Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rob Nagle
American Wedding (2003)
ဒီဇာတ်ကားလေးကတော့ American Pie Saga တို့လိုပဲ ၂၀ ရာစုအစောပိုင်းက ထွက်ရှိခဲ့တဲ့ အဖိုးတန် လိင်အသားပေး ဟာသဇာတ်မြူးဖြစ်ပါတယ်။ လိင်အသားပေး ရွတ်နောက်နောက် အသုံးအနှုန်းတွေ၊ ဇာတ်ဝင်ခန်းတွေ၊ လုံးဝမထင်မှတ်ထားတဲ့ ဟာသဇာတ်ဝင်ခန်းတွေ လှိုင်လှိုင်ပါဝင်တဲ့ ဟာဒယအပြည့်နဲ့ အတိတ်ကို လွမ်းဆွတ်ရင်း အူတက်အောင် ခွီရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဂျင်မ်နဲ့ မီရှယ်ဟာ ပူပူနွေးနွေး ကျောင်းလည်းပြီး ဘွဲ့လည်းရထားပြီး အချစ်ဆိပ် အထွတ်အထိပ် တက်နေတဲ့အချိန်မှာ နှစ်ယောက်သား လက်ထပ်ဖို့ လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ နှစ်ဘက်မိဘတွေကိုလည်း အသိပေးပြီး သူငယ်ချင်းမိတ်ဆွေတစ်သိုက်နဲ့ စည်ကားသိုက်မြိုက်စွာ မင်္ဂလာပွဲကျင်းပဖို့ ပြင်ဆင်ကြပါတော့တယ်။ဂျင်မ်ရဲ့ ဘော်ဒါတွေကလည်း သတို့သားအရံတွေ လုပ်ဖို့ သဘောတူပြီး ဘော်ဒါတွေထဲက စတိဗ်နဲ့ ပေါလ်ဟာ သတို့သမီးအရံတဖြစ်လည်း မီရှယ့်ရဲ့ ညီမဖြစ်တဲ့ ခေးဒန်းစ်ကို ဖောင်းဒိုင်းရဖို့အတွက် နှစ်ယောက်သား အပြိုင်အဆိုင် ကြံစည်အားထုတ်ရာကနေ သောက်တလွဲလူသားတွေ စုနေတဲ့ မင်္ဂလာပွဲကြီးက ဘယ်လိုသောက်တလွဲဇာတ်တွေနဲ့ ငါးပါးမှောက်ကြမလဲဆိုတာကို ...
movie
American Wedding (2003)
6.2
[17+] Blonde (2022)
Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie
[17+] Blonde (2022)
2022
7.0
The Soloist(2009)
The Soloist(2009) အညွှန်း**********************ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးမှာ Jamie Foxx နဲ့ Robert Downey Jr တို့ အပြိုင်ကြဲထားထားပါတယ်။သူ့နာမည်အပြည့်အစုံက နေသန်နီရယ်အန်တိုနီအဲယာစ်ဂျူနီယာ။မိခင်က အလှပြင်ဆိုင်ဖွင့်ထားပြီး အစ်မတစ်ယောက်ရှိတယ်။ဟိုးခပ်ငယ်ငယ် ကလေးဘဝတည်းက ချယ်လိုလို့ခေါ်တဲ့ တယောကြီးတီးရာမှာ တစ်ဖက်ကမ်းခတ် ပါရမီပါသူ။ ဂီတ အနုပညာကို အင်မတန်မြတ်နိုးသလို ဘီသိုဗင်ကိုလည်း အရူးအမူးချစ်ခင်လေးစားသူပေါ့။ကံဆိုးရှာတာက ထိုပါရမီရှင်ဟာ စိတ်ကစဉ့်ကလျား ရောဂါသည်ဖြစ်နေရှာတာပါပဲ။နားထဲ ကြားကြားနေရတဲ့အသံတွေတောင် သူ့မှာ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ အယ်လ်အေလမ်းမပေါ်ကို ရောက်ခဲ့ရရှာပေါ့။လှည်းတစ်စီးနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစားနေရရှာတဲ့သူဟာ ဂီတကိုတော့ အချစ်မလျော့ခဲ့ရှာဘူး။ ကောက်ရတဲ့ ပျက်လုနီးပါ တယောတစ်လက်ကို တစ်ခါမှမသင်ဖူးပါပဲကျွမ်းကျွမ်းကျင်ကျင် တီးခတ်နေလေ့ရှိပါတယ်။အယ်လ်အေစံတော်ချိန်သတင်းစာတိုက်က နာမည်ကျော်ဆောင်းပါးရှင် စတိဗ်လိုပတ်ဇ်။ သူကတော့ အခန်းဆက်ဆောင်းပါးတွေရေးတဲ့သူဖြစ်ပြီးသူ့စာဖတ်ပရိသတ် အတော်များတာပေါ့။ စာရေးဖို့ ကုန်ကြမ်းရှာရင်း နေသန်နီရယ်ကို သွားတွေ့ရာကဒီတိုင်း ပါရမီရှင်ရဲ့ လမ်းပေါ်က အခြေအနေကို မျက်နှာလွှဲမနေနိုင်တော့တဲ့အခါ။အပြင်မှာ စတိဗ်လိုပတ်ဇ်ဟာ ပူလစ်ဇာဆု စကာတင်စာရင်းမှာလေးကြိမ်တိတိဝင်ခဲ့တဲ့ စာရေးဆရာအကျော်အမော်ဖြစ်သလို နေသန်နီရယ်ဟာလည်းတူရိယာပေါင်းစုံကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ ဖိုးဖိုးကြီးဖြစ်ကြီး လက်ရှိ အယ်လ်အေမှာ ...
movie
The Soloist(2009)
6.3
Bad Samaritan (2018)
သဲထိတ်ရင်ဖို ဇာတ်လမ်းတွေကို ကြည့်ရှုချင်ကြသူတွေအတွက် ၂၀၁၈ ထွက် Bad Samaritan ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်..ဒရက်ခ် နဲ့ ရှောန် လို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်…သူတို့နှစ်ယောက်ကအရမ်းခင်ကြပြီး ပိုက်ဆံမချမ်းသာတဲ့မိသားစုတွေကနေလာကြတဲ့ ဆိုးသွမ်းတဲ့ လူငယ်လေးနှစ်ယောက်…သူတို့ကစားသောက်ဆိုင်တစ်ခုမှာ ကားပါကင်ထိုးပေးတဲ့အလုပ်ကို လုပ်ကြတယ်…အမှန်တကယ်တော့ သူတို့ကားပါကင်ထိုးတယ်ဆိုပေမယ့် ဒါကဟန်ပြအလုပ်သက်သက်တစ်ခု..သူတို့တကယ်က ဘာလုပ်လဲဆိုတော့ သူတို့အလုပ်လုပ်တဲ့ဆိုင်ကိုလာတဲ့ စားသုံးသူတွေက ကားပါကင်ထိုးဖို့ သော့တွဲပေးလိုက်ပြီဆိုရင်..အဲ့ဒီကားပိုင်ရှင်အိမ်က သိပ်မဝေးဘူးဆိုရင် ကားပါကင်မထိုးတော့ဘဲနဲ့ ကားပိုင်ရှင်အိမ်အထိ မောင်းသွားပြီး အဲ့ဒီအိမ်ကို သော့တွဲမှာပါတဲ့ အိမ်သော့တွေနဲ့ ဖောက်ထွင်းခိုးယူတော့တာပါပဲ…ကံဆိုးတာလား ကံကောင်းတာလားမသိတဲ့တစ်ရက်မှာတော့ရှောန် က ထူးဆန်းတဲ့လူတစ်ယောက်ရဲ့အိမ်ကို ဖောက်မိတယ်…အဲ့ဒီလူရဲ့အိမ်မှာ ရှိတဲ့ပစ္စည်းတွေက ဘာတွေလဲ..အဲ့ဒီလူအိမ််မှာ ဘာတွေတွေ့လဲ…ဘာတွေတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ..ပရိတ်သတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုတော်မူကြပါထိတ်လန့်တုန်လှုပ်စရာသဲထိတ်ရင်ဖိုကားကြိုက်တဲ့လူတွေအတွက်တော့ သဘောကျနှစ်ခြိုက်မှာပါ…သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ကောင်းမှုက ပရိတ်သတ်ကိုစိတ်ကျေနပ်မှုပေးမယ့်အပြင်.. rating တွေအနေနဲ့က IMDb – 6.3/10…Rotten Tomatoes- 51% ..Facebook – 4/5…Google Users – 81%(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)File Size ...
movie
Bad Samaritan (2018)
2018