Channel Myanmar

Robert Alan Beuth

Ghostbusters II (1989)
Ghostbusters II (1989) 1984 မှာထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာတော့ နယူးယော့မြို့တော်ကြီးကို မာ့ရှ်မယ်လို လူသားကြီးရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ အဆောက်အဦးပျက်စီးမှုတွေအတွက် သရဲဖမ်းသမားအဖွဲ့ကိုဖျက်သိမ်းပြီး သရဲဖမ်းတဲ့အလုပ်တွေလုပ်ခွင့်ရပ်ဆိုင်းထားပါတယ်။ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်အကြာမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် သရဲဖမ်းသမားဟောင်းတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုစုံစမ်းကြရင်း နယူးယော့ခ်မြို့အောက်မှု စီးဆင်းနေတဲ့ အကျိအချွဲမြစ်ကြီးကို တွေ့ခဲ့ကြပါတယ်။ ဒီအကျိအချွဲတွေက လူတွေရဲ့ မကောင်းတဲ့စိတ်ကိုတုံ့ပြန်နိုင်ပြီး လူမျိုးစုံရှိနေတဲ့ နယူးယော့ခ်မြို့လည်မှာစီးဆင်းနေတာပါ။ဒီအကျိအချွဲတွေစီးဆင်းနေကြတာကလည်း မန်ဟက်တန် အနုပညာပြတိုက်မှာရှိနေတဲ့ 17 ရာစုနှစ်က မင်းဆိုးတစ်ပါးဖြစ်တဲ့ ဗီဂိုရဲ့ပုံတူပန်းချီကားဆီဖြစ်ပြီး မြို့ထဲမှာလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမျိုးစုံ ကမောက်ကမဖြစ်လာတာကို သရဲဖမ်းသမားတွေ ဘယ်လိုတားဆီးကြမလဲ၊ ဗီဂိုပုံတူပန်းချီကားမှာရော ဘယ်လိုသဘာဝလွန်အစွမ်းတွေရှိနေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.8 GB)/(994 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Comedy, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Ghostbusters II (1989)

When Harry Met Sally… (1989)
When Harry Met Sally… (1989) When Harry Met Sally... (1989)~ IMDb - 7.7/10, Rotten Tomatoes - 91% ~ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။နောက်ဆုံးအနေနဲ့ ...
movie

When Harry Met Sally… (1989)

1989