Channel Myanmar

Robert Patrick

Safe House (2012) 6.7
Safe House (2012) Safe House (2012)Denzel Washington နဲ့ Ryan Reynolds တို့ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Action Thriller အမျိုးအစား ဇာတ်ကြမ်းကားဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ Ryan Reynolds ကို CIA Agent အငယ်လေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီးDenzel  ကိုတော့ အထာကျကျ ဉာဏ်ကစားမယ့် ဆရာကြီးအဖြစ် မြင်တွေ့ရမှာပါ။No One is Safe ဆိုတဲ့အတိုင်း ဘယ်လောက်ပဲ လုံခြုံအောင်လုပ်ထားထားတစ်နေရာရာကနေတော့ ယိုပေါက်က ရှိလာတတ်တာပါပဲ။တစ်ယောက်ကိုတစ်ယောက်ထိုးချပြီး အမှားမခံနိုင်ဘဲ ဘဝပျက်သွားနိုင်တဲ့ ကစားပွဲမှာအပြိုင်အဆိုင်ဉာဏ်ကစားရင်းနဲ့ နောက်ကွယ်က လက်မည်းကြီးတွေကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာ...။ File size…(3.5 GB )/(1.7 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:54:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Safe House (2012)

Texas Rangers (2001) 5.5
Texas Rangers (2001)  ဒီဇာတ်ကားက အမေရိကန်နိုင်ငံရဲ့ ၁၈၀၀ ပြည့်နှစ်အလွန်ကာလတွေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ပြည်တွင်းစစ်မတိုင်ခင်က ကပ္ပတိန်မက်နယ်လီကတက္ကဆက်ရိန်းဂျားအဖွဲရဲ့ ခေါင်းဆောင်ပါ။ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်မှာ အမေရိကန်တက္ကဆက်ပြည်နယ်မှာ သူခိုးဓားပြ တွေက ကြီးစိုးနေတဲ့အတွက် ပြည်နယ်အစိုးရက ကပ္ပတိန်မက်နယ်လီကိုတက္ကဆက်ရိန်းဂျားအဖွဲကို ပြန်လည်ဖွဲစည်းစေတဲ့အခါသူခိုးဓားပြတွေကို နှိမ်နင်းဖို ဖြစ်လာပါတော့တယ်။ကပ္ပတိန်မက်နယ်လီနဲ့ အတွေ့အကြုံမရှိသေးတဲ့လူငယ်လေးတစ်ဖွဲက သူခိုးဓားပြတွေကို ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ ဒီရုပ်ရှင်မှာ၁၈၀၀ ပြည့်နှစ်အလွန် အမေရိကန်လူနေမှုဘ၀ နဲ့ယဉ်ကျေးမှုအကြောင်းကိုတွေ့မြင်ရမှာပါ။ အမေရိကန်ကောင်းဘွိင်တွေရဲ့ အပစ်အခတ် အသတ်အပုတ်တွေကိုအက်ရှင်ဆန်ဆန်ရှုစားရမှာဖြစ်ပြီး ကောင်းဘွိင်ရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုကောင်းမဲ့အက်ရှင်ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။  File size…  1.54GB / 781MB Quality… Blu- Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action ,  Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Texas Rangers (2001)

Arnold & Sly: Rivals, Friends, Icons (2024) 7.3
Arnold & Sly: Rivals, Friends, Icons (2024) Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating - 7.3/10အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ ...
movie

Arnold & Sly: Rivals, Friends, Icons (2024)

2024
Balls of Fury (2007) 5.3
Balls of Fury (2007) Balls of Fury (2007) Genre – Comedy, Crime, Sport IMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းကကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲကလူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါနောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီးငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ်အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ်ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီးပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲအဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက်သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ ...
movie

Balls of Fury (2007)

Terminator 2: Judgment Day (1991) 8.6
Terminator 2: Judgment Day (1991) လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ ...
movie

Terminator 2: Judgment Day (1991)

1991
The Marine (2006)
The Marine (2006) ဒီဇာတ်ကားလေးမှာ တွေ့ရမှာ‌ကတော့ အားလုံးရဲ့ အချစ်တော် ကိုဂျွန်စီးနားကြီးပဲဖြစ်ပါတယ်။အက်ရှင်ကား ကြမ်းကြမ်းတမ်းတမ်း‌‌မျှော်နေတဲ့လူတွေရဲ့ အကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ဇာတ်လိုက်‌ကျော်ကြီး ကိုဂျွန်စီးနားက ရေတပ်ကနေအမိန့်မနာခံလို့ အထုတ်ခံလိုက်ရပါတယ်။အလုပ်ဆိုလို့စစ်ထဲပဲနေလာတဲ့ လူဖြစ်နေတော့ဘာအလုပ်မှလဲ မလုပ်တတ်မကိုင်တတ် ဖြစ်နေတော့ အရာအားလုံးဆီကနေအနားယူ ထွက်ပြေး ခရီးထွက်လာပါတော့တယ် အဲဒီအချိန် တဖက်မှာလဲ စိန်သူခိုးတအုပ်နဲ့ တိုးပြီးတော့ သူ့မိန်းမကိုပြန်ပေးဆွဲသွားတဲ့အခါ ဂျွန်တယောက် သူ့မိန်းမကို ကယ်ဖို့ တောထဲကို တစ်ယောက်ထဲ စွန်းစားပြီးလိုက်ပါတော့တယ်။ဂျွန်စီးနားကြီးရဲ့ ‌တိုက်ပုံခိုက်ပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရမှာပါ။ဇာတ်လမ်းက ကြမ်းလဲကြမ်းသလို တချို့အခန်းတွေလဲ ရယ်စရာလေးတွေပါလို့ မြည်းစမ်းကြည့်ကြပါလို့ပဲအကြံပြုလိုက်ပါတယ်ခင်‌ဗျာ။ File size…    1.2 GB /  796 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by DrZac
movie

The Marine (2006)

Walk the Line (2005) 7.8
Walk the Line (2005) Walk the Line (2005)~ IMDb - 7.8/10, Rotten Tomatoes - 82% ~ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း ...
movie

Walk the Line (2005)

2005
Die Hard 2 (1990) 7.2
Die Hard 2 (1990) ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Die Hard 2 (1990)

1990
4K HEVC
All the Pretty Horses (2000) 5.8
All the Pretty Horses (2000) All the Pretty Horses (2000)ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး "Best Seller" စာအုပ်တစ်အုပ်ဖြစ်တဲ့ "All the Pretty Horses" ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့... တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါ‌သေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

All the Pretty Horses (2000)

2000
The Men Who Stare at Goats (2009) 6.2
The Men Who Stare at Goats (2009)  ယခုရုပ်ရှင်ကနာမည်တူစာအုပ်ကိုအခြေခံထား ပြီး Ewan McGregor နဲ့ George Clooney တို့ဦး ဆောင်ပါ၀င်ထားပါတယ်။ဇာတ်လမ်းအစမှာ သတင်းစာသမားဖြစ်တဲ့ ဝဲလ်တန် ဟာ အယ်ဒီတာရဲ့စေခိုင်းမှုအရ နယ်ခံ စစ်မှုထမ်း‌ ဟောင်းတစ်ယောက်ကိုအင်တာဗျူးဖို့ဖြစ်လာပါတယ်။ အဆိုပါအင်တာဗျူးကြောင့်ဝဲလ်တန်တစ်ယောက် အမေရိကန်အစိုးရရဲ့အထူးစစ်သားတွေဖန်တီးနေတဲ့ လျှိုဝုက်ပရိုဂရမ်အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။အထူးစစ်သားတွေဟာ နံရံတွေကိုဖြတ်ကျော်သွားနိုင်သလို အကြည့်တစ်ချက်နဲ့ သက်ရှိတွေရဲ့နှလုံးခုန်ကို ရပ်တန့်အောင်ပြုလုပ်နိုင်တဲ့စိတ်စွမ်းအင်ရှိတဲ့သူတွေဖြစ်တယ်ဆိုပါတယ်။ ဝဲလ်တန်အနေနဲ့ကနဦးမှာအယုံအကြည့်မရှိခဲ့ပေမယ့် စစ်ပွဲသတင်းတွေရေးဖို့ကူဝိတ်ကိုရောက်ရှိသွားရာမှာ အထူစစ်သားအဖွဲ့ကအတော်ဆုံးအဖွဲ့၀င် လန့်ကတ်စတီ အမှတ်မထင်ဆုံမိကြပြီး ခရီးလမ်းတစ်လျောက်မှာ အထူးအဆန်းတွေကိုဆက်တိုက်ကိုကြံရပါတော့တယ်။ File size…(1.3 GB)/(646 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yani
movie

The Men Who Stare at Goats (2009)

Dark Asset (2023) 5.5
Dark Asset (2023)  Elon Musk မိတ်ဆက်ပေးခဲ့တဲ့ ဦးနှောက်ထဲကွန်ပြူတာချစ်ပ်ပြားတွေထည့်ပြီးလူရဲ့လုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်မဲ့နည်းပညာကိုကြားဖူးကြမှာပါ။ဒီ Dark Asset ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့လိုနည်းပညာကို အဓိကထားပြီးရိုက်ကူးထားတာကိုတွေ့နိုင်မှာပါ။နည်းပညာတွေကတဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့အချိန်မှာ လူသားဦးနှောက်တွေက မတိုးတက်လာဘဲ ဒီအတိုင်းရပ်တန့်ပြီးကျန်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ လူသားဦးနှောက်တွေကို မြှင့်တင်ပေးဖို့အတွက်မိုက်ခရိုချစ်ပ်ပြားတွေထည့်တဲ့ ပရိုဂရမ်တစ်ခုကို ဒေါက်တာကိန်းဆိုတဲ့ လူကဦးဆောင်ခဲ့ပါတယ်။အဲ့ဒီ ပရိုဂရမ်ရဲ့ လက်ရှိစမ်းသပ်ခံကတော့ ဂျွန်ဒိုးဆိုတဲ့အထူးတပ်သားဟောင်း တစ်ယောက်ဖြစ်ပါတယ်။ချစ်ပ်ပြားက သူ့ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို တကယ်တိုးမြှင့်ပေးနိုင်ပေမဲ့ ချို့ယွင်းချက်တွေရှိနေတဲ့အတွက်ဂျွန်ကို ထိန်းချုပ်လို့မရတော့ဘဲနဲ့ အစောင့်တွေကို သတ်ပြီးထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။ဒါပေမယ့် ဂျွန်ထွက်မပြေးသွားခင်မှာ အဲ့ဒီပရိုဂရမ်ရဲ့ ပင်မစနစ်ထဲကိုဖောက်ဝင်ခဲ့ပြီး အရင်တုန်းက စမ်းသပ်ခံတွေဆီကို အကြံပြုချက်လို့ခေါ်တဲ့စေခိုင်းတဲ့ အမိန့်လိုမျိုးသတင်းစကားပါးခဲ့ပါတယ်။အဲ့ဒီသတင်းစကားကဘာဖြစ်မလဲထွက်ပြေးလွတ်မြောက်သွားတဲ့ ဂျွန်ဒိုးကိုရောဖမ်းဆီးနိုင်ပါ့မလား ဒီပရိုဂရမ်ကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုမှောင်မိုက်တဲ့ အမှန်တရားတွေရှိနေလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။  File size…1.57GB / 634MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Dark Asset (2023)

Strange Wilderness (2008) 5.2
Strange Wilderness (2008) Strange Wilderness (2008) ====================ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း - ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ...
movie

Strange Wilderness (2008)

.2008
Endless Love (2014) 6.2
Endless Love (2014) Endless Love (2014)~ IMDb rating - 6.2/10 ~ဒီရုပ်ရှင်လေးထဲမှာတော့ အထက်ကျောင်းမှာ အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျိတ်ဘတ်တာဖီးလ်ဆိုတဲ့ကောင်မလေးတစ်ယောက် သူ့အစ်ကိုခရစ်ကိုဆုံးရှုံးပြီးနောက်ပိုင်း အနေအေးလာတဲ့အခါ ကျောင်းမှာသူတစ်ယောက်တည်းလိုမျိုး အဖော်မရှိဖြစ်နေခဲ့ပါတယ်။ သူများတွေ ဂျိတ်ကိုမေ့မေ့ပျောက်‌ပျောက်ဖြစ်နေပေမဲ့ အဲဒီထဲမှာ သူ့ကိုသဘောကျပြီး စောင့်ကြည့်နေတဲ့ ဒေးဗစ်ဆိုတဲ့ အတန်း‌ဖော်ကောင်လေးကတော့ မပါခဲ့ပါဘူး။ဒေးဗစ်ဟာ တစ်ကောင်ကြွက်၊ ဝပ်ရှော့ဖွင့်ထားတဲ့ အဖေပဲရှိတော့တဲ့ သာမန်လက်လုပ်လက်စား မိသားစုငယ်လေးကဖြစ်ပြီး ဂျိတ်ကတော့ ပညာတတ်လူကုံထံအသိုင်းအဝိုင်းကဖြစ်ပါတယ်။ သားတစ်ယောက်လည်းဆုံးရှုံးထားရတဲ့ သူ့ရဲ့အဖေ ဟူ့ချ်ဘတ်တာဖီးလ်ဟာ အငယ်ဆုံးသမီးလေးဂျိတ်တစ်ယောက် ဒေးဗစ်နဲ့တွေ့တဲ့အခါမှာ ဘယ်လိုမှသဘောမတူနိုင်ဖြစ်ခဲ့ရပါတယ်။ ပညာရေးအရရော အဆင့်အတန်းအရပါကွာခြားလွန်းနေတဲ့ ဒေးဗစ်ကို ဂျိတ်ရဲ့အမေ"အန်း"နဲ့ အစ်ကို"ကိ့သ်"တို့က ကြည်ဖြူကြပေမဲ့ ဟူ့ခ်ျကတော့ လုံးဝလက်မခံနိုင်ခဲ့ပါဘူး။မိုးအေးအေးနဲ့ကွေးရင်းကြည့်လို့ကောင်းမယ့် ဒီလူငယ် Drama, Romance ကားကောင်းလေးတစ်ကားပါပဲ။ ဟူ့ခ်ျတစ်ယောက် ဒေးဗစ်နဲ့ဂျိတ်ရဲ့ဆက်ဆံရေးကို ဘယ်လိုကြားဝင်နှောင့်ယှက်မလဲ... တကယ်တော့ သူဟာဘယ်လိုလူမျိုးလဲ... မိသားစုအပေါ်တကယ်ရောကောင်းရဲ့လား... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရင်း ဒေးဗစ်နဲ့ ဂျိတ်အချစ်ဇာတ်လမ်းကိုလည်း ရင်တဖိုဖိုနဲ့ ...
movie

Endless Love (2014)

2014
[18+] Striptease (1996)
[18+] Striptease (1996) Striptease (1996)ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ ...
movie

[18+] Striptease (1996)

1996
Last Action Hero (1993)
Last Action Hero (1993) IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie

Last Action Hero (1993)

What Josiah Saw (2021) 6.1
What Josiah Saw (2021) What Josiah Saw (2021)IMDB Rating - 6.1/10 Rotten Tomatoes - 90%7 Wins & 6 Nominationsဝီးလိုးလမ်းမကြီးပေါ်က သရဲခြောက်တယ်ဆိုတဲ့ ဂရေဟမ်မိသားစုပိုင် ခြံစိုက်ခင်းကြီးအကြောင်း တစ်မြို့လုံး သိကြပေမဲ့ ဖခင်ဖြစ်သူ ဂျိုဆိုင်းယား၊ မိခင် မီရီယမ်၊ သားဖြစ်သူ အီလိုင်၊ သမီးဖြစ်သူ မယ်ရီ နဲ့ သားအငယ်ဆုံးလေး တွမ်မီတို့ ငါးယောက်ကြားက အတိတ်ဆိုးကြီးကိုတော့ သိတဲ့သူ မရှိပါဘူး ဘာသာရေး ကိုင်းရှိုင်းပြီး မိသားစုကို ချစ်တတ်တဲ့ မိခင်ဖြစ်သူ မီရီယမ်တစ်ယောက် ဘာကြောင့် ဝက်သစ်ချပင်ကြီးပေါ်မှာ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားရတာလဲ သွားလေသူ မီရီယမ် ခြောက်လှန့်နေတဲ့ ခြံကြီးထဲမှာ နှစ်ယောက်တည်း ကျန်ခဲ့တဲ့ ဖခင်ဖြစ်သူ ဂျိုဆိုင်းယားနဲ့ သားငယ်လေး တွမ်မီတို့ ဘယ်လို နှစ်ပါးသွားကြမလဲ အိမ်က ထွက်လာပြီးတည်းက လေလွင့်နေခဲ့တဲ့ အီလိုင်တစ်ယောက် လောင်းကစားကြွေးတွေကို ပြန်ပေးဖို့ကြိုးစားရင်း ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံရမလဲ ကလေးဘဝက ကြုံခဲ့ရတဲ့ Trauma တွေကြောင့် အိမ်ထောင်သည်ဘဝကို ...
movie

What Josiah Saw (2021)

2021
Ladder 49 (2004) 6.5
Ladder 49 (2004)   Ladder 49 ~~~~~~ IMDb - 6.5 RT - 41% မီးသတ်သမားတွေဆိုတာ အမေ့ခံ ပုဂ္ဂိုလ်တွေလို့ပဲ ပြောရမလားပဲ။ ကိုယ့်အသက်ကို ပဓာနမထားပဲ ကယ်တင်မှုတွေလုပ်ပေးပေမဲ့ ဆုတံဆိပ်အချို့က လွှဲလို့ ဘာမှရခဲ့တာမဟုတ်ပါဘူး။ အဲ့ဒီလိုလေးတွေနဲ့ပဲ ချွေးသိပ်ခဲ့ကြရတာပါ။အဲ့လို‌အမေ့ခံသူရဲကောင်းတွေဖြစ်တဲ့ မီးသတ်သမား‌တွေအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်များစွာရှိပါတယ်။ အဲ့ဒီထဲမှာမှမင်းသား Joaquin Phoenix ရဲ့ ၂၀၀၄ က ရိုက်ကူးခဲ့တဲ့ Ladder 49 ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ဗာတီမောမြို့က ဂျက်မော်ရစ်စင် အမည်ရတဲ့ မီးသတ်သမားရဲ့ဘဝကို အခြေတည်ထားပြီး မီးသတ်သမားတွေရဲ့ ဘ‌ဝတွေ လူမှုပြဿနာတွေ သူရဲကောင်းဆန်မှုတွေ ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဝင်ငွေပိုင်းအရ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီ ကမ္ဘာ့တစ်ဝန်းမှာ သန်းတစ်ရာကျော်ပြန်လည်ရရှိခဲ့ပါတယ်။ File size…(1.77GB)/(1.01GB)/(597MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Action /Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie

Ladder 49 (2004)

The Faculty (1998) 6.5
The Faculty (1998) Sci-Fi / Horror ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဟောင်းလေးတင်ဆက်လိုက်ပါတယ်။The Lord of the rings ဇာတ်ကားမှာ လူပုလေးဖရိုဒိုနေရာကနေဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Elijah Wood ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလည်းဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်အပြင် ဇာတ်ပျိုး၊ဇာတ်လယ်၊ဇာတ်တက်၊ဇာတ်ဆင်း ရှယ်ကြမ်း ရှယ်ကောင်းတဲ့ science-fiction တစ်ဖြစ်လဲ horror ကားကောင်းလေးလည်းဖြစ်ပါတယ်။ဇာတ်ကားနာမည်လေးကတော့ The Faculty (1998) ဖြစ်ပြီး IMDb အနေနဲ့ 6.5 ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ပြောပြနေတာထက် ကြည့်လိုက်တာက ပိုကောင်းတာမို့ မညွှန်းတော့ပါဘူးနော်။ File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:44:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

The Faculty (1998)

No Man of God(2021) 6.5
No Man of God(2021) No Man of God(2021)အညွှန်း**************************The Lord of the Rings ထဲက ဖရိုဒိုလေးက ဒီတစ်ခါတော့FBI အရာရှိ ဘေလ်ဟက်မိုင်ယာ အဖြစ်ပါဝင်ထားပါတယ်..." ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ လျှပ်စစ်ကုလားထိုင်နဲ့ ကွပ်မျက်ခြင်း ခံလိုက်ရတဲ့ တက်ဘန်ဒီ " တက်ဒ်ဘန်ဒီခေါ် အမည်ရင်း သီအိုဒေါဘန်ဒီဆိုတဲ့သူက ဘယ်သူများလဲ... ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ သေဒဏ်အထိ ပေးခံခဲ့ရတာလဲ... အမေရိကားမှာတော့ တက်ဘန်ဒီဆိုတဲ့နာမည်ကြားရင် မသိသူမရှိလောက်အောင်ပါပဲ .... ဘာလို့လဲဆိုတော့ သူက ၁၉၇၀ ကျော်မှာ အမေရိကန်ပြည်နယ်ပေါင်းများစွာကို လှည့်လည်ပြီး အရွယ်မရောက်သေးတဲ့ကလေးသူငယ်အပါအဝင် မိန်းကလေးပေါင်းများစွာကို ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားဖြစ်နေလို့ပါပဲ... သူနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေ စာအုပ်တွေလည်း အမြောက်အများ ထုတ်ဝေခဲ့ကြဖူးပါတယ် ... ခုလည်း ၂၀၂၁ မှာ မင်းသား လုခ်ကာဘီ က တက်ဒ်အဖြစ် သရုပ်ဆောင်ထားတဲ့ဇာတ်ကားထွက်လာပြန်ပါပြီ ... ထူးခြားတာက ယခုဇာတ်ကားမှာတော့ တက်ဒ်ရဲ့ရှူထောင့်ဘက်က မဟုတ်ပဲ တက်ကို အင်တာဗျူးမယ့် FBI ...
movie

No Man of God(2021)