Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Robert Harvey
6.5
The Instigators (2024)
ဖျော်ဖြေမှုကောင်းကောင်းပေးမဲ့ သည်းထိပ်ရင်ဖို ဟာသအက်ရှင်ကားပါ။ ဒါရိုက်တာက Edge of Tomorrowလက်ရာရှင် Doug Liman ဖြစ်ပြီး အော်စကာဆုရှင်နှစ်ယောက်ဖြစ်တဲ့ မက်ဒေမွန် နဲ့ ကေစီ အက်ဖလက်တို့ ပါဝင်ထားပါတယ်။Good Will Hunting ကတည်းက အတွဲညီခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် မက်ဒေမွန် နဲ့ ဘန်အက်ဖလက်တို့ အတူ ထုတ်လုပ်ထားတာပါ။ ဇာတ်ညွှန်းကလည်း ကေစီအက်ဖလက်လက်ရာပါပဲ။ ဇာတ်လမ်းအကျဉ်း****************မြို့တော်ဝန် ရွေးကောက်ပွဲ အပြီးမှာ မြို့တော်ဝန်ရဲ့ ပါတီကိုရောက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ ငွေသားတွေကို ဓားပြတိုက်ဖို့လူနှစ်ယောက်ကို အလုပ်အပ်လိုက်မိတယ်။ အဲဒီနှစ်ယောက်မှာတစ်ယောက်က မရိန်းတပ်ထွက်၊ ကိုယ့်ကိုယ်ကိုယ် လက်စတုံးချင်စိတ်ပေါက်နေလို့ စိတ်ကုထုံး ပြနေရတဲ့လူ၊ နောက်တစ်ယောက်ကထောင်ထွက် တစ်ခန်းလွတ်ပါ။ အခြားလုပ်ရဲမဲ့သူလည်း ရှာမရလို့ဂေါက်သီးနှစ်ယောက်ကို အလုပ်အပ်လိုက်မိတာ တလွဲတွေတန်းစီဖြစ်ကုန်ပုံကို ပြထားတာပါ။ ရဲတွေ တစ်အုပ်ကြီးနောက်ကလိုက်နေရင်း၊ မြို့တော်ဝန်ဘက်က လူတွေလည်း လိုက်တာခံရရင်တလွဲတွေ ဆက်တိုက်လုပ်သွားပုံကို ကြည့်ပြီး ခွီရမှာပါ။ကြည့်လိုက်ကြပါဦး။ File size…5.03GB / 2.12GB ...
movie
The Instigators (2024)
4K HEVC
Catch That Kid (2004)
ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို ...
movie
Catch That Kid (2004)
5.0
First Kill (2017)
First Kill (2017) IMDb: 5.0/10 Genre: Action/ThrillerWall Street Broker တစ်ယောက်ဖြစ်တဲ့ ဝီလ်ဘီးမန်းရဲ့ဘဝဟာ ဇနီးနဲ့သားဖြစ်သူအတွက် အချိန်ပေးဖို့ကြိုးစားနေတဲ့ သာမန်စီးပွားရေးသမားအပြင် မပိုခဲ့ပါဘူး။တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့ ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့ ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။သေနတ်သံကြောင့် အာမေဋိတ်ထွက်သွားတဲ့ ဒန်နီကြောင့် သေနတ်သမားရဲ့ ရန်မှုပစ်ခတ်ခြင်းကို ခံရပါတယ်။ သားဖြစ်သူရဲ့ အသက်အန္တရာယ်ကြောင့် ဝီလ်အနေနဲ့ သေနတ်သမားကို အမဲလိုက်သေနတ်နဲ့ ပြန်ပစ်ခဲ့ရပါတယ်။ နေရာမှာတင် ပွဲခြင်းပီး သေဆုံးခဲ့တာကြောင့် ...
movie
First Kill (2017)
6.4
Blood Work (2002)
ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie
Blood Work (2002)
Reign Over Me (2007)
အယ်လန်ဂျွန်ဆန်ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ ချစ်ရတဲ့အမျိုးသမီးနှင့်အတူ သမီးလေးထွန်းကားထားပြီး ကြည်နူးစရာမိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့မိန်းမဖြစ်သူက သူ့ကို တအားချုပ်ချယ်လွန်းပြီး သူ့ခဗျာ မိန်းမဖြစ်စေချင်တဲ့အတိုင်းနေရရှာပါတယ်။တစ်နေ့မှာတော့ သူက ဆေးခန်းကအပြန်မှာ ကောလိပ်တုန်းက အခန်းဖော်ဖြစ်ခဲ့တဲ့ ချာလီဖိုင်းမန်းကို မီးပွိုင့်မှာ သွားတိုးပါတော့တယ်၊ တစ်ဖက်မှာ ချာလီဖိုင်းမန်းဟာ သူရဲ့မိန်းမဖြစ်သူနှင့် သမီးသုံးယောက်ကို လေယာဉ်ပျက်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ပြီး အလွမ်နာကျကာ လုံးပါးပါးနေရှာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါ ဂျွန်ဆန်က ချာလီရဲ့စိတ်ဒဏ်ရာကို အကြောင်းပြပြီး မိန်းမရဲ့ချုပ်ချယ်မှုကနေ လွှတ်မြောက်အောင် လုပ်ပါတော့တယ်။ဒါပေမဲ့ ကြာလာတာနဲ့အမျှ ချာလီခံစားနေရတာကို မကြည့်ရက်တဲ့အတွက် ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်အောင် သူအစွမ်းကုန် ကူညီပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို ချာလီ့နေရာကနေ ဝင်ခံစားရစေပြီး တစ်ဖက်မှာလည်း ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ကူညီကြိုးစားပေးနေတဲ့ ဂျွန်ဆန်နေရာကနေ ဝင်ခံစားမိစေပြီး တကယ့်ကို အနှစ်သာရရှိတဲ့ လောကဓံတရားကို ပညာပေးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါကြောင့် ...
movie
Reign Over Me (2007)
5.3
Honey, We Shrunk Ourselves(1997)
Honey, We Shrunk Ourselves (1997) ===========================ကလေးတွေကိုချုံ့လိုက်၊ ကလေးလေးကို ကြီးအောင်လုပ်လိုက်နဲ့ အမျိုးမျိုးလွဲနေတဲ့ သိပ္ပံပညာရှင် စလင်စကီ တစ်ယောက်ကတော့ ဒီတစ်ခါမှာ သူတို့ကိုယ်သူတို့ ချုံ့လိုက်မိသွားပါပြီ။Honey, I Shrunk the Kids က စခဲ့တဲ့ ဒီဇာတ်လမ်းက အခုဆိုရင် သုံးကားမြောက်ပါပဲ။ အသက်အရွယ်တိုင်းမှာ အရှုံးသမားဖြစ်ခဲ့တဲ့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ အလွဲတကာအလွဲတွေထဲမှာ သူနဲ့ သူ့တွဲ ဖက်တို့ လင်မယားနှစ်စုံ အချုံ့ခံလိုက်ရပြီး မြင်ကွင်းကပျောက်နေတော့ ကလေးတွေက မိဘတွေ မရှိဘူးအမှတ်နဲ့ အိမ်မှာ သောင်းကျန်းနေပုံ တွေကို ငလက်မလေးတွေဘဝနဲ့ ထိုင်ကြည့်နေရတဲ့အဖြစ်ပါ။မိသားစုတစ်ခုမှာ မိဘတွေရဲ့ စိုးရိမ်စကား တားမြစ်စကားတွေကို သား သမီးတွေက ပိတ်ပင်တယ်ထင်ကြတာ ထုံးစံပါပဲ။ ဒါပေမဲ့ မိဘတွေမရှိချိန် တားမြစ်ချက်တွေကို တသီကြီးချိုးဖောက်ကြည့်ချိန်မှာ ဒုက္ခနဲ့ လှလှနဲ့ တွေ့ကြပုံ သင်ခန်းစာပေး မိသားစုဇာတ်လမ်းလေးပေါ့။ ကလေးဘဝ အမှတ်တရတွေကို ပြန်ခံစားနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်)File Size..........(1.1 GB) / (4.2 ...
movie
Honey, We Shrunk Ourselves(1997)
1997
Armored (2009)
ကျည်ကာ ကုန်ကားကုမ္ပဏီကို အလုပ်ဝင်ခါစ စစ်သားဟောင်း တိုင် ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တိုင်နဲ့ ညီဖြစ်သူ ဂျင်မီတို့ဟာအကြွေးတွေနဲ့ကျန်ခဲ့ပါတော့တယ်။ မိဘများမှ ဘဏ်တွင်အိမ်ကို အပေါင်ထားထားခဲ့ရာ ဘဏ်မှလည်း အိမ်ကိုသိမ်းမည့်အကြောင်း အကြောင်းကြားစာတွေလည်း အပို့ခံနေရပါတယ်။ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတုန်းမှာပဲ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ သယ်ယူပို့ဆောင်ပေးရမယ့် ငွေ ၄၂မီလီယံကို ခိုးယူကြဖို့ အကြံပြုလာပါတော့တယ်။ တိုင်တစ်ယောက် ဒုစရိုက်မှုနဲ့ အသိဉာဏ်ကြားလွန်ဆွဲရင်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ ဒေါ်လာ ၄၂ မီလီယံခိုးယူမယ့် အစီအစဉ်ရော အောင်မြင်မှာလား။ လောဘဖုံးလွှမ်းသွားရင် လူတွေက ဆင်ခြင်တုံတရားနည်းသွားပုံတို့ကို သည်းထိပ်ရင်ဖိုရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(711 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Action, Crime, Drma, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Armored (2009)
The Box (2009)
sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်း..... အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ.... လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ......လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
The Box (2009)
7.4
Looper (2012)
IMDb Rating (7.4) / Rotten Tomatoes (93%)မင်းသားကြီး Bruce Willis , Joseph Gordon-Levitt နဲ့ မင်းသမီး Emily Blunt တို့ ဦးဆောင်ပါဝင်တဲ့ ရုပ်ရှင်ကားကြီးပါ။Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။ ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။အဲဒီ့အတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။အဲဒီ့ခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီးဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက ...
movie
Looper (2012)
2012
4K HEVC
6.2
Sweetwater (2013)
Genre – Thriller, Western IMDB – 6.2/10အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာဇာတ်အိမ်တည်ထားပါတယ်။လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကိုနယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာကဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်းသတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကိုဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန်လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာကဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ်ဘုန်းတော်ကြီးနေရာမှာ ...
movie
Sweetwater (2013)
2013
6.5
Self/less(2015)
Self/less (2015)=============IMDb - 6.5CM ဖန်တွေအတွက် Deadpool မင်းသား Ryan Reynolds ရဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကျိကျိတက်အောင်ချမ်းသာနေပေမဲ့လည်း ကင်ဆာ နောက်ဆုံးအဆင့်ရောက်နေတာကြောင့် နောက်ထပ်ခြောက်လတောင်မနေရတော့တဲ့အိမ်ခြံမြေသူဌေးကြီး ဒေမီယန် ဟေးလ် တစ်ယောက် သူ့ရဲ့အသိစိတ်ကိုတခြား ခန္ဓာကိုယ်တစ်ခုထဲကိုပြောင်းထည့်ပြီး ဆက်လက်ရှင်သန်လို့ရမယ်လို့ဆိုတဲ့ "အရေခွံလဲခြင်း" ဆိုတဲ့ ပရိုဂရမ်ကို သဘောတူလိုက်ပြီး အက်ဒ်ဝပ်ကစ်ဒ်နာဆိုတဲ့ နာမည်အသစ်နဲ့ ဘဝအသစ်မှာ ပျော်ပျော်ကြီးဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေကနေပြီးသူယူထားတဲ့ ခန္ဓာကိုယ်ကဓာတ်ခွဲခန်းထဲမှာဖန်တီးထားတဲ့ ခန္ဓာကိုယ်မဟုတ်ပဲလူစစ်စစ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာနောက်ကွယ်ဖုံးကွယ်ထားတဲ့ဖြစ်ရပ်တွေကို လိုက်ပြီးစုံစမ်းရင်း ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို အက်ရှင်ခန်းအကြမ်းစားတွေနဲ့ ကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲဗျ။ File size…1.15GB / 491MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 57m Genre ..... Action , Mystery , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie
Self/less(2015)
2015
Paul Blart: Mall Cop(2009)
ဒီ ဇာတ်လမ်းလေးကတော့ ခပ်ဝဝနဲ့ စိတ်ကောင်းရှိတဲ့ ကုန်တိုက်လုံခြုံရေး ပေါလ်ဘလတ် ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ ။ Comedy, Actionအမျိုးအစားဖြစ်ပြီးတော့ မိသားစုနဲ့အတူတူကြည့်လို့ကောင်းမယ့် wholesomeဖြစ်တဲ့ ဇာတ်ကားမျိုးလေးလည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ဘလတ်က ဝက်စ်အောရိန့်ချ် ပါဗီလီယွန်ကုန်တိုက်ရဲ့ လုံခြုံရေးအစောင့်တစ်ယောက်၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ကြိုးစားနေပေမဲ့ သွေးတွင်းသကြားဓာတ်နည်းတဲ့ရောဂါကြောင့် အိပ်မက်က အလှမ်းဝေးနေတယ်။ ပေါလ်ရဲ့ မိခင်နဲ့ ပေါလ်ရဲ့မိတဆိုးသမီးလေးမာရာကတော့ ပေါလ်ကို ဂရုစိုက်ရှာပါတယ်။ ပေါလ်ကို လက်တွဲဖော်လေးတစ်ယောက်လည်း ရစေချင်ကြတယ်။ ပေါလ်မှာလည်း သူလုံခြုံရေးစောင့်တဲ့ ကုန်တိုက်ထဲမှာ ချစ်ရတဲ့crushလေးရှိလာတယ်။ တစ်နေ့ ပေါလ်တို့ရဲ့ ကုန်တိုက်ကို အကြမ်းဖက် လူဆိုးအုပ်စုက ဓားပြတိုက်ဖို့ ဝင်ရောက်စီးနင်းကြတယ်။ အဲဒီအချိန်မှာ ဓားစာခံမိထားတဲ့crushလေးကိုကယ်လိုဇောနဲ့ ပေါလ်တစ်ယောက်က လူဆိုး၈ယောက်ကို တစ်ကိုယ်တော်အစွမ်းနဲ့ တစ်ဆင့်ချင်း ဘယ်လိုဖြုတ်သွားမလဲဆိုတာကိုတော့ Paul Blart Mall Cop ဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလို့ရပါပြီFile size…(1.7GB) / ...
movie
Paul Blart: Mall Cop(2009)
6.7
Absolute Power (1997)
အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသားေနရာကေန ပါဝင်သရုပ်ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။ကလင့်အိစ်ဝုဒ်သရုပ်ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။File size…(2.02GBGB) / (`1019MB) / (486MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:01:00 Genre... Drama / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Absolute Power (1997)
7.0
The Longest Yard(2005)
The Longest Yard(2005) အညွှန်း***************************1974 မှာထွက်ရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ အမေရိကန် ထောင်ဟာသဇာတ်ကားကို 2005 မှာAdam Sandler နဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာရင် တသီးတသန့်နေလို့မရပါဘူး။ ဆိုင်ရာ ဆိုင်ရာ ချစ်ခင်ရတဲ့မိသားစု မိတ်ဆွေသူငယ်ချင်းချစ်သူရည်းစားကတော့ ရှိကြစမြဲပါပဲ။ သို့ပေမယ့် ပေါလ်ခရူး (ခ) နာမည်ပျက်နဲ့ ကျော်ကြားတဲ့ရက်ဂ်ဘီကစားသမားဟောင်းမှာတော့ အဲဒီလိုတွေမရှိရှာပါဘူး။ရှိရင်လည်း သူ့အချိုးတွေကြောင့် ရေစက်ပြတ်ကုန်ကြတာကိုး။ခုလည်း သူ့ချစ်သူရဲ့ကားကိုခိုးပြီး ရဲတွေကို ပြဿနာသွားရှာလို့ ထောင်သုံးနှစ်ကျပါလေရောလား။ထူးဆန်းတာက သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာအစိုးရအဖွဲ့ ရွေးကောက်ပွဲဝင်ချင်နေပြီး ပြည်သူတွေကြားမှာကျော်စော်ချင်နေတဲ့ငနဲကြီးဖြစ်နေတော့ ထောင်စောင့်တွေနဲ့ ထောင်သားတွေတစ်သင်းစီ ခြေစစ်ပွဲလုပ်မယ်ဆိုပြီး ပေါလ်ကိုအတင်းအကျပ် ထောင်သားတွေနဲ့ အသင်းဖွဲ့ခိုင်းတော့တာပါပဲ။လူ့ဂွစာကြီးဘယ်လိုတွေဆက်ဖြတ်သန်းမလဲဆိုတာကိုတော့... File Size :(2.5GB)(1.1GB) and (330 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:55:00 Genre : Crime , Sport, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The Longest Yard(2005)
6.1
Bedtime Stories 2008
အိပ်ရာဝင်ချိန်ဆိုတာ လူသားတိုင်းရဲ့တစ်နေ့တာမှာအငြိမ်းချမ်းဆုံးအနားယူတဲ့အချိန်လေးပါ အိပ်ရာဝင်ချိန်မှာ ယုံတမ်းပုံပြင်များကိုနားထောင်ပြီးတော့ ကျွန်တော်တို့အိပ်စက်ခဲ့ရပါတယ်.... အခုလည်း Disney ရဲ့အိပ်ရာဝင်ပုံပြင်လေးကို ကြည့်ပြီးတော့ ဒီညအိပ်မက်တွေကို ကိုယ်စိတ်ကြိုက်ဖန်တီးပြီးတော့ ပေါက်တတ်ကရတွေမက်လိုက်ရအောင်.... ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ခဲ့ဖူးတယ် ။ ပုံပြောကောင်းတဲ့ အစ်ကိုကြီးအစ်မတွေဆီကနေ တစ္ဆေသူရဲပုံပြင်တွေ အဘိုးအဘွားတွေဆီကလည်း “ တို့တွေခေတ်တုန်းက ဘယ်လို၊ တို့ငယ်ငယ်တုန်းက ဘယ်လို” စသဖြင့်ပေါ့ဗျာ နားထောင်ခဲ့ဖူးကြပါတယ် ။ အပြောကောင်းတဲ့သူတွေနဲ့ဆို သူတို့ဇာတ်လမ်းလေးမှာ စီးမျောရင်း အချိန်တွေကုန်မှန်းတောင် မသိခဲ့ဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ စကီတာ ဆိုတဲ့ ဦးလေးလူပျိုကြီး တစ်ယောက် သူ့တူလေးနဲ့ သူတူမလေးကို သူတို့အမေခရီးသွားတုန်း တစ်ပတ်လောက် ညဖက်တွေမှာ ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းပေါ်လာတယ်။ သူကလည်း လူပျိုကြီးဆိုတော့ ကလေးမထိန်းတတ် အိပ်ရာဝင်ပုံပြင်ပြောရတော့မယ်ဆိုတော့ ပုံပြင်စာအုပ်ထဲက ဇာတ်လမ်းတွေကိုလည်း သူမကြိုက်ဘူး။ ဒါနဲ့ပဲ သူရဲ့အကြောင်းကို ရာဇ၀င်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေနဲ့ရောပြီး ပေါက်တက်ကရတွေ လျောက်ပြောတော့တာပဲ။ သူကပြောလိုက် သူ့တူလေးတူမလေးတွေလည်းက ဇာတ်လမ်းပြင်ပြောလိုက်နဲ့ လုပ်နေကြတာပေါ့။ ဒီလိုနဲ့ ထူးထူးဆန်းဆန်း ...
movie
Bedtime Stories 2008
2008