဖြစ်ပါတယ်ဒီရုပ်ရှင်ကတော့ အဆိုပါ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူရဲ့ မြေးကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူးဇာတ်လမ်းလေးကတော့ မြန်မာပြည်ဘုရင်ခံချုပ်မောင့်ဘက်တန်က မြန်မာပြည်ကို လွတ်လပ်ရေးပေးပြီး မကြာခင် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့အတွက် အိန္ဒိယကိုစေလွှတ်ခံခဲ့ရပါတယ် အိန္ဒိယလူမျိုးတွေအကုန်တောင်းတနေတဲ့ လွတ်လပ်ရေးက လက်တစ်ကမ်းအလိုမှာရှိနေချိန် မူဆလင် ဆီခ်နဲ့ ဟိန္ဒူဘာသာဝင်တွေကြား ရန်ပွဲတွေကြီးမားလျက်ရှိနေတုန်းပါပဲ လူမျိုးအချင်းချင်း သွေးခွဲပြီး အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှလူမျိုးတွေ လွတ်လပ်ရေးပေးရတော့မဲ့အချိန် ဒီလူတွေကိုစည်းလုံးလုံးနဲ့ဖြစ်စေချင်တဲ့အခါ သူတို့လုပ်ခဲ့တဲ့ပြဿနာကို သူတို့ပြန်ရှင်းရပါတော့တယ်...ဒီလိုနဲအိန္ဒိယ ပါကစ္စတန် ဘယ်လိုကြောင့် ကွဲသွားရတာလဲ အဲဒီလိုမျိုး နယ်မြေကွဲသွားရခြင်းအကြောင်းအရင်းအစစ်အမှန်ကရော ဘာကြောင့်လဲ ဒီနိုင်ငံရေးအရှုပ်အထွေးကြားထဲမှာပဲ ဘာသာမတူတဲ့ ကောင်လေးနဲ့ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်းပါဝင်လို့နေပါသေးတယ် ....ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် အားလုံး ကြည့်ရှုရကျိုးနပ်စေမှာ အမှန်ပါပဲ File size…2.6GB ...
movie
Viceroy’s House (2017)
6.5
The Princess Switch 3: Romancing the Star(2021)
The Princess Switch 3: Romancing the Star(2021) အညွှန်း**************************************************** The Princess Switchရဲ့ တတိယမြောက်ကားလာပါပြီ။အရှေ့က 1နှင့်2လည်း CMမှာတင်ထားပါတယ်။ဒီဇင်ဘာလမှာထွက်လာတာနဲ့အညီ ခရစ်စမတ်ကိုအခြေခံဇာတ်အိမ်တည်ထားပါတယ်။ စတေစီနဲ့ မင်းသမီးမာဂရတ်တို့နှစ်ဦးဟာ Montenaroမှာ ခရစ်စမတ်အကြိုညပွဲကိုဦးစီးပြီးစီစဉ်ကြပါတယ်။မြင့်မားခမ်းနားပြီးမီးရောင်တွေနဲ့လင်းလက်လှပနေတဲ့ ခရစ်စမတ်သစ်ပင်ကြီးရဲ့ထိပ်မှာတော့Vaticanပြတိုက်မှာသိမ်းဆည်းပြသထားတဲ့ တန်ဖိုးကြီးရှေးဟောင်းအမွေအနှစ်တွေထဲကတစ်ခုဖြစ်တဲ့ငြိမ်းချမ်းရေးကြယ်ကို တပ်ပြီးအလှဆင်ဖို့စီစဉ်ထားတာပေါ့။ပွဲကိုဖြစ်မြောက်အောင်စီစဉ်နေတုန်းမှာပဲ အဓိကအရေးပါလှတဲ့ ငြိမ်းချမ်းရေးကြယ်ဟာအကျင့်ပျက်စီးပွားရေးသမားတစ်ယောက်ရဲ့ ခိုးယူခြင်းကိုခံလိုက်ရပါတယ်။ငွေကြေးအတွက်ခိုးယူတာမဟုတ်ပဲ တန်ဖိုးကြီးပစ္စည်းတွေစုဆောင်းတတ်တဲ့သူဖြစ်လို့ ခိုးယူခဲ့တာကြောင့်ရဲတိုင်လိုက်ရင် ကြယ်ကြီးလုံးဝပျောက်သွားမှာဖြစ်တဲ့အတွက်သူခိုးဆီကပြန်ခိုးဖို့ပဲ ကြံစည်ရပါတော့တယ်။ ဒါကြောင့် ဒုတိယမြောက်ကားမှာလူမှုအကျိုးပြုပြစ်ဒဏ်ကျသွားတဲ့ ဖီအိုနာနှင့် သူ့ရဲ့ငယ်ပေါင်းလည်းဖြစ်၊အဆက်ဟောင်းလည်းဖြစ်တဲ့ပီတာတို့နှစ်ဦးကဦးဆောင်ကာ လူတိုင်းပါဝင်ပြီးခရစ်စမတ်အကြိုညမတိုင်ခင် ကြယ်ကိုပြန်ရဖို့ ကြိုးစားပါတော့တယ်...ဒီကားမှာတော့ ဖီအိုနာကိုအသားပေးပြီးပွဲထုတ်လာတဲ့အတွက်သူ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ အချေစတိုင်လေးတွေကို ပိုမိုရှူစားရပါလိမ့်မယ်။ File Size :(1.8GB)(995 MB) and (336MB) Quality : NF Web-Dl10805.1ch, 720p Format…mp4 Duration…01:46:00 Genre : Comedy , Drama ,Family Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by ...
movie
The Princess Switch 3: Romancing the Star(2021)
6.0
The Princess Switch: Switched Again(2020)
The Princess Switch: Switched Again(2020)ဒီကားက The Princess Switch (2018) ရဲ့အဆက်ပါ...လူကြိုက်များပြီး ပေါက်လို့ 2020မှာSwitched Againဆိုပြီး ဆက်ရိုက်ကူးထားတာပါ...2018ကို ကြည့်ပြီးသားသူက ပြဿနာမရှိပေမဲ့မကြည့်ရသေးဘဲနဲ့တော့ ဒီကားကိုသွားကြည့်ရင် ခေါင်းမူးသွားမှာမို့ ၂၀၁၈ ကိုအရင်ကြည့်လိုက်ပါ...ဘုရင်စနစ်အုပ်ချုပ်တဲ့ ဘယ်ဂရေးဗီးယားနိုင်ငံ နဲ့ မွန်တဲနားရိုး နိုင်ငံ(၂)ခုရှိတယ်...မာဂရက်ဆိုတဲ့ကောင်မလေးက မွန်တဲနားရိုး နိုင်ငံရဲ့မင်းသမီးလေးပေါ့...၂၀၁၈ က ကားထဲမှာ ရုပ်ချင်းလုံးဝတူတဲ့သာမန်အရပ်သူလေးစတေးစီ နဲ့ မွန်တဲနားရိုးနိုင်ငံက မင်းသမီး မာဂရက်တို့ဟာလူချင်းခဏချိန်းရင်း နောက်ဆက်တွဲအနေနဲ့ သာမန်အရပ်သူလေး စတေးစီဟာ Belgravia နိုင်ငံက မင်းသားနဲ့အိမ်ထောင်ကျသွားရင်တော်ဝင်မိသားစုဖြစ်သွားတယ်....မင်းသမီးမာဂရက်ကတော့ အရပ်သားနဲ့ချစ်ကြိုက်ရင်း သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားပေမဲ့သူ့မရဲ့ Montenaro နိုင်ငံက ဘုရင်မ အရာကိုဆက်ခံဖို့အကြောင်းဖန်လာတဲ့အခါ သာမန်အရပ်သားချစ်သူနဲ့ပြတ်သွားတယ်..ဒါကို သိလို့မနေနိုင်တဲ့ စတေးစီက ကူညီဖို့ ကြိုးစားရင်း ၂၀၂၀ဇာတ်လမ်းကိုစထားပါတယ်...၂၀၁၈ ကားကိုမကြည့်ရသေးတဲ့သူတွေအဖို့ အညွှန်းဟာ အနည်းငယ်ရှုတ်ထွေးနိုင်လို့ ဇာတ်ကားကြည့်လိုက်ရင်တော့သဘောပေါက်သွားပါလိမ့်မယ်..ဒီကားက ဇာတ်လမ်းလေးလည်းကောင်းသလို စိတ်လှုပ်ရှားစရာ Twistလေးတွေလည်းပါလို့ကြည့်ရအတော်ကောင်းပါတယ်...ဆောင်းရာသီရဲ့လှပတဲ့ရှုခင်းတွေခံစားရင် ပျော်ရွှင်ဖွယ်ဒီဇာတ်လမ်းကိုကြည့်ရှုရင်းStay Home ...
movie
The Princess Switch: Switched Again(2020)
6.1
The Princess Switch (2018)
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးမယ်နော်...ဒီဇင်ဘာလလည်း ရောက်တော့မယ်...ခရစ်စမတ်နေ့လည်း နီးပြီဆိုတော့ ခရစ်စမတ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါမယ်...ကြည့်ရတာ ပျော်စရာကောင်းပြီး အဆုံးသတ်လည်းလှတော့ကြည့်ရှုသူတိုင်း ကျေနပ်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ...Netflix မှဖြန့်ချီပြီး IMDb 6.1 ရထားတာမို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းပါနော်...ဒီဇာတ်လမ်းမှာတော့ High School Musical ဇာတ်လမ်းနဲ့ လူသိများတဲ့မင်းသမီး Vanessa Hudgens က နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်...အညွှန်း- ချီကာဂိုမှာ မုန့်ဖုတ်ဆိုင်ဖွင့်ထားပြီး အတော်အသင့် နာမည်ရထားတဲ့ကောင်မလေး စတေစီ..သူက သူငယ်ချင်းဖြစ်သူ ကယ်ဗင်နဲ့ ဒီမုန့်ဖုတ်ဆိုင်ကို ဦးစီးပါတယ်...စတေစီက ရည်းစားနဲ့ကွဲပြီးပူပူနွေးနွေး အသည်းကွဲနေသူတစ်ယောက်ပါ...ဒါကို သိတဲ့ ကယ်ဗင်က စတေစီအတွက် စိတ်ထွက်ပေါက်ဖြစ်အောင်ဆိုပြီးဘယ်ဂရေးဗီးယားနိုင်ငံမှာ ကျင်းပတဲ့မုန့်ဖုတ်ပြိုင်ပွဲအတွက် စာရင်းသွင်းခဲ့ပါတယ်...မုန့်ဖုတ်ပြိုင်ပွဲမှာ စတေစီပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်...ဘယ်ဂရေးဗီးယားနိုင်ငံကတော့ ဘုရင်အုပ်ချုပ်တဲ့နိုင်ငံတစ်ခုပါ...ဒီအချိန်က ဘယ်ဂရေးဗီးယားနိုင်ငံရဲ့ မင်းသား အက်ဒ်ဝပ်အိမ်ထောင်ပြုတော့မယ့် အချိန်ကာလဖြစ်နေပါတယ်...မင်းသား အိမ်ထောင်ပြုမယ့် သတို့သမီးလောင်းကတော့မွန်တဲနားရိုးမြို့စားအမျိုးသမီး မာဂရက်ပဲဖြစ်ပါတယ်...ထူးခြားတာက မာဂရက်နဲ့ စတေစီက ရုပ်တစ်ထပ်တည်းနီးပါး တူနေတာပါ...မာဂရက် မုန့်ဖုတ်ပြိုင်ပွဲအပြင်အဆင်ကို လာကြည့်တဲ့ အချိန်...စတေစီကလည်း ...
movie
The Princess Switch (2018)
2018