Channel Myanmar

Rob Benedict

Still Waiting… (2009) 4.9
Still Waiting… (2009) Still waiting (2009)အနည်းငယ်အမြင်ရိုင်းတဲ့ ဇာတ်ဝင်ခန်းနဲ့ စကားအသုံးအနှုန်းလေးတွေပါတဲ့အတွက် အသက်မပြည့်သေးသူများနဲ့ မကြည့်သင့်သလို မိသားစုနဲ့အတူကြည့်ရှုလို့မသင့်ကြောင်းတော့ သတိပေးပါရစေနော်။ပိတ်ရက်မှာပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာတော့ ဆိုင်မန်နေဂျာလေဖြန်းသွားလို့ သောင်ပြင်မှာလွတ်ကျန်ခဲ့တဲ့ ယဉ်ကျေးလိမ္မာကျောင်းဆင်းဝန်ထမ်းတစ်သိုက်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ငါ့လူထိရင် ငြိမယ်ဆိုပြီး ဖောက်သည်တွေကို Lesson ပေးလွှတ်တတ်တဲ့ပွကြီးတို့တစ်သိုက်ရဲ့ အကွက်ဆန်းတွေနဲ့အတူ စတိုမန်နေဂျာနေရာကနေ ဆိုင်မန်နေဂျာနေရာတတ်ဖို့ ရှယ်ပလန်နဲ့ချောင်းနေတဲ့ FA အကြီးစားတို့စုနေတဲ့ ဂယက်တစ်သိန်းနဲ့ ဆိုင်ပါပဲ။ရှေ့လူပြုတ် နောက်လူတက်မယ်လို့ လွယ်လွယ်မှန်းထားခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ လွယ်မနေခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Target ဒေါ်လာ ၉၀၀၀ မှ ပြည့်အောင် မရောင်းနိုင်ခဲ့ရင် ဆိုင်ပိတ်ရတော့မှာမို့လို့ပါပဲ။ ဒါပေမဲ့ ပွကြီးဟာကံကောင်းပါတယ်။ တားဂတ်ပြည့်ဖို့လိုခါမှ သူတို့ရဲ့ဆိုင်ရှေ့တည့်တည့်မှာ ဆိုင်အပြိုင်ပေါ်လာတော့တာပါပဲ။ အဝတ်ပါရုံဝတ်ထားတဲ့ စားပွဲထိုးမအလန်းလေးတွေနဲ့ ညတိုင်းအပန်းဝင်ဖြေချင်စရာ Vibe လေးနဲ့ ပုရိသအကြိုက် Performance လေးတွေနဲ့ပေါ့လေ။ဒီဆိုင်‌ရောက်လာတဲ့ကျေးဇူးကြောင့် သူတို့ဆိုင်က စကီအလန်းလေးတွေကလည်း ကိုင်းကူးချင်ချင်တွေဖြစ်လို့ပေါ့။ ဆိုင်အတွက် အာရုံစိုက်နေရပါတယ်ဆိုမှ ပွကြီးဟာ ...
movie

Still Waiting… (2009)

Waiting… (2005) 6.7
Waiting… (2005) Waiting (2005)နေ့စဉ်ဘဝရဲ့ ပုံမှန်ဆန်တဲ့တစ်နေ့တာကို ငြီးငွေ့နေတဲ့သူတွေရှိရင် ဒီကားလေးကအံကိုက်ဖြစ်မှာပါ။၂၀၀၅ ခုနှစ်က ထွက်ရှိထားပြီး Deadpool မင်းသား Ryan Reynolds ရဲ့ masterpiece တွေထဲကတစ်ခုလို့လည်း ပြောလို့ရတဲ့ကားလေးပဲ ဖြစ်ပါတယ်။IMDb 6.7/10 ရရှိထားတဲ့ ဟာသကားလေးလည်း ဖြစ်ပါတယ်။Diner တစ်ခုက စားပွဲထိုးကောင်လေးနှစ်ယောက်ကို အသားပေးရိုက်ကူးထားတာဖြစ်ပြီး။သူတို့ရဲ့ ငြီးငွေ့စရာတစ်နေ့တာကို ပျော်စရာကောင်းအောင် ထွက်ပေါက်ရှာကြတာကိုရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။ File size…    1.8 GB /  900 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Aditi
movie

Waiting… (2005)

ClearMind (2024)
ClearMind (2024) ClearMind (2024)~ Rotten Tomatoes - 100% ~ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ရင်ထိတ်သည်းဖိုအဖြစ်ကတော့ ကလေးတစ်ယောက် ရေကူးကန်ပါတီမှာ ရေထဲပြုတ်ကျသေသွားရာကနေ စတင်ပါတယ်။ကလေးမနာမည်က ဟန်နာဖြစ်ပြီး သူ့မိဘတွေဖြစ်တဲ့ မိုက်ကယ်နဲ့နိုရာတို့ သူငယ်ချင်းတွေနဲ့အတူ ပါတီလုပ်ရာကနေ မတော်တဆသေသွားတာပါ။ အဲဒီကိစ္စကြီးဖြစ်ပြီး နိုရာကတော့ အလဲလဲအပြိုပြိုဖြစ်လို့ သူငယ်ချင်း Therapist လီလီနဲ့ ပြနေရပါတယ်။ တစ်နှစ်လောက်အကြာမှာ မိုက်ကယ်က ဘ၀အသစ်စပြီး ချစ်သူအသစ်ပါရသွားပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေကလည်း ကိုယ့်ကိစ္စမဟုတ်တော့ အရမ်းမခံစားရဘဲ ပုံမှန် ပြန်ဖြစ်သွားတာပေါ့။ ပိတ်ရက်ကို တောထဲက အိမ်မှာ အားလုံးစုပြီး ပါတီလုပ်ဖို့တောင် စီစဉ်နေပါတယ်။ပူဆွေးနေဆဲဖြစ်တဲ့ နိုရာက Therapist လီလီရဲ့ ClearMind ဆိုတဲ့ Simulation Program ကတစ်ဆင့် သူတို့ပါတီလုပ်တဲ့နေရာထဲ ဝင်သွားတဲ့အခါ... အစက ကုထုံးအတွက် ရည်ရွယ်ပေမဲ့ နိုရာရဲ့ လက်စားချေတဲ့ဂိမ်းဖြစ်သွားတဲ့အခါ...ဒီပရိုဂရမ်ထဲမှာ သူ့သူငယ်ချင်းတွေကို လက်စားချေတာအောင်မြင်မလား... နိုရာပဲ ဘ၀အသစ်စဖို့ အသင့်ဖြစ်သွားမလားဆိုတာ ...
movie

ClearMind (2024)

2024
Group Sex (2010) 5.0
Group Sex (2010) Group Sex (2010) =============ခေါင်းစဉ်ကိုကြည့်ပြီး အထင်မလွဲကြပါနဲ့၊ ပျော်စရာကောင်းတဲ့ romantic/comedy ကားလေးပါ။ ဒါပေမယ့်ခေါင်းစဉ်နဲ့လိုက် အောင်ပါဝင်တဲ့ အောက်လုံးတွေ တစ်ချို့ပြကွက်တွေကြောင့် တော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။ဇာတ်လမ်းအကျဉ်းအနေနဲ့ အန်ဒီက အချစ်ကိုကိုးကွယ်တဲ့လူရိုး လေးတစ်ယောက်ပါ။ အချစ်ကိုကိုးကွယ်လွန်းလို့လည်း သူ့ရဲ့ ငါးနှစ်တာချစ်သူက လက်ထပ်ပွဲမတိုင်ခင်ကာလလေးမှာ တစ်ခြား တစ်ယောက်နဲ့အိပ်ပြီး သူ့ကိုပစ်သွားတဲ့စိတ်ဒဏ်ရာကိုအခုချိန်ထိ ခံစားနေရဆဲဖြစ်သလို အလုပ်တူတူလုပ်တဲ့သူငယ်ချင်း ဂျယ်ရီ အိမ်မှာကပ်နေရပါတယ်။ သူ့သူငယ်ချင်း ဂျယ်ရီကတော့ မိန်းမ တွေကိုဖျော်ဖြေရေးလောက်ပဲသဘောထား ပွေလွန်းရှုပ်လွန်းတဲ့ သူဖြစ်ပါတယ်။တစ်နေ့တော့ စိတ်ညစ်ညစ်နဲ့လမ်းလျှောက်ထွက်လာတဲ့အချိန် တွေ့မိတဲ့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းစွဲလန်းရာ ကနေနောက်ကတစ်ကောက်ကောက်လိုက်ရင်း anonymous meetings(ဆေး၊အရက်စသည်ဖြင့်စွဲလန်းသူများအချင်းချင်း အားပေးနှစ်သိမ့်အဖြေရှာရာတွေ့ဆုံပွဲ) တစ်ခုကိုရောက်သွား ပါတယ်။ သူရောက်သွားတဲ့နေရာကတော့ လိင်ကိစ္စကိုမူးယစ် ဆေးလိုစွဲလန်းနေနသူတွေ အချင်းချင်းအားပေးနှစ်သိမ့်အဲ့ဒီ စိတ်ကိုဖျောက်ဖျက်ဖို့ကြိုးစားကြတဲ့နေရာတစ်ခုပါ။ အဲ့ဒီအပြင် သူချစ်မိတဲ့ကောင်မလေးကပါ ဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတာ ကိုသိလိုက်ရတဲ့အခါ..။အဲ့ဒီအဖွဲ့ဝင်တွေစိတ်ဝင်စားတဲ့ စွဲလန်းနေတဲ့လိင်ကိစ္စတွေဟာ လည်း တကယ့်ကိုကပ်သီးကပ်သပ်ပေါက်ပေါက်ရှာရှာထူးထူး ဆန်းဆန်းတွေဖြစ်နေလေတော့ ဒီအဖွဲ့ဝင်တစ်သိုက်နဲ့ အူကြောင် ကြောင် အန်ဒီတို့ ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲ? သူရည် ရွယ်တဲ့ ကောင်မလေးနဲ့ရောအဆင်ပြေနိုင်ပါ့မလားဆိုတာ ဆက် လက်ရှုစားလိုက်ကြပါ။ (supernatural ထဲမှာ Chuck အဖြစ်ပါဝင်ခဲ့တဲ့ Rob Benedict ကလည်း ပါဝင်အားဖြည့်ထားပါတယ်)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.8 GB) / (830 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Alias Encoder..........SWM
movie

Group Sex (2010)

2010
State of Play (2009) 7.1
State of Play (2009) State of Play(2009) IMDb....7.1,,,,Rotten....84% မိုးတဖွဲဖွဲကျပြီးတိတ်ဆိတ်နေတဲ့ Washington DCမြို့ရဲ့  ညတစ်ညမှာ လူတစ်ယောက် ကြောက်လန့်တကြားပြေးလွှားနေတယ်.....ညဟာအေးစက်နေပေမယ့် သူ့မျက်နှာပေါ်မှာ ချွေးစေးတွေပျံနှံနေသလို သူ့ဟန်မှာကြောက်လန့်နေပုံအထင်းသားပေါ်လွင်နေတယ်...သူပြေးလွှားပုန်းအောင်းနေပေမယ့် နောက်ယောင်ခံလိုက်လာတဲ့သူတွေ့ရှိသွားကာ ပစ္စတိုဖြင့်(၂)ချက်ဆင့်ပစ်ချခြင်းခံလိုက်ရသည်....ပီဇာပို့သည့်လူငယ်တစ်ယောက်ဟာလည်း တိုက်ဆိုင်စွာပင် အခင်းဖြစ်ပွားရာနေရာကိုဖြတ်သွားမိသည်.. နောက်ယောင်ခံလိုက်လာသည့် လူမှာ ပီဇာပို့သမားဆီသို့ သက်သေဖျောက်သည့်အနေဖြင့် ဆက်လက်ပစ်ခတ်လိုက်သည်... နောက်တစ်နေ့မနက်တွင် ကောင်မလေးတစ်ယောက် ဘူတာရုံတွင် Suicide လုပ်ခဲ့သည်...ပြောရရင် (၂)ရက်အတွင်း အလောင်း(၃)လောင်းဖြစ်သွားခဲ့ခြင်းဖြစ်သည်...ဒီ Suicide လုပ်သည့်အမျိုးသမီးမှာ လွှတ်တော်အမတ်တစ်ယောက်၏ ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်.....လွှတ်တော်အမတ်၏စေခိုင်းမှုကြောင့် ဒီအမျိုးသမီးမှာ အစိုးရ လက်နက်ကုမ္ပဏီတစ်ခုကိစ္စကိုစုံစမ်းနေခြင်းဖြစ်သည်.. မှုခင်းဖြစ်စဉ်အရ Suicide  ဟုပြောဆိုနေပေမယ့် လက်နက်ကိစ္စစုံစမ်းခြင်းကြောင့်အသတ်ခံရတာလားဟုဆိုသောမေးခွန်းတွေကလည်းတစ်ပြုံတစ်ပင်ပင်ဖြစ်သည်.. ဒီဇာတ်ကားဟာ နိုင်ငံရေးပါဝင်တဲ့ Thriller ကားကောင်းတစ်ကားပါ...လွှတ်တော်အမတ်အဖြစ် Ben Affleck ကသရုပ်ဆောင်ထားပြီး သူ့ရဲ့ယုံကြည်ရတဲ့ သတင်းထောက်သူငယ်ချင်းအဖြစ် Russell Crowe  ကြီးကသရုပ်ဆောင်ထားပါတယ်.....အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ Rachel McAdams ,Helen Mirren , Robin Wright တို့လည်း ပါဝင်ထားလေတယ်... ကိုင်း ဘာကြောင့်လူတွေအသတ်ခံရလဲ ....လွှတ်တော်အမတ်ရဲ့ ဝန်ထမ်းအမျိုးသမီးကရော တကယ်ပဲ Suicide လုပ်ခဲ့တာလား...နောက်ကွယ်က ပြသနာတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုတော့ သတင်းထောက်ကြီး Russell Crowe နဲ့အတူ နိုင်ငံရေးလောကထဲကအရှုတ်တွေကို ဝင်ရောက်စုံစမ်းထောက်လှမ်းကြည့်ရအောင်.... ------------------------------------------------------------------- မုိးတဖြဲဖြဲက်ၿပီးတိတ္ဆိတ္ေနတဲ့ Washington ...
movie

State of Play (2009)

2009