Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rob Morgan
5.8
The Deliverance (2024)
လူဖြူအမျိုးသမီးနဲ့ လူမည်းအမျိုးသားက မွေးဖွားလာတဲ့ သွေးနှော လူမည်းအမျိုးသမီး အက်ဘနီကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။အက်ဘနီကိုယ်တိုင်က မူးယစ်ဆေးစွဲလို့ ပြုပြင်ထိန်းသိမ်းရေးအရာရှိစောင့်ကြည့်တာကို ခံနေရတဲ့ကာလမှာ အမျိုးသားဖြစ်သူကလည်းကလေးတွေနဲ့သူ့ကိုထားခဲ့ပြီး အီရတ်ကို ထွက်သွားကာ အဆက်အသွယ်ပြတ်သွားပါတယ်။အဲဒီလိုနဲ့ ကလေးတွေကို ကိုယ်တိုင်ပျိုးထောင်မယ်၊ ဘဝသစ်စမယ်ဆိုပြီးပြောင်းရွှေ့လာတဲ့ အိမ်သစ်ကို ရောက်ပြီးကာမှ ကလေးတွေမှာ တစ်ခုပြီးတစ်ခု ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာပါတယ်...ကိုယ်တိုင်က ဆေးစွဲခဲ့ပြီး အရင်တုန်းက သောင်းကျန်းခဲ့တဲ့ ပြစ်မှုဟောင်းတွေရှိတာကြောင့် ကလေးတွေမှာဖြစ်ပျက်နေတဲ့အရာတွေက သူလုပ်တာမဟုတ်ဘဲ ထူးဆန်းတဲ့အရာတစ်ခုခုကြောင့်ဆိုတာကို ဘယ်သူကမှမယုံကြည်ခဲ့ကြပါဘူး...အဲဒီလိုနဲ့ ကိုယ့်ရင်သွေးတွေကို မွေးစားဖို့ပေးလိုက်ရတော့မလိုအခြေအနေဖြစ်နေရာကနေ ဒီအိမ်မှာစွဲကပ်နေတဲ့နတ်ဆိုးဆိုတာကိုဘယ်လိုရင်ဆိုင်မလဲ..သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေရပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဒီရုပ်ရှင်ကားက အပြင်ကလက်တွေ့ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ကိုယ်ဟာ အချစ်ခံရတဲ့သူတစ်ယောက်ဆိုတာကို ယုံကြည်နိုင်ဖို့...အစရှိတဲ့ လူမှုရေးပြဿနာတွေ၊ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီးဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးကို ဘာသာရေးဆန်ဆန် Message တွေပေးထားတဲ့ ဇာတ်ကားတစ်ကားပုံစံ ပိုပေါက်တဲ့အတွက် Jump scenes တွေပါဝင်ပြီး ခြောက်လှန့်တာကိုပဲ ဦးစားပေးထားတဲ့ သဲထိတ်ရင်ဖိုသရဲဇာတ်လမ်းမျိုးတွေကြည့်ချင်တဲ့ပရိသတ်အတွက်တော့ အနည်းငယ်မျှော်လင့်ချက်နဲ့မကိုက်တာမျိုးဖြစ်နိုင်ကြောင်း ...
movie
The Deliverance (2024)
7.4
Mudbound (2017)
Mudbound (2017) ============= IMDb Rating - 7.4/10ဒီကားက သရုပ်ဆောင်တွေက တော်တော်တော့မိုက်ပါတယ်။ ပထမဆုံးတစ်ယောက်အနေနဲ့ ဂတ်စ်ဘီကားနဲ့ အားလုံးအချစ် ခံခဲ့ရတဲ့ ဒေစီတစ်ဖြစ်လဲ Carey Mulliganဟာ တကယ့်ထိပ် တန်းမင်းသမီးလို့ ပြောလို့ရပါ့မလား သေချာတော့မသိပေမဲ့ သရုပ်ဆောင်အရာမှာတော့ အခုထိလည်း ကိုယ့်ကိုယ်ကိုယ် တစ်စထက်တစ် သွေးနေတုန်း၊ စိတ်နှစ်ကိုယ်နှစ်သရုပ်ဆောင် တဲ့ မင်းသမီးဆိုတာတော့ သေချာပါတယ်။နောက် ဂတ်စ်ဘီကားမှာပဲ ဒေစီ့ယောက်ျားနဲ့ ဖောက်ပြန်တဲ့ မိန်းမရဲ့ ယောက်ျားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jason Clarke လည်းပါပါတယ်။ သံသရာတစ်ပတ်လည်ပြီး ဒီထဲမှာတော့ သူတို့၂ယောက်လင်မယားဖြစ်လာခဲ့တာပါ။ နောက် Tron မင်းသား Garrett Hedlundနဲ့ လူမဲဘဝသရုပ်ဖော်ကားဆိုတော့ သရုပ်ဆောင်ကောင်းတဲ့ လူမဲတွေတော်တော်ပါပါတယ်။ ဇာတ်ပို့ ဇာတ်ဆောင်အကောင် သရုပ်ဆောင်တာတွေက သူ့နည်းသူ့ဟန်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ကတော့ ဒုတိယကမ္ဘာ စစ်ကာလရယ် လူမဲဖိနှိပ်ခံဘဝရယ်ကို ဖော်ပြဖို့ ကျေးလက်ဒေသက လယ်ယာစိုက်ပျိုးရေးနဲ့ တွဲဖက်ပုံဖော်သွားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မီးက သူ့ဘာသာလောင် လူတွေကလည်း သူ့အပူနဲ့ သူ့စားဝတ်နေရေး သူ့အတ္တအတွက် သူ့ဘာသာလောင်နေတဲ့ကာလ တစ်ခုပေါ့။ လူဖြူလယ်လုပ်ငန်းရှင်တစ်ယောက်ဟာ လူမဲမိသားစု တစ်စုကို လူငှားချပြီး အနိုင်ကျင့်တာတွေကို ကျွန်တော်တို့မြင်ရတယ်။ လူဖြူမိသားစုက ညီငယ်က ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြန်လာတဲ့အချိန် လူမဲမိသားစုက သားကြီးကလည်း ...
movie
Mudbound (2017)
2017
6.9
Smile (2022)
Smile (2022) ========== IMDb Rating - 6.9/10ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM
movie
Smile (2022)
2022
7.4
Don’t Look Up (2021)
Don't look up (2021)ဇာတ်လမ်းက အရမ်းကောင်းတယ်ဗျာ။သရုပ်ဆောင်ကတော့ All Stars လို့ ပြောရမှာပဲ။လီယိုနာဒို၊ ဂျနီဖာလောရန့်၊ မရဲ စထရိ၊ ကိတ် ဘလန့်ချက်၊ တင်မိုးသီး၊ မာ့ရိုင်လန့်၊ အာရီရာနာ ဂရန်ဒေ၊ ဘန်နီဒစ် ဒရက်စ် စသဖြင့် အများကြီးပဲ။ဇာတ်လမ်းအကျဉ်း။ပါမောက္ခ မင်ဒီ နဲ့ ပါရဂူကျောင်းသူ ကိတ်တို့ မတော်တဆ ဥက္ကာခဲကြီးတစ်ခုကို တွေ့သွားတယ်။ အရွယ်အစားက ၁၀ ကီလိုမီတာလောက်ရှိပြီး ကမ္ဘာကြီးဆီကို တည့်တည့်ကြီး ပျံလာနေတာ။ ဝင်တိုက်မိရင် ကမ္ဘာပျက်ပြီ။ အဲဒါကို နာဆာကိုအကြောင်းကြား သမ္မတကိုလည်း သွားတွေ့တယ်။ ခက်တာက သမ္မတက စောင်ပေါ။ နာဆာညွှန်ချုပ်က သမ္မတရဲ့ စပွန်ဆာ မေ့ဆေးဆရာဝန်ဆိုတော့ ဘာမှနားမလည်ဘူး။ သမ္မတ လက်ထောက်က သမ္မတရဲ့ သားကို ပြန်ခန့်ထားတာ။ အဲဒီမှာ သူပြောတာကို မယုံကြတော့ ဒေါက်တာ မင်ဒီလည်း ...
movie
Don’t Look Up (2021)
2021
7.2
The Unforgivable (2021)
The Unforgivable (2021)IMDb - 7.2/10အမှားမကျူးလွန်ဖူးတဲ့ ပုထုဇဉ်လူသားဆိုတာ လက်တွေ့ဆန်ဆန် ပြောရရင် မရှိနိုင်ပါဘူး။ လူတိုင်းအနည်းနဲ့အများတော့ မှားခဲ့ဖူးတဲ့ အခိုက်အတံ့တွေရှိမှာပါ၊ အဲဒီအမှားက ကြီးလား သေးငယ်လား၊ ခွင့်လွှတ်လို့ရလား မရဘူးလားဆိုတာကတော့ ကိုယ့်အမှားကြောင့် နစ်နာသွားတဲ့ တစ်ဖက်လူရဲ့ Perspectiveပေါ်မှာပဲ မူတည်နေမှာပါဒီရုပ်ရှင်ဟာ Netflixက အသစ်ထွက်ရှိထားတဲ့ Drama, Thriller ကားစစ်စစ်ဖြစ်ပြီး ဝါရင့်မင်းသမီးကြီး Sandra Bullockကိုယ်တိုင် ခေါင်းဆောင် ပါဝင်ထားပါတယ်။ 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ စီးရီးတို The Unforgiven ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်Ruth Slater ဟာ ငယ်စဉ်ကကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုကြောင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသလို ညီမဖြစ်သူ Katherineနဲ့ ဝေးခဲ့ရပါတယ်။ ထောင်ကလွတ်လာတဲ့အချိန်မှာတော့ ညီမဖြစ်သူကို ရှာဖွေဖို့နဲ့ လူ့အသိုင်းအဝိုင်းထဲကို ပြန်ဝင်ဆံ့ဖို့ Ruthတစ်ယောက် ကြိုးစားရပါတော့တယ်။ ဒါပေမဲ့Ruthလွတ်လာတာကို မကျေနပ်တဲ့ Ruthရဲ့ အမှားကို ခွင့်လွှတ်နိုင်စွမ်းမရှိသေးတဲ့ နစ်နာသူမိသားစုက ကလဲ့စားချေဖို့ အပြင်းအထန်ကြိုးစားလာခဲ့တဲ့အခါ....Ruth ကျူးလွန်ခဲ့တဲ့အမှားက ...
movie
The Unforgivable (2021)
2021
5.5
Cut Throat City(2020)
Cut Throat City(2020)သူ့ကြောင့် လူတွေအသက်ရှင်နိုင်ပြီး သူ့ကြောင့် လူတွေသေသွားနိုင်တာ ဘာလဲ ဆိုတဲ့ ပဟေဠိတစ်ခုရှိပါတယ် အဖြေကတော့ "ရေ" ပါ ၂၀၀၅ ခုနှစ် အမေရိကန်နိုင်ငံ လူဝီစီယားနားမြို့မှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း "ကက်ထရီနာ" ကြောင့်လူဝီစီယားနားတစ်မြို့လုံးနီးပါး ရေအောက်ရောက်ခဲ့ရပါတယ် တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရတဲ့အခါမှာ စီးပွားရေးဆိုတာကတော့ လုံးဝထိုးဆင်းသွားခဲ့တာပါပဲ ဒါပေမဲ့ အဲ့ဒီဒဏ်ကိုအခံရဆုံးကတော့ လူမည်းတွေပါ... လူမည်းတွေရဲ့ ခံယူချက်မှာ "မုန်တိုင်း" ဆိုတာဟာ ဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲလူဖြူတွေက သူတို့ကိုအပြုတ်ဖြုတ်ဖို့ ဖန်တီးထားတာလို့ လက်ခံထားကြပါသတဲ့ ဒီလိုနဲ့ မုန်တိုင်းအပြီး အကုန်လုံးပြုတ်ပြုတ်ပြုန်းချိန်မှာ ဘဝဆိုတာကို စတင်ဝင်ရောက်ကြမယ့်သူငယ်ချင်းလေးယောက် ပိုက်ဆံရဖို့ရုန်းကန်ရင်း တဇွတ်ထိုးရူးမိုက်ကြပုံတွေကို တွေ့မြင်ခံစားရမယ့်ဇာတ်ကြမ်းကားတစ်ကားဖြစ်ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paingပဲဖြစ်ပါတယ်.....File Size :(900 MB) and (351 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
Cut Throat City(2020)
7.2
Greyhound(2020)
Greyhound(2020)IMDb...7.2,,,Rotten....78%အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ...ကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ြဖတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ...သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်....ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ....ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်...ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့....ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်... စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး...တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်....ဒီရုပ်ရှင်ဟာ battle scene တွေက ...
movie
Greyhound(2020)
7.5
Just Mercy (2019)
unicodeဖစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားသစ်လေးပါ။နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ Michael B. Jordan နဲ့Jamie Foxx တို့ သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဟားဗတ်ကနေ Law နဲ့ ဘွဲ့ရလာတဲ့Bryan Stevenson က South Center မှာလူ့အခွင့်အရေးလှုပ်ရှားသူ ကျောင်းသားတစ်ယောက်အနေနဲ့အလုပ်သင်ဝင်လုပ်ပြီးနောက်မှာ သူ့ရဲ့ခရီးစဉ် စတင်ခဲ့တာဖြစ်ပါတယ်။နောက်တော့ သူက Alabama မှာ အကျဉ်းသားတွေရဲ့အခွင့်အရေးအတွက် တိုက်ခိုက်ပေးဖို့Equal Justice Initiative (EJI) ကို တည်ထောင်ခဲ့တယ်။ဒေသခံ Eva Ansley ရဲ့အကူအညီနဲ့သေဒဏ်ကျခံနေရတဲ့အကျဉ်းသားတွေရဲ့အမှုကို စတင်ပြီး ကိုင်တွယ်တော့တယ်။အဲဒီမှာ လူသတ်မှုကြီးတစ်ခုအတွက် မှားယွင်းစွာစွပ်စွဲခံထားရတဲ့Johnny D နဲ့ စပြီး ဆုံကြတော့တယ်။ဒီဇာတ်ကားလေးထဲမှာ စနစ်အတွင်း အကျင့်ပျက်ချစားမှု၊အပြစ်မဲ့တဲ့အကျဉ်းသားတွေအတွက် Stevenson တစ်ယောက်ဘယ်လိုကြိုးပမ်းမလဲဆိုတာတွေ ရှုမြင်ခံစားရမှာဖြစ်ပါတယ်။File Size : ( 1 GB , 401 MB) Quality ...
movie
Just Mercy (2019)