Channel Myanmar

Rob Figueroa

Rub (2023)
Rub (2023)  နီးလ် ဟာဆိုရင် အချစ်မှာသိပ်ကံမကောင်းတဲ့ သာမန်ရုံးအလုပ်သမားလေးတစ်ယောက်ပါ တစ်နေ့တစ်နေ့ နီးလ်ဟာ အိမ်နဲ့ရုံးမှာပဲ အချိန်ကုန်နေတတ်ပါတယ်။ တစ်နေ့မှာတော့ သူရဲ့ရုံးကလုပ်ဖော်ကိုင်ဖက် တစ်ယောက်က နီးလ်ကိုပျော်စရာတွေဖန်တီးပေးဖို့ နေရာလေးတစ်ခုကို ညွှန်းပေးလိုက်ပါတယ်။အဲဒီနေရာကတော့ အနှိပ်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ နီးလ်ကတော့ အနှိပ်ခန်းကိုသွားလိုက်ပြီးပျော်လိုက်ရပေမဲ့ သူ့လုပ်ဖော်ကိုင်ဖက်က စေတနာနဲ့ပေးတာမဟုတ်ပဲ အနိုင်ကျင့်ချင်လို့ သွားခိုင်းလိုက်တာဖြစ်နေပါတယ်။ အဲဒီအချိန်မှာ နီးလ်က စိတ်ညစ်ညစ်နဲ့နောက်တစ်ကြိမ် အနှိပ်ခန်းသွားလိုက်တဲ့အချိန်မှာ ဘာတွေနဲ့ကြုံတွေ့ရမလဲ ဘယ်လိုပြဿနာတွေက ရောက်လာမလဲ အချစ်ကိုဆာလောင်နေတဲ့ နီးလ်တစ်ယောက် အချစ်ကိုရော ရှာတွေ့သွားမလားဆိုတာ ကြည့်ရှုရမယ့်ကားလေးတစ်ကားဖြစ်ပါတယ်File size…(1.8 GB)/(936 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Thriller, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kaung Khant
movie

Rub (2023)

Paint (2023) 5.1
Paint (2023) Paint (2023)ကြည့်ဖူးသမျှထဲက အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေကိုချည်း စာရင်းလုပ်လိုက်တယ်ထား။ ၂၀၀ ၃၀၀လောက်ရတယ်ထားဦး။ အဲဒီထဲက ၁၀၀ကိုပြန်ရွေးလိုက်တယ်ထား။ ရွေးလို့ရချင်မှလည်းရမှာပေမဲ့ ရွေးလိုက်တယ်ပဲထားပါတော့။ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ အဲဒီ ၁၀၀ကို ဘယ်ကားကတော့ ဘယ်ကားထက်ပိုကောင်းပါတယ်ဆိုပြီး ၁ကနေ၁၀၀ထိ စာရင်းလုပ်ဖို့က မဖြစ်နိုင်ဘူး။ ဒီ၁၀၀ဟာ ကြည့်ဖူးသမျှထဲက အကောင်းဆုံးကားတွေကိုရွေးထားတာဆိုတော့ ဒါရိုက်တာကောင်းတွေချည်းပါနေမှာလည်း သေချာတယ်။ အဲဒီဒါရိုက်တာအားလုံးကို ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက် ပိုတော်ပါတယ်လို့ သွားအကဲဖြတ်ဖို့တော့ မဖြစ်နိုင်ဘူး။ သူ့နည်းသူ့ဟန်နဲ့တော့ အကုန်လုံးမာစတာတွေချည်း ဖြစ်နေမှာပဲ။ ဒီတော့ ရုပ်ရှင်တွေကို ဘယ်ကားကတော့ ညံ့တယ်လို့ပြောလို့အဆင်ပြေပေမဲ့ ဘယ်ကားကတော့ အကောင်းဆုံးပါလို့ ပြောဖို့တော့ မဖြစ်နိုင်ဘူး။ ရွေးချင်သပဆို ကျွန်တော်တို့ရွေးလို့ရတာက ကိုယ့်ပုဂ္ဂလိကအကြိုက်ဆုံးရုပ်ရှင်ကိုတော့ ရွေးလို့ရမယ်။ ဒါပေမဲ့ တကယ့်အကြိုက်ဆုံးရုပ်ရှင်ကတော့ သိပ်ကောင်းတဲ့ကားတောင် ဟုတ်ချင်မှဟုတ်မယ်။ လူတစ်ယောက်ချင်းစီအပေါ်ပဲ မူတည်နေလိမ့်မယ်။ သူ့ကိုရောင်ပြန်ဟပ်တဲ့ကားတော့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ မဟုတ်လည်း သူ့စိတ်ဝင်စားမှုကို ရောင်ပြန်ဟပ်တဲ့ကားမျိုးပေါ့။ တစ်ချို့ကျလည်း ကားတစ်ကားရယ်မဟုတ်ဘဲ ကားအမျိုးအစားနဲ့ ကြိုက်ကြတာလည်း ရှိတာပဲ။ တစ်ချို့ဆို သရဲကားချည်းကြိုက်ကြတာလည်းရှိတာပဲ။ Art House ကားချည်း ကြိုက်ကြတာလည်းရှိတာပဲ။ ...
movie

Paint (2023)

2023
Hellbender (2021) 6.1
Hellbender (2021) Horror movie တွေကိုနှစ်သက်တဲ့ သူတွေတွက်ပါဆယ်ကျော်သက်ကောင်မလေးအစ်ဇီနဲ့ သူ့အမေက တောထဲက အိမ်မှာနေရင်း ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းရင်း နေထိုင်ကြတယ် သူတို့ရဲ့အချိန်တွေ metal music တွေကို ဖန်တီးရင်းကုန်ဆုံးကြတယ်ကောင်မလေးက သူ့ရဲ့ ဂီတစွမ်းရည်တွေကို လူတွေရှေ့မှာ ထုတ်ပြချင်ပေမယ့် အမေဖြစ်သူက သူ့ကို ၅နှစ်အရွယ်ကတည်းက လူတွေနဲ့ ဝေးဝေးနေခိုင်းထားခဲ့တာ...ကြမ္မာငင်လာတဲ့ တစ်ရက်မှာ ကောင်မလေးက အမ်ဘာတို့သူငယ်ချင်းတစ်စုနဲ့ ခင်မိပြီးနောက် သူတို့သားအမိက စုန်းအတက်မှော်အတက်တွေနဲ့ ပတ်သတ်တဲ့ hellbenderတွေမှန်း သိလိုက်ရတဲ့ အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါFile Size__(1.5GB) / (780MB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:23:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by Naing Aung Latt
movie

Hellbender (2021)