Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Robert 'Bobby Z' Zajonc
6.2
Blown Away (1994)
ဗုံးဖြုတ်တပ်ဖွဲ့မှာ လက်ထောက်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂျင်မီဟာ ချစ်ရတဲ့လုပ်ဖော်ကိုင်ဖက်တွေ လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး စုံစမ်းရင်း လုပ်ကြံသူဟာ မိမိမိတ်ဆွေဟောင်း ဖြစ်ပြီး အတိတ်ဖြစ်ရပ်ဟောင်းအတွက် သူ့ကိုလက်စားချေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ဂျင်မီနဲ့မိတ်ဆွေဟောင်းဖြစ်သူကြား ဘယ်လိုပတ်သက်မှုရှိလဲ၊ နောက်ဆက်တွဲလုပ်ကြံမှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:01:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Blown Away (1994)
6.5
Arachnophobia (1990)
Arachnophobia (1990)~ IMDb - 6.5/10, Rotten Tomatoes - 93% ~ကြောက်ဖို့ကောင်းတဲ့ အကောင်ကားတွေ၊ ထိတ်လန့်ဖို့ကောင်းတဲ့ အကောင်ကားတွေများများစားစားရှိတဲ့ထဲကမှ ခု Arachnophobia ဆိုတဲ့ရုပ်ရှင်ထဲမှာတော့ မင်းသားကိုယ်တိုင် ပင့်ကူကိုကြောက်နေရတာဖြစ်ပါတယ်။ Arachnophobia ဆိုတဲ့စာလုံးကိုက ပင့်ကူကိုကြောက်လန့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် သုတေသနလုပ်တဲ့လူတစ်စုက ဗင်နီဇွဲလားမှာ ပင့်ကူမျိုးစိတ်သစ်ကိုသွားရောက်ရှာဖွေရင်း သူတို့ရဲ့အပြန်လမ်းမှာ ဓာတ်ပုံဆရာတစ်ယောက်နဲ့အတူ ပင့်ကူဘုရင်ကြီးက ကပ်ပါလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဆရာ၀န်ဖြစ်သူ မင်းသားဟာ ပင့်ကူကပ်ပါလာတဲ့ ဓာတ်ပုံဆရာရဲ့နယ်မြို့လေးဆီကို ပြောင်းလာခဲ့တယ်။ ဓာတ်ပုံဆရာကတော့ ပင့်ကူကိုက်လို့သေဆုံးသွားပေမဲ့ အဲဒီနယ်မြို့လေးမှာတော့ ပင့်ကူဟာ စတင်နယ်ချဲ့ပါတော့တယ်။ဆရာ၀န်ခမျာ နယ်မြို့လေးမှာ အထိုင်ကျဖို့ကြိုးစားရင်း ပင့်ကူရဲ့ပြဿနာတွေကိုလည်း အဖြေရှာရပါသေးတယ်။ ဇာတ်ကားလေးက အကောင်ကားသီးသန့်မဟုတ်ဘဲ ဟာသလေးနှောလိုက်၊ ဗဟုသုတလေးပေးလိုက်နဲ့ အကြောက်တရားကို ဘယ်လိုကျော်လွှားမလဲဆိုတာကိုပါ ပညာပေးသွားတဲ့အတွက် မိုးအေးအေးနဲ့ ဇိမ်ခံကြည့်လို့ရမယ့် ရုပ်ရှင်ကားလေးဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie
Arachnophobia (1990)
1990
7.5
Thelma & Louise (1991)
ဂန္တဝင်လက်ရာတစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်ကိိုတော့ ရုပ်ရှင်ဝါသနာပါသူတွေ ကြားဖူးကြမှာပါ။ ဇာတ်လမ်းက Road Film အမျိုးအစားပါ။ ဇာတ်အိမ်တစ်ခုလုံးကို အဝေးပြေးလမ်းမကြီးတွေပေါ်မှာ တည်ထားပြီး ဇာတ်ကောင်တွေ လမ်းခရီးတစ်လျှောက်ကြုံတွေ့ခဲ့တဲ့အဖြစ်သနစ်တွေကို တင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ Little Miss Sunshine နဲ့ Natural Born Killers တို့လို Road Films တွေကိုနှစ်သက်ရင်တော့ ဒီရုပ်ရှင်ကိုလည်း အကြိုက်တွေ့ပါလိမ့်မယ်။ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာကတော့ ဂန္တဝင်ဒါရိုက်တာကြီး RidleyScott ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ Adventure/Drama/Crime ရုပ်ရှင်အမျိုးအစားဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံးလက်ရာတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ရာဇဝတ်မှုတစ်ခုကျူးလွန်မိပြီးနောက် ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားတဲ့Thelma နဲ့ Louise ဆိုတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Thelma ဟာ ခင်ပွန်းဖြစ်သူရဲ့ ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံနေရတဲ့ ရိုးရိုးအအ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်သူ Louise ကတော့ အတိတ်ကစိတ်ဒဏ်ရာတစ်ခုကိုခံစားနေရတဲ့ စားပွဲထိုးတစ်ဦးပါ။ သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းကို စိတ်ကုန်နေတဲ့ သာမန်မိန်းကလေးတွေဖြစ်ကြပြီး ...
movie
Thelma & Louise (1991)
6.1
The Cable Guy (1996)
The Cable Guy (1996)~ IMDb - 6.1/10, RT - 55%, Meta - 56% ~လူတွေဆိုတာ မွေးရာပါ အထီးကျန်ဆန်တဲ့ သတ္တဝါတွေပါတဲ့။ အဲဒါကြောင့် လူတွေက အထီးကျန်မနေရအောင် တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဘဝထဲမှာ ရှိနေအောင် ကြိုးစားကြတယ်။The Greatest Showman ဇာတ်ဝင်သီချင်းဖြစ်တဲ့ Never Enough ထဲက စာသားလေးလိုပဲပေါ့။ တစ်ကမ္ဘာလုံးကို ဆုပ်ကိုင်ထားနိုင်တဲ့ အစွမ်းရှိရင်တောင် ဝေမျှစရာလူမရှိရင် ဘယ်အရာကမှ မတင်းတိမ်နိုင်ဘူးလေ။ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ ကေဘယ်သမားလေးက လောကမှာ အရာရာကို လိုချင်တာရနိုင်နေတဲ့ အစွမ်းရှိနေပေမဲ့ ဝေမျှခံစားနိုင်တဲ့သူ မရှိတဲ့အတွက် သူ့ဘဝမှာ လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက သူနဲ့ဝေမျှခံစားပေးဖို့လူတစ်ယောက်ပါပဲ။ခုခေတ်လို အင်တာနက်တွေခေတ်မစားခင်က တီဗီဟာ တစ်ကမ္ဘာလုံးမှာ အကြီးဆုံး ဖျော်ဖြေရေးစနစ်ကြီးဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ တီဗီလိုင်းတွေဆိုတာ ခုခေတ် Netflix ...
movie
The Cable Guy (1996)
1996
6.7
[18+]Indecent Proposal(1993)
[18+]Indecent Proposal(1993) အညွှန်း***********************************ငွေနဲ့အရာအားလုံးကို တကယ်ပဲဝယ်နိုင်လား ငွေရှိရင် အရာအားလုံးက ရောင်းကုန်တွေပဲလား...ဒီဇာတ်ကားကတော့ ဒါရိုက်တာ Adrain Lyne ရိုက်ကူးထားပြီး လူသိများတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Woody Harrelson, Robert Redford နဲ့မင်းသမီးချော Demi Moore တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Romance/Drama ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး အနာဂတ်ကောင်းကိုလည်း ပိုင်ဆိုင်ထားတဲ့ ဒေးဗစ်မာဖီ(Woody Harrekson) နဲ့ ဒိုင်ယာနာမာဖီ(Demi Moore)တို့ လင်မယားဟာ စီးပွားရေးကျဆင်းမှုနဲ့ကြုံပြီး အကြွေးပူမိနေချိန်မှာ လူချမ်းသာတစ်ဦးဖြစ်သူ ဂျွန်ဂေ့ဂျ်(Robert Redford)နဲ့ဆုံပြီး ဒိုင်ယာနာကိုဝယ်ဖို့ကမ်းလှမ်းလာတဲ့အခါ...ချစ်တင်းနှောခန်းနဲ့ ဝတ်လစ်စားလစ်ခန်းများပါဝင်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါဘူးခင်ဗျ... File Size : (1.6GB)(1.1 GB) and (227MB) Quality : Blu-Ray 720p Format…mp4 Duration…01:57:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie
[18+]Indecent Proposal(1993)
5.5
Collateral Damage (2022)
မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T nyein
movie
Collateral Damage (2022)
8.1
Jurassic Park (1993)
Jurassic Park (1993) မြန်မာစာတန်းထိုးဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည်IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင်ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကိုငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင်လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီးလျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီးထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့သတ္တဝါတွေကို သဘာဝတရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား File Size : (997 MB) and (362MB) Quality : Blu-ray 1080p Running Time : 2hr 07 min Format : Mp4 Genre :Adventure , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : Blu-Ray 1080p Translated by Naing Win ...
movie
Jurassic Park (1993)
1993