Channel Myanmar

Robert J. Wilke

Spartacus (1960)
Spartacus (1960)  ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Spartacus (1960)

Days of Heaven (1978) 7.8
Days of Heaven (1978) Days of Heaven (1978) ================= IMDb Rating 7.8/10Days of Heavenဟာ Terrence Malickရဲ့ ဒုတိယကားပါ။ Terrence Malickပီသစွာပဲ အစက ကားတွေမှာတောင် narrative တွေ ရင်သပ်ရှုမောလောက်အောင် လှတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ ပုံဖော်ထားတဲ့ ကားပါပဲ။ ဒါပေမဲ့ narrativeတွေဟာ သူ့နှောင်းပိုင်းကားတွေ အရမ်းကြီးတော့ fragmentation မဆန်သေးပါဘူး။ ဒီရုပ်ရှင်ရဲ့အခန်းအများစုကို Golden hour လို့ခေါ်တဲ့ စီနီမာတိုဂရပ်ဖာတွေက "magic hour " လို့ ခေါ်ကြတဲ့ အချိန်တွေမှာ ရိုက်ကူးခဲ့တာပါ။ အကျဉ်းဖြဉ်းအားဖြင့်တော့ နေထွက်ပြီးစနဲ့ နေမဝင်ခင် ကောင်းကင်နီဆွေးလှပနေတဲ့ အချိန်တွေကိုခေါ်တာပါ။Days of Heavenဟာ အော်စကာဆုပေးပွဲမှာ Academy Award for Best Cinematography ဆုရခဲ့ပြီး 1979 Cannes Film Festival မှာ Best Director ဆုလည်းရရှိခဲ့ပါတယ်။ ရစ်ချက်ဂီရိလို တစ်ချိန်က နာမည်ကျော်မင်းသားကြီးကို သုံးထားပြီး ဒီထဲမှာ သူတော်တော်နုသေးတာကြောင့် တစ်ချိန်က လူကြိုုက်များ ခဲ့တဲ့ ...
movie

Days of Heaven (1978)

The Magnificent Seven (1960) 7.8
The Magnificent Seven (1960) Magnificent Seven 1960IMDb 7.8ဒီရုပ်ရှင်ကတော့ ကမ္ဘာကျော် Seven Samurai ရုပ်ရှင်ကို အခြေခံပြီး ကောင်းဘွိုင်ဇာတ်လမ်းအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်လည်း ဆုတွေအတော်ရခဲ့ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အင်အား ၄၀ ကျော်ရှိတဲ့ ဓားပြအုပ်စုကြီးရဲ့ လုယက်အနိုင်ကျင့်မှုတွေကို မခံနိုင်တော့တဲ့ ရွာလေးတစ်ရွာက လယ်သမားတွေဟာ ရှိသမျှပစ္စည်းလေးတွေနဲ့ သူတို့ဘက်က ကာကွယ်ပေးမယ့် သေနတ်သမားတွေကို လိုက်ပြီးငှားရမ်းပါတယ်။စုစုပေါင်း ဒေါ်လာ ၂၀ ထဲနဲ့ သူတို့အတွက် အသေခံတိုက်ပေးမယ့် ထူးထူးခြားခြား သေနတ်သမား ၇ ယောက် ပေါ်ပေါက်လာတဲ့အခါ.....Tartee Poe ဘာသာပြန်ထားပါတယ်
movie

The Magnificent Seven (1960)

1960