Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rob LaBelle
5.6
RV (2006)
2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Robin Williams ရဲ့ RV ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ မိသားစုအတွက်အလုပ်တွေပဲအားစိုက်လုပ်နေတဲ့ ဘော့ဘ်ဟာ သားသမီးတွေနဲ့ငယ်တုန်းကလို လက်ပွန်းတတီးမနေရတော့ဘဲ တဖြည်းဖြည်းဝေးကွာလာပါတယ်။ မိနိးမနဲ့လည်းအရင်လိုကြည်နူးမှုလေးတွေပြန်ယူရင်း ကျောင်းသွားတက်တော့မယ့် သားသမီးတွေနဲ့မခွဲရခင် ဟာဝိုင်အီကို အလည်အပတ်ခရီးသွားဖို့စီစဉ်ပါတယ်။ စီစဉ်ပြီးနောက်ရက်မှာပဲ အလုပ်ကအရေးကြီးအစည်းအဝေးတစ်ခုတက်ခိုင်းလို့ မိသားစုနဲ့ ခရီးထွက်ရင်း အလုပ်လည်းမပြုတ်အောင် ဘော့ဘ်တစ်ယောက်ကြံဖန်ရပါတော့တယ်။အပန်းဖြေထွက်ဖို့ RV ကားကြီးတစ်စီးငှါးလာပြီး လမ်းခရီးတစ်လျှောက် ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ မင်းသားကြီး Robin Williams ရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ရယ်မော ပျော်ရွှင်လိုက်ကြပါဦး။ မိသားစုနဲ့ အလုပ်ကြား ဟန်ချက်ညီအောင် ကြိုးစားနေတဲ့ဖခင်တစ်ယောက်နေရာကိုမြင်နိုင်မှာဖြစ်သလို မိသားစုဝင်တွေကြားမေတ္တာကိုလည်းဖော်ကြူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(1.6 GB)/(1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:39:00 Genre... Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie
RV (2006)
6.9
The Possession (2012)
ဘက်စကတ်ဘောနည်းပြ ကလိုက်ဒ်နဲ့ သူ့ဇနီး စတက်ဖနီတို့ကကွာရှင်းလိုက်ကြပြီး ကလေးနှစ်ယောက်ကို ကလိုက်ဒ်က ခေါ်သွားခဲ့ပါတယ် ။အိမ်ပြောင်းလာတာဖြစ်တဲ့ ကလိုက်ဒ်တို့ သားအဖသုံးယောက်ဟာခြံဝန်းတစ်ခုမှာ ပစ္စည်းအဟောင်းတွေ ရောင်းနေတာနဲ့ လိုတာတွေဝင်ဝယ်ကြပါတော့တယ် ။အဲဒီနေရာမှာ ကလိုက်ဒ်ရဲ့ သမီးငယ်လေး အမ်မလီ မျက်စိကျသွားတဲ့ပစ္စည်းကတော့ ရှေးဟောင်းသေတ္တာတစ်လုံးပါပဲ ။ သေတ္တာအဖုံးပေါ်မှာဟီဘရူးဘာသာစကားနဲ့ “ သတိပေးချက် : မဖွင့်ရ သေတတ်သည်” လို့ရေးထားတဲ့ သေတ္တာကို အမ်မလီလေး ဖွင့်နိုင်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ။သေတ္တာထဲမှာရှိနေတာကရော ဘာဖြစ်မလဲ ။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့အမ်မလီကို ကလိုက်ဒ်တို့ မိသားစု ကယ်နိုင်ပါ့မလားဆိုတာကို ၂၀၁၂ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Possession ရုပ်ရှင်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ ။အဓိက ဇာတ်ဆောင် တဖြစ်လဲ အမ်မလီ့အဖေ ဘတ်စကတ်ဘောနည်းပြကလိုက်ဒ်အနေနဲ့ကတော့ Walking Dead နဲ့ Grey’s Anatomy တို့မှာ ပါဝင်ထားတဲ့မင်းသားကြီး Jeffrey Dean ...
movie
The Possession (2012)
7.6
Watchmen (2009)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie
Watchmen (2009)
2009
4K HEVC
6.4
Hot Tub Time Machine (2010)
လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ...
movie
Hot Tub Time Machine (2010)
6.7
Fido(2006)
IMDb Rating (6.7)/ Rotten Tomatoes (73%) ဇွန်ဘီးကားတွေစောင့်မျှော်နေကြတဲ့သူတွေအတွက် ဇွန်ဘီးကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။2006 ကထွက်ရှိခဲ့ပြီးတော့ သရုပ်ဆောင်တွေအဖြစ် Billy Connolly ၊ Matrix ကားများမှမင်းသမီးချောကြီး Carrie-Anne Moss ၊ Henry Czerny တို့မှပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇွန်ဘီးကပ်ဖြစ်ပြီးနောက်ပိုင်း ၁၉၅၀ခုနစ်သဏ္ဍာန်ကိုနောက်ခံတည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အာကာသအမှုန်အမွှားတစ်ခုမှထွက်တဲ့radiationaများကြောင့်လူတွေသေပြီးရင် ဇွန်ဘီးအဖြစ်ကိုပြောင်းကုန်ပါတယ်။ဇွန်ဘီးကပ်ကိုရှေ့ပိုင်းမှာ ရွတ်ရွတ်ချွံချွံတိုက်ခိုက်အောင်မြင်ခဲ့ပြီးနောက် လူသားတွေကဇွန်ဘီးကို ထိန်းချုပ်လို့ရတဲ့လည်ပတ်ကို တီထွင်ခဲ့ပါတယ်။အဲ့လည်ပတ်နဲ့ဇွန်ဘီးတွေကိုထိန်းချုပ်ထားပြီးနောက် နေ့စဉ်ဓူဝအလုပ်တွေမှာခိုင်းစေအသုံးပြုလာကြတဲ့အထိတိုးတက်နေကြပါတယ်။မြို့တွေအလိုက်ခြံစည်းရိုးတွေကာထားပြီးတော့ လုံခြုံရေးကိုဇွန်ကွန်လို့ခေါ်တဲ့networkတစ်ခုမှ ကြီးကျပ်ပါတယ်။အဲ့လိုစနစ်တကျထိန်းချုပ်မှုများနဲ့နေထိုင်ခဲ့ပြီးနောက်မှာ တင်မီဆိုတဲ့ကောင်လေးဟာ သူ့ရဲ့အိမ်ကိုခိုင်းစေဖို့ရောက်လာတဲ့ဇွန်ဘီး Fidoနဲ့မိတ်ဆွေဖြစ်သွားပါတယ်။ဇွန်ဘီးနဲ့လူသားကြားကသံယောဇဉ်ကိုကာကွယ်ရင်း တင်မီကပြဿနာတွေနဲ့ရင်ဆိုင်ရပါတော့တယ်။တစ်ဖက်ကလည်းမြို့ကိုကာကွယ်စောင့်ရှောက်နေတဲ့ အိမ်နီးချင်းဇွန်ကွန်ခေါင်းဆောင်ကလည်း ဇွန်ဘီးနဲ့လူသား မပေါင်းဖက်စေရရေးအစွမ်းကုန်တားဆီးတာနဲ့ ကြုံရပါတော့တယ်။တင်မီ သူ့ရဲ့တစ်ဉီးတည်းသောအချစ်ဆုံးသူငယ်ချင်းကောင်လေး ဖိုင်ဒိုနဲ့မခွဲရဖို့ဘယ်လိုစွန့်စားသွားမလဲဆိုတာကိုကားလေးကိုကြည့်ရှုရင်း ရုပ်ရှင်ရသခံစားလိုက်ကြပါစို့။ Horror Comedy ဖြစ်ပေမဲ့မိသားစုနဲ့တပျော်တပါးကြည့်ရှုလို့ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။ File size…2.6 GB / 798.6 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ..... Comedy , Drama , Horror Subtitle….Myanmar Subtitle ...
movie
Fido(2006)
6.4
Curious Caterer: Grilling Season (2023)
Curious Caterer: Grilling Season (2023) ============================= IMDb Rating - 6.4/10ကလေးတစ်ယောက်အမေ ဂိုဒီတယောက် သူငယ်ချင်း ဖြစ်သူ၏ စနိုက်ကြော် ခံလိုက်ရပြီး စနိုက်မ သူငယ်ချင်း မွေးနေ့မှာ အကျွေးအမွေးတာဝန်ခံအဖြစ် လုပ်ဖို့ကြုံလာ ပါတယ်။ကံဆိုးချင်တော့ အဲ့ဒီနေ့ညပဲ ထိုသူငယ်ချင်းမ အသတ်ခံ ရတဲ့ကိစ္စမှာ အကင်စက်လည်းပေါက်ကွဲသွားတာမို့ လုပ်ငန်း နာမည်ပျက်ကိန်းဆိုက်လာတာကြောင့် စုံထောက်အဆင် လေးရဲ့ အကူညီကိုယူပြီး မွေးနေ့ပွဲတက်သူတွေထဲကနေ တရားခံကြိုးစားရှာဖွေကြပုံကိုမြင်တွေ့ကြရမှာ ဖြစ်ပါ တယ်။စုံထောက်မှုခင်းကားလဲ ကြည့်ချင်တယ် ဦးနှောက် ခြောက်ခံပြီးလဲ မစဉ်းစားချင်သူတွေအတွက် ပေါ့ပေါ့ပါးပါး မှုခင်းကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.5 GB) / (590 MB) / (340 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery Translator.......Chit Min Thu Encoder..........SWM
movie
Curious Caterer: Grilling Season (2023)
2023
7.0
Chaos (2005)
Chaos (2005)အညွှန်း******************မင်းသားကြီးJason Statham ပါဝင်တဲ့ အက်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်...ပြန်ပေးဆွဲမှုတစ်ခုမှာ ပြန်ပေးသမားရော ဓားစာခံပါဆုံးပါးသွားရတာကြောင့် တာဝန်ရှိ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ ကော်နာစ်နဲ့ ယော့ခ်မှာ ယော့ခ်ကို အလုပ်ထုတ်ပြီး ကော်နာစ်ကို တာဝန်က ဆိုင်းငံ့ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်နာစ်ကို ပြန်တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်စေခဲ့တဲ့အကြောင်းကတော့ အခြားမဟုတ်ပါဘူး။ ဘဏ်ဓားပြမှုတစ်ခုပါပဲ။ အဲဒီအမှုကို ကျူးလွန်တဲ့ ဘဏ်ဓားပြတွေက စုံထောက်ကော်နာစ်ကလွဲရင် ဘယ်သူနဲ့မှ စကားမပြောချင်ဘူးလို့ တောင်းဆိုလာတာကြောင့် ကော်နာစ်တစ်ယောက် အမှုအခင်းတွေကြားကို ပြန်လည်ရောက်ရှိခဲ့ရပါပြီ။ ဒါ့အပြင် စုံထောက်ပေါက်စလေး ရှိန်းဒက်ကာကိုပါ တွဲဘက်အသစ်အဖြစ် ရရှိခဲ့ပါသေးတယ်။ စိတ်အချဉ်ပေါက်နေပေမယ့် အလုပ်မှာ သိပ်တော်လွန်းတဲ့ ကော်နာစ်တစ်ယောက် ရှိန်းနဲ့အတူ ဓားပြတွေကို ဖော်ထုတ်ပြီး မိအောင်ဖမ်းနိုင်ပါ့မလားဆိုတာကတော့…. File Size :(1.96GB) (817 MB) and (253 MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:46:00 Genre : Action , Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by ...
movie
Chaos (2005)
6.5
New Nightmare (1994)
Wes Craven's The New Nightmare (1994) IMdb - 6.5/10, Rotten Tomatoes - 80%လောကကြီးထဲမှာ ဟိုးရှေးခေတ်ကတည်းကစပြီး ဘုရားသခင်ရဲ့ဖန်ဆင်းမှုတွေထဲမှာ ရောပြီးပါဝင်လာတဲ့ မကောင်းဆိုးဝါးဆိုတာ ရှိပါတယ်တဲ့။ သူက ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်လာခဲ့ပါသတဲ့။လူတွေက စိတ်ကူးစိတ်သန်းတွေထုတ်ပြီး ဇာတ်လမ်းတွေ ပုံပြင်တွေ ရေးဖြစ်တဲ့အချိန်မှာတော့ စာရေးဆရာတွေရဲ့ စိတ်ကူးဉာဏ်က မကောင်းဆိုးဝါးကို ဖမ်းယူပြီး ဇာတ်လမ်းထဲမှာ ထည့်ပိတ်လိုက်မိတယ်ဆိုပဲ။ ဇာတ်လမ်းမပြီးသေးသရွေ့တော့ မကောင်းဆိုးဝါးဟာ ဇာတ်လမ်းထဲမှာပဲ ပိတ်မိနေတာပေါ့။ ဇာတ်လမ်းပြီးသွားတဲ့အခါမှာတော့ မကောင်းဆိုဝါးက ပုံစံအသစ်နဲ့ပဲဖြစ်ဖြစ် ပုံစံအဟောင်းနဲ့ပဲဖြစ်ဖြစ် လောကကမ္ဘာအစစ်ထဲကို လွတ်မြောက်လာပါရောတဲ့။အခု Elm လမ်းပေါ်က အိပ်မက်ဆိုးဇာတ်ကားတွေထဲမှာ Freddy အဖြစ် ပိတ်မိနေတဲ့ မကောင်းဆိုးဝါးကြီးက Part 6 The Final Nightmare အပြီး ဇာတ်လမ်းအပြီးသတ်သွားတာကြောင့် လူ့လောကကို ထိုးဖောက်ဝင်လာဖို့ ကြိုးစားတဲ့အချိန်ပေါ့။ Freddy ...
movie
New Nightmare (1994)
1994
6.2
Diary of a Wimpy Kid (2010)
Greg Heffley is headed for big things, but first he has to survive the scariest, most humiliating experience of any kid’s life – middle school! That won’t be easy, considering he’s surrounded by hairy-freckled morons, wedgie-loving bullies and a moldy slice of cheese with nuclear cooties!ဒီဇာတ်ကားလေးဟာ Jeff Kinney ရဲ့ စာအုပ်တွေထဲကတစ်တွဲဖြစ်ပြီး Imdb 6.2 ထိရရှိထားတဲ့ မိသားစုကြည့်ဇာတ်မြူးလေးတစ်ကားဖြစ်ပါတယ်ဇာတ်ကားအညွှန်းပြောရရင် Greg ဆိုတဲ့ကျောင်းသားလေးတစ်ယောက်အလယ်တန်းတက်စရတဲ့အချိန်မှာသူ့ကိုဘယ်သူမှမခေါ်ပြောကြတဲ့အဖြစ်ဆိုးတွေနဲ့ကြုံခဲ့ရပါတယ်။သူဒီအဖြစ်ဆိုးတွေကရှောင်ဖို့အတန်းရဲ့အချစ်တော်စာရင်းထဲဝင်အောင် ကြိုးစားရပါတော့တယ် သူဘယ်လိုကြိုးစားလဲ ဘာတွေဆက်ဖြစ်လဲဆိုတာရုပ်ရှင်ကိုသာဆက်လက်ကြည့်ရှုကြပါလို့ပြောချင်ပါတယ်(ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ "သရဲကားတွေပဲရေးလေ့ရှိတဲ့ Moe Oo ...
movie
Diary of a Wimpy Kid (2010)