Channel Myanmar

Robin McLeavy

Blinky Bill the Movie (2015) 5.1
Blinky Bill the Movie (2015) ခိုအားလားလေး Blinky တစ်ယောက် အဖေ အမေတို့နဲ့အတူ Greenpatch မှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါတယ်။Blinky ရဲ့ အဖေကတော့ Greenpatch ကို စရှာတွေ့ခဲ့ပြီး တိရစ္ဆာန်တွေ စုစည်းနေထိုင်ဖို့ စည်းရုံးခဲ့တဲ့ ဂန္ဓဝင်စွန့်စားရေးသမားကြီး Bill Koala ပါ။ Blinky ကတော့ စူးစမ်းတတ်တဲ့ ကလေးပီပီ အဖေ့နောက်လိုက်ပြီး စွန့်စားခန်းတွေ ဖွင့်ချင်ပေမဲ့ စိုးရိမ်တတ်တဲ့ အမေကြောင့် ဘယ်ကိုမှ မသွားရတဲ့ ခိုအားလားပေါက်လေးပေါ့။Blinky ရဲ့ အဖေက ကန္တာရကြီးထဲမှ ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်တွေကို သွားကယ်တတ်ပါတယ်။ အဖေ့ရဲ့ စွန့်စားခန်းတွေကို နားထောင်ရုံသာ နားထောင်ပြီး လက်တွေ့စမ်းသပ်ခွင့်မရတဲ့ သနားစရာ Blinky လေးတစ်ယောက်Blinky တို့ရဲ့ အဖေတစ်ယောက် Sea of White Dragon ဆီ စွန့်စားခန်းထွက်သွားပြီး ပြန်မလာနိုင်တာ နှစ်ချီကြာနေပါပြီ။ အပြင်လောကက ကြောက်မက်ဖွယ်သားရဲကြီးတွေများစားသွားပြီလားပြန်လာဖို့ လမ်းများရှာမတွေ့နိုင်လို့လား Blinky တို့ သားအမိကတော့ မျှော်တလင့်လင့်ပေါ့ဒီလိုဒုက္ခပင်လယ်တွေ ဝေနေတုန်း အရင်က Greenpatch မှာ နေခွင့်ပေးဖို့ ငြင်းခဲ့တဲ့ Bill ကို အငြှိုးထားတဲ့ Cranklepot ဆိုတဲ့ ...
movie

Blinky Bill the Movie (2015)

The Dry 2 – Force of Nature (2024) 6.2
The Dry 2 – Force of Nature (2024) The Dry 2 - Force of Nature (2024)=======================စုံထောက် Aaron Falk က တောထဲ ခရီးထွက်ရာကနေ လမ်းပျောက်ခဲ့တဲ့ အမျိုးသမီးလေးယောက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါးယောက်မြောက်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Alice ကတော့ ကယ်တင်ခံရတဲ့အထဲမပါဘဲ ကျန်တဲ့အမျိုးသမီးတွေနဲ့ အဖွဲ့ကွဲပြီး တောထဲကျန်ခဲ့တယ်လို့ပြောတယ်။ ရဲတွေလည်း ပျောက်သွားတဲ့အမျိုးသမီး Alice ကို ရှာဖို့ တောထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပြီး ရှာဖွေကြတော့တယ်။ ဒါပေမဲ့ ကယ်တင်ခံရတဲ့ အမျိုးသမီးတွေပြောတဲ့စကားက တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အမျိုးမျိုးကွဲထွက်နေပြီး ယုံစားရခက်နေတာကြောင့် Alice ကို ရှာဖွေဖို့ ဘယ်လိုတွေအခက်အခဲဖြစ်မလဲ၊ တောထဲမှာ Alice ပါဝင်တဲ့ အမျိုးသမီးအဖွဲ့ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ဇာတ်ကြောင်းအစစ်အမှန်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ Mystery ဆန်စွာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ )File ...
movie

The Dry 2 – Force of Nature (2024)

The Loved Ones(2009) 6.6
The Loved Ones(2009) The Loved Ones(2009)==================အထက်တန်းကျောင်းသား ဘရန့်ဟာ ကားမတော်တဆမှုတစ်ခုမှာသူ့အဖေကို ဆုံးရှုံးပြီးကတည်းက စိတ်ဒဏ်ရာနဲ့ ဘဝကို ပစ်စလက်ခတ်ဖြတ်သန်းနေတဲ့ သူပါ။သူ့အဖေဟာ သူ့ကြောင့်သေရတာဆိုပြီးကိုယ့်ကိုကိုယ်အပြစ်တင်တဲ့စိတ်နဲ့ ဆေးခြောက်တွေချတဲ့အပြင်ကိုယ့်ကိုကိုယ်လည်း ဘလိပ်ဓားနဲ့ မွှန်းတတ်ပါသေးတယ်။တစ်နေ့မှာတော့ လူတစ်ယောက်က သူ့ကိုမေ့ဆေးအုပ်ပြီး ပြန်ပေးဆွဲသွားပါတယ်။ဘရန့်နိုးလာတဲ့ အချိန်မှာတော့ သူဟာ သူ့အတန်းထဲကကောင်မလေး လိုလာ တို့အိမ်မှာရောက်နေတာကို တွေ့လိုက်ရပါတယ်။လိုလာဟာ ဘရန့်ကို ကြိုက်နေသူဖြစ်ပြီး ဘရန့်ကိုလည်း ကျောင်းကပွဲကိုသူနဲ့ အတူသွားမလားလို့ မေးခဲ့ပါသေးတယ်။ဒါပေမယ့်လည်း ဘရန့်ကတော့ငြင်းလိုက်ပါတယ်။ သူငြင်းလိုက်တဲ့ လိုလာနဲ့ သူ့အဖေဟာ စိတ္တဇလူသတ်သမားတွေဖြစ်ကြပြီး လူတွေကို ရက်ရက်စက်စက်အမဲဖြတ်ရတာကိုပျော်ရွှင်တဲ့လူတွေဖြစ်ကြောင်း ဘရန့်သိလိုက်ရတဲ့ အချိန်မှာတော့သူဟာ သူတို့သားအဖရဲ့ အကျဉ်းသားဖြစ်နေပါပြီ။ဘရန့်တစ်ယောက် စိတ္တဇသားအဖနှစ်ယောက်ရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလား ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားမှာအသည်းတယားယားနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။Horror/Thriller အမျိုးအစားဖြစ်ပြီး သွေးသံတရဲရဲနဲ့ စိတ်ညစ်ညူးဖွယ်အခန်းတွေများတာကြောင့် စိတ်ကျန်းမာရေးမကောင်းသူ၊နှလုံးရောဂါအခံရှိသူတွေတော့ သတိထားကြည့်သင့်ပါတယ် ခင်ဗျ။ (ဘာသာပြန်နှင့်အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.16GB / 484MB Quality…Blu-Ray ...
movie

The Loved Ones(2009)

Abraham Lincoln: Vampire Hunter(2012) 5.9
Abraham Lincoln: Vampire Hunter(2012) Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie

Abraham Lincoln: Vampire Hunter(2012)