Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rob Gronkowski
6.5
The Instigators (2024)
ဖျော်ဖြေမှုကောင်းကောင်းပေးမဲ့ သည်းထိပ်ရင်ဖို ဟာသအက်ရှင်ကားပါ။ ဒါရိုက်တာက Edge of Tomorrowလက်ရာရှင် Doug Liman ဖြစ်ပြီး အော်စကာဆုရှင်နှစ်ယောက်ဖြစ်တဲ့ မက်ဒေမွန် နဲ့ ကေစီ အက်ဖလက်တို့ ပါဝင်ထားပါတယ်။Good Will Hunting ကတည်းက အတွဲညီခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် မက်ဒေမွန် နဲ့ ဘန်အက်ဖလက်တို့ အတူ ထုတ်လုပ်ထားတာပါ။ ဇာတ်ညွှန်းကလည်း ကေစီအက်ဖလက်လက်ရာပါပဲ။ ဇာတ်လမ်းအကျဉ်း****************မြို့တော်ဝန် ရွေးကောက်ပွဲ အပြီးမှာ မြို့တော်ဝန်ရဲ့ ပါတီကိုရောက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ ငွေသားတွေကို ဓားပြတိုက်ဖို့လူနှစ်ယောက်ကို အလုပ်အပ်လိုက်မိတယ်။ အဲဒီနှစ်ယောက်မှာတစ်ယောက်က မရိန်းတပ်ထွက်၊ ကိုယ့်ကိုယ်ကိုယ် လက်စတုံးချင်စိတ်ပေါက်နေလို့ စိတ်ကုထုံး ပြနေရတဲ့လူ၊ နောက်တစ်ယောက်ကထောင်ထွက် တစ်ခန်းလွတ်ပါ။ အခြားလုပ်ရဲမဲ့သူလည်း ရှာမရလို့ဂေါက်သီးနှစ်ယောက်ကို အလုပ်အပ်လိုက်မိတာ တလွဲတွေတန်းစီဖြစ်ကုန်ပုံကို ပြထားတာပါ။ ရဲတွေ တစ်အုပ်ကြီးနောက်ကလိုက်နေရင်း၊ မြို့တော်ဝန်ဘက်က လူတွေလည်း လိုက်တာခံရရင်တလွဲတွေ ဆက်တိုက်လုပ်သွားပုံကို ကြည့်ပြီး ခွီရမှာပါ။ကြည့်လိုက်ကြပါဦး။ File size…5.03GB / 2.12GB ...
movie
The Instigators (2024)
4K HEVC
Good Burger 2 (2023)
ကျွန်တော် ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သိပ်ကိုကောင်းခဲ့တဲ့ ကောင်းနေဆဲ Nickelodeonက ထုတ်လုပ်ထားတဲ့ Comedy အမျိုးစား ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးချင်ပါတယ်။ ယခု Good Burger 2မှာ 1 က main castတွေအတိုင်းပဲ Kel Mitchellနဲ့ Kenan Thompsonက ဦးဆောင်ပြီး ပြန်လည်ပွဲထွက်လာပါတယ်။ဂွတ်ဘာဂါကနေ ထွက်လာခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒတ်စ် တစ်ယောက် သူ့ရဲ့စမ်းသပ်ချက်မှာ အမှားယွင်းဖြစ်ပြီး ပြဿနာတက်ကုန်လို့ အက်ဒ်ရှိရာ ဂွတ်ဘာဂါဆိုင်ကို ပြန်လာပါတော့တယ်။ ဒတ်စ်ထွက်သွားပြီးကတည်းက အက်ဒ်တစ်ယောက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ ဘဝမှာ အဆင်ပြေနေတာကို ဒတ်စ်တစ်ယောက် တွေ့မြင်လိုက်ရပါတယ်။ အဆင်ပြေနေတဲ့ အက်ဒ်တစ်ယောက်ကို ဒတ်စ်က ပြန်တွေ့ပြီး ဂွတ်ဘာဂါဆိုင်မှာ ပြန်လာလုပ်ပါတော့တယ်။ ဂွတ်ဘာဂါကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ..... အမှန်တရားနဲ့ တရားမျှတမှုကို ရရှိသွားအောင် ဘယ်လိုဖော်ဆောင်သွမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ...
movie
Good Burger 2 (2023)
80 for Brady (2023)
80 for Brady (2023)ဒီကားမှာတော့ 12 Angry Men ထဲက ဂန္ထဝင်မင်းသားကြီး ဟင်နရီဖွန်ဒါရဲ့သမီး ဂျိန်းဖွန်ဒါ၊ ရီတာမော်ရီနို၊ ဆယ်လီဖီးဒ်၊ လီလီတွမ်လင် စသဖြင့် ၇၀တန်းမင်းသမီးကြီးလေးယောက် အပြိုင်သရုပ်ဆောင်ထားပါတယ်။ ထူးတာက ဒီလေးယောက်လုံးက တကယ့် ဂန္ထဝင်တွေပါ။ ဂျိန်းဖွန်ဒါဆို အော်စကာ၂ဆု၊ BAFTA ၂ဆု၊ Golden Globe ၇ဆု၊ Emmy ဆု၊ ရွှေခြင်္သေ့ဆုအပြင် ကိန်းကပါ Honorary Award တွေရထားတာပါ။ မော်ရီနိုကတော့ ဟောလိဝုဒ်ရွှေခေတ်လက်ကျန်မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး Triple Crown of Acting လို့ ခေါ်တဲ့ ဂရမ်မီ၊ အော်စကာနဲ့ တိုနီဆု သုံးခုလုံးရထားတဲ့ မင်းသမီးအနည်းအကျဉ်းထဲက တစ်ယောက်ပါ။ တော်တော်နည်းပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှ ၁၀ယောက်မပြည့်ပါဘူး။ Sally Field ကတော့ ဖောရပ်ဂန့်ရဲ့အမေနေရာကသိကြမှာပါ။ သူလည်း အကယ်ဒမီ ၂ဆု၊ ရွှေကမ္ဘာလုံး ...
movie
80 for Brady (2023)
2023
Entourage(2015)
ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie
Entourage(2015)
Boss Level 2020
Time Loop ကားကောင်းကောင်းလေးတွေ ကြည့်ချင်လို့စောင့်မျှော်နေတဲ့ CM ပရိတ်သတ်ကြီးအတွက် ကားကောင်းကောင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ Boss Level(2020)ပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ရွိုင်ဆိုတာကတော့ တစ်နေ့တည်းကိုပဲထပ်ကာထပ်ကာနိုးထနေရတဲ့ စစ်သားတစ်ဦးပါ။ထူးဆန်းတာက သူနိုးလာတာနဲ့ သူ့ကိုအသေအကြေသတ်မယ့်လူတွေက ဆီးကြိုနေတာပါပဲ။တစ်ယောက်လက်ကလွတ်ရင် တစ်ယောက်က ထပ်ပြီးတော့ သတ်ဖို့ကြိုးစားနေတဲ့ ဒီဘ၀ကြီးမှာ သူကလည်း ကြိုးစားရှင်သန်နေထိုင်ပေမယ့် အချိန်တန်ရင် အသတ်ခံရတာပါပဲ။ဒီလိုနဲ့ရက်ပေါင်းများစွာ ကြာလာခဲ့ချိန်မှာတော့ သူချစ်ရတဲ့အမျိုးသမီးအသတ်ခံလိုက်ရကြောင်း သူသိလိုက်ရပါတော့တယ်။သူကိုယ်တိုင်ကလည်း ရန်သူတွေပတ်လည်၀ိုင်းနေချိန် ဇနီးသည်ချန်ထားခဲ့တဲ့ သဲလွန်စလေးတွေနောက်ကိုလိုက်ရင်း လက်စားချေဖို့ကြိုးစားပါတော့တယ်။ အထပ်ထပ်၀ိုင်းနေတဲ့ လုပ်ကြံသူတွေလက်ကဘယ်လိုပြေးပြီး ဒီပိတ်မိနေတဲ့အချိန်ထဲကနေ ဘယ်လိုလွတ်အောင်ကြိုးစားမလဲ? လွတ်မြောက်ဖို့ရောဖြစ်နိုင်မှာလား?ဆိုတာ အရမ်းကိုစိတ်၀င်တစားနဲ့ကြည့်ရှုရမှာပါ။ ရိုးတာနေတဲ့ Time loop movie လမ်းကြောင်းကနေခွဲထွက်ခဲ့တဲ့ ဒီကားလေးနာမည်ကတော့ Boss Level(2020)ပါ။ Channel Myanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.4 Gb / 700 Mb Quality… webrip 1080p Format…mp4 Duration….01:41:00 Genre … Action, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Aye Mon Kyaw
movie
Boss Level 2020