Channel Myanmar

Robert Gulaczyk

The Peasants (2023) 7.8
The Peasants (2023)  The Peasants ဇာတ်ကားဟာ ၁၉၄၂ ခုနှစ်မှာ စာပေဆိုင်ရာနိုဘယ်ဆုရရှိခဲ့တဲ့ ပိုလန်ဝတ္ထုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ဘောင်ဝင်တန်းဝင် ဇာတ်ကားကြီး ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်. အခုလို ရိုက်ကူးထွက်ရှိလာတဲ့အခါမှာလည်း ဆုတွေအများကြီးဆန်ကာတင်စာရင်းတွေထဲ အများကြီးဝင်ထားတဲ့ အရမ်းကိုအနုပညာဆန်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်..ဒီဇာတ်ကားက သူများနဲ့ မတူတာကတော့ တစ်ကားလုံးကိုrotoscoped oil painting စတိုင်မျိုးနဲ့ ပြုလုပ်ထားတာဖြစ်လို့ဇာတ်ကားရဲ့ ဘယ်နေရာကိုပဲ pause pause ပန်းချီကားတစ်ချပ်ကိုခံစားနေရသလိုမျိုး မြင်နေရမှာ ဖြစ်ပါတယ်. ဇာတ်လမ်းကိုတော့ ကြည့်ရပေါ့သွားမှာစိုးလို့ အများကြီးမပြောတော့ဘူးနော်. အဓိကကတော့ Jagna ဆိုတဲ့ ပိုလန်ရွာလေးတစ်ရွာက အရမ်းချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဇာတ်ကြောင်းပါ. ချောမောသူဖြစ်တဲ့အလျှောက် ရွာထဲက လူပျိုလူအို မုဆိုးဖို စတဲ့သူ အကုန်လုံးက သူနဲ့ လက်ဆက်ချင်ကြပါတယ်.ပိုလန်ရိုးရာတွေကို အသားပေးရိုက်ပြထားပြီး သူမရဲ့ အချစ်ရေးအိမ်ထောင်ရေး ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ထွေးမလဲ...အဆုံးသတ်မှာ သူဘယ်လိုဖြစ်သွားမလဲဆိုတာကို ပန်းချီပြခန်းထဲလမ်းလျှောက်သွားသလို ကြည့်ရှုခံစားနေရမှာဖြစ်လို့ကြည့်ကိုကြည့်ရမဲ့ကားလေး ဖြစ်ကြောင်း အသိပေးပါရစေ... File size…2.3 GB / 1.13 GB Quality…WEB-Rip 1080p ...
movie

The Peasants (2023)

Heart Parade (2022) 4.9
Heart Parade (2022) Heart Parade (2022)ဒီနေ့မှာတော့ Netflix movie လေးတစ်ကားဖြစ်တဲ့ Polish romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမောင်ခွေးတို့ရေးတဲ့ရွှေဖူးစာလို့ပဲပြောရမလား .. Magda က နာမည်ကြီးရုပ်မြင်သံကြားအစီအစဥ်ရဲ့ထူးချွန်ဝန်ထမ်းတစ်ယောက်ပါ။ အနာဂတ်မှာ programming ဒါရိုက်တာရာထူးကို လက်လွှဲယူဖို့အလားအလာအများကြီးရှိတဲ့သူဆိုရင်လည်း မမှားဘူးပေါ့။ လက်ရှိဒါရိုက်တာမှာ Tod လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိတယ်။ ဒီကားလေးရဲ့ထူးခြားချက်က တစ်ကားလုံးမှာ ပါသမျှခွေးတွေအကုန်လုံးကDachshund လို့ခေါ်တဲ့ အလျားရှည်ခွေးပုလေးတွေချည်းပါပဲ။ အကုန်လုံးက Hot Dog ချောင်းလေးတွေလိုချစ်စရာလေးတွေပါ:3 ဆက်ရရင် ဒါရိုက်တာရာထူးကို လက်လွှဲယူရတဲ့ Magda က ခွေးလုံးဝမချစ်တတ်ပေမယ့်သခင်မဖြစ်သူကိုဖားပြီး Tod ရဲ့ဝေယျာဝေစ္စတွေ အကုန်လုပ်ရတယ်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ Magda ရဲ့ပေါ့ဆမှုTod တစ်ကောင်နေမကောင်းဖြစ်သွားတာမို့ ဒါရိုက်တာကစိတ်ဆိုးပြီး Magda ကို အလုပ်ထုတ်လိုက်ပါတော့တယ်။  တစ်ဖက်မှာလည်း သားဖြစ်သူ Karol ရယ် Trombone လို့ခေါ်တဲ့ခွေးလေးရယ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့Krzystof က ဇနီးဖြစ်သူဆုံးပါးပြီးတဲ့နောက် အချစ်သစ်မရှာတော့ဘဲ သားဖြစ်သူကိုတစ်ယောက်တည်းပျိုးထောင်နေတဲ့ ဖခင်တစ်ယောက်ပါ။ လက်ရှိမှာ Dachshundပွဲဈေးတန်းလေးကို ...
movie

Heart Parade (2022)

2022
Loving Vincent (2017) 7.8
Loving Vincent (2017) [Unicode]သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်..ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ...ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။" လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ...ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ...
movie

Loving Vincent (2017)

2017