Channel Myanmar

Robert Wisden

Where Your Heart Belongs (2022) 5.5
Where Your Heart Belongs (2022)  မက်ကင်ဇီ ဆူလီဗန်က အမေဖြစ်သူဆုံးသွားကတည်းက သူ့မွေးရပ်မြို့ကလေးကို မပြန်ဖြစ်တော့ပဲ အတိတ်က စိတ်ဒဏ်ရာတွေကို ပြန်မခံစားချင်တာကြောင့် နယူးရော့ခ်မြို့မှာ အခြေချကာ အောင်မြင်တဲ့ ဈေးကွက်ရှာဖွေရေးမားကတ်တင်းပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ အချောအလှလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ ဖြစ်ချင်တော့ သူမရဲ့အခင်ဆုံးသူငယ်ချင်းက မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲကို မွေးရပ်မြို့ကလေးမှာ ပြန်လုပ်ချင်တဲ့အတွက် သူမကို ပွဲစီစဉ်ကူဖို့ အကူအညီတောင်းလို့ မွေးရပ်မြို့ကလေးကို ပြန်လာရပါတော့တယ်။ အဲဒီအချိန်မှာ အထက်တန်းတုန်းက သူမကို သဘောကျခဲ့တဲ့ အဆက်ဟောင်း ဒေလန်ဟာ အရင်လိုမဟုတ်တော့ပဲ ရင့်ကျက်ခန့်ညားလာကာ သူတို့နှစ်ယောက်သား အတူတူ မင်္ဂလာပွဲစီစဉ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီတော့ မက်ကင်ဇီတစ်ယောက် ဒေလန်နဲ့ ပြန်အဆင်ပြေသွားမလား၊ အမေဖြစ်သူဆုံးသွားတုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ပါ့မလားဆိုတာကို ချစ်စရာအလွဲအမှားလေးတချို့နဲ့ ကြည်နူးဖွယ်ကြည့်ရှုရမယ့် romance comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre... Family, Romance Subtitle….Myanmar Subtitle ...
movie

Where Your Heart Belongs (2022)

A Picture of Her (2023) 6.7
A Picture of Her (2023)  ဝါရှင်တန်က အဖေ့ရဲ့ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်တဲ့ ဘတ်သ် ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ အယ်လ်အေမြို့က သူ့ရဲ့အဒေါ် ခြေထောက်ကျိုးသွားတာကြောင့် အဒေါ်ကို ပြုစုပေးဖို့အတွက် မြို့ပေါ်ကိုတက်လာခဲ့ပါတယ်။အယ်လ်အေမြို့က လယ်သမားဈေး တစ်ခုမှာ လျှောက်ကြည့်နေတုန်း ဘတ်သ်ကို ဂျိတ်ဆိုတဲ့ ဓါတ်ပုံဆရာတစ်ယောက်က တွေ့သွားပြီး ဓါတ်ပုံလှမ်းရိုက်ခဲ့ပါတယ်။ အဲ့ဒီရိုက်လိုက်တဲ့ ဓါတ်ပုံဟာ မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဖို့ရွေးချယ် ခံလိုက်ရပြီးမှာတော့ ဘတ်သ်ဟာ လူအများကြားမှာ နာမည်ကြီးလာခဲ့ပါတယ်။ဒီနောက်မှာတော့ ဘတ်သ်ဟာ သူ့ရဲ့ဓါတ်ပုံကို အခွင့်မရပဲ ရိုက်လိုက်တဲ့ ဓာတ်ပုံဆရာရဲ့ သရုပ်မှန်ကို လိုက်လံရှာဖွေပါတော့တယ်။ ဒီလိုရှာဖွေနေချိန်အတွင်းမှာ ဘတ်သ်နဲ့ ဂျိတ် တို့ရဲ့ အချစ်ဇာတ်လမ်းလေး ပေါက်ဖွား လာတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(855 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

A Picture of Her (2023)

Watchmen (2009) 7.6
Watchmen (2009) ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie

Watchmen (2009)

2009
4K HEVC
Final Destination (2000) 6.7
Final Destination (2000) Final Destination(2000) IMDb......6.7/10  (Blu-Ray 1080p 5.1 CH,Blu-Ray 720p တို့ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….))Horror ကားကြိုက်နှစ်သက်သူတို့အဖို့  ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ....ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ.......Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး....မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယ္ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက်  အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်..... --------------------------------------------------------- File Size : (1.6GB) and (856MB) Quality : Blu-Ray 1080p ...
movie

Final Destination (2000)

2000
Legends of the Fall(1994) 7.5
Legends of the Fall(1994) Legends of the Fall(1994) IMDb....7.5 ကျွန်တော်ငယ်ငယ်တုန်းက ၀တ္ထုတို တစ်ပုဒ်ဖတ်ဖူးတယ်... ခေါင်းစဉ် စာရေးသူကိုမမှတ်မိပေမယ့် သင့်အနားမှာ ကြိုးတစ်ချောင်းကို မထားပါနဲ့ဆိုတဲ့အကြောင်းအရာကို ရေးဖွဲ့ထားတာတော့ မှတ်မိတယ်... နှောင်ဖွဲ့မှုတွေများလာတဲ့အခါ လောကကြီးမှာ မလူးသာမလွန့်သာတဲ့အဖြစ် အကြောင်းလေးကိုရေးဖွဲ့ထားတာပါ..သို့ပေမယ့်လည်း အရွယ်ရောက်လာတော့ လောကကြီးနဲ့ မိမိဆက်သွယ်ထားဖို့ ကြိုးလေးတွေလိုအပ်ကြောင်းသိလာတယ်... ဒီကြိုးတွေဟာ တစ်ခါတစ်ရံအင်အားသိပ်ကောင်းတယ် ...ငါသူ့အတွက်အသက်ရှင်မှဖြစ်မယ်ဆိုတဲ့ အကြီးမားဆုံး စွမ်းအင်ရင်းမြစ်တစ်ခုလည်းဖြစ်နိုင်တာကိုးးး... Legends of the Fall ဆိုတဲ့ကားမှာတော့ ဖခင်နှင့် သားသမီးတွေကြားက ဆက်သွယ်ထားတဲ့ မေတ္တာနှောင်ဖွဲ့ကြိုးအကြောင်းကိုရိုက်ပြထားပါတယ်. ဖခင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Anthony Hopkins ကိုတော့ Silence of the Lambs မှာအော်စကာရခဲ့ သဘာဝမင်းသားကြီးကိုတော့ အားလုံးသိကြမှာပါ Brad Pitt ကတော့ ဒီကားဟာသူရဲ့ပထမဆုံးမင်းသား သရုပ်ဆောင်ဖြစ်ခဲ့တယ်လို့ဆိုကြတယ်. ..Anthony Hopkins ကိုတော့ ထူးပြီးချီးကျူးစရာမလိုပေမယ့် တက်သစ်စမင်းသား Brad Pittကတော့ ဒီကားမှာပဲ နာမည်ကြီးသွားတယ်... ဗိုလ်မှူးကြီးဟောင်းဖြစ်တဲ့ William မှာ သား(၃)ယောက်ရှိတယ်. ..သူ့သား(၃)ယောက်ကို အစိုးရ၀န်ထမ်း မဖြစ်စေချင်ဘဲ ငြိမ်းချမ်းစွာ အသက်မွေးနေထိုင်စေချင်တယ်. ..သားအလတ်ဖြစ်သူ Brad Pitt ကတော့ ညီအကိုထဲမှာ တမူကွဲထွက်နေတယ်. ..ဖခင်ရဲ့လူယုံတော် အင်ဒီးယန်းလူမျိုးမိသားစုထဲမှာကြီးပျင်းပြီး အမဲလိုက်သည်ကိုနှစ်ခြိုက်သည်. ..ခပ်ကြမ်းလူငယ်ငယ်တစ်ယောက်ဟုဆိုရမည်ဖြစ်သည်... ပထမ ကမ္ဘာစစ်ဖြစ်တော့ ဖခင်ရဲ့ ဆန္ဒကိုငြင်းပယ်ပြီး သား(၃)ယောက်လုံးစစ်ထဲဝင်သွားခဲ့သည်.... ဒီကားဟာ သိပ်ကိုကောင်းလွန်းတဲ့ Drama, Romance, War ဇာတ်ကားအမျိုးအစားပါ... ...Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲညွှန်းဆိုပါရစေ ခံစားကြည့်လိုက်ပါဦး.... File Size ...
movie


1994