Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ritesh Deshmukh
Visfot (2024)
Visfot (2024) “တစ်ရက်တာ ကံကြမ္မာ” Genre – Crime, Thrillerမင်းသား Fardeen Khan နဲ့ Riteish Deshmukh တို့ ပါဝင်ထားတဲ့ အသစ်စက်စက် ဟင်ဒီစကားပြော လျှို့ဝှက် သည်းထိတ်ရင်ဖို မှုခင်းကားကောင်းလေးကို တင်ဆက်ပေးသွားမှာပါ။ရှိုအစ်ဆိုတာ မကောင်းတဲ့လောကထဲကနေ ရုန်းထွက်လာပြီး ကားမောင်းစားကာ အမေအိုကြီးကို လုပ်ကျွေးနေသူတစ်ယောက်ပါ။ ဘာသာမတူပေမဲ့ ငယ်စဉ်ကတည်းက ချစ်ရတဲ့ လပ်ကီးဆိုတဲ့ ချစ်သူလေးလည်း ရှိပြီး လက်ထပ်ဖို့ ကြိုးစားနေသူပေါ့။တစ်ညမှာတော့ သူ့ဆီကို မြေအောက်လောကထဲက ဘော်ဒါတစ်ယောက်က ကားထဲကို ဂျတ်ကတ်တစ်ထည် ထားသွားခဲ့ပါတယ်။ အိမ်မှာ အမှုမဲ့ အမှတ်မဲ့ သိမ်းထားပြီးနောက် မိခင်ဖြစ်သူကြောင့် ဝါယာရှော့ခ်ရပြီး အိမ်မီးလောင်သွားတဲ့အခါ ဂျက်ကတ်က ပျောက်သွားပါတယ်။အဲဒီမှာတင် လူဆိုးဘော်ဒါကို ရှိုအစ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ အကျပ်ရိုက်ပြီး ကောင်မလေးဆီ အကူအညီ သွားတိုင်ပင်ရာကနေ ကောင်မလေးဖက်ကလည်း ပြဿနာတစ်ခု ပါလာတဲ့အခါ ပြဿနာနှစ်ခုနဲ့ စုံတွဲတစ်တွဲ တစ်ရက်တည်းမှာတင် ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Visfot (2024)
Kakuda (2024)
Kakuda 2024 ကျိန်စာသင့်ရွာTGIFလေးမှာ ဘဝအမောတွေပြေပျောက်အောင် ဟာဒယရွှင်ဆေးလေးဖြစ်တဲ့ horror comedy ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီဗျ။ သရဲကားဆိုပေမဲ့ ဟာသဦးစားပေးထားတာဖြစ်တဲ့အပြင် castမှာဆိုရင်လဲ ဟင်ဒီနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဆိုနာ့ရှီးဆင်ယာနဲ့ ရီတေးရှ်တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် အကြိုက်တွေ့စေမဲ့ ဟာသသရဲကားလေးပဲဖြစ်ပါတယ်မြို့တွေရဲ့အဝေးတစ်နေရာ လူသူနည်းတဲ့နေရာလေးမှာ သီးသန့်လေးဖြစ်နေတဲ့ရာတိုဒီဆိုတဲ့ရွာငယ်လေးလူသူအရောက်အပေါက်နည်းတဲ့အပြင် ဒီရွာလေးမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အင်္ဂါနေ့တိုင်း ည ၇:၁၅ ရောက်တာနဲ့ အိမ်တိုင်းမှာရှိတဲ့ တံခါးပေါက်ငယ်လေးကို ဖွင့်ထားရပါသတဲ့။ ဒီတံခါးကိုမဖွင့်ထားရင်တော့ ကာကူဒါဆိုတဲ့သရဲက အိမ်ကယောက်ျားသားကို ကျိန်စာတိုက်ပြီး အဲဒီလူက နေ့ချင်းညချင်း ခါးကုန်းကြီးဖြစ်သွားပြီးတော့ ၁၅ ရက်နေရင် သေရတယ်ဆိုတဲ့အယူပါ။ဒါကို ချစ်သူဖြစ်တဲ့ ရာတိုဒီရွာသားဆန်နီက ယုံလည်းယုံ ကြောက်လည်းကြောက်ပေမဲ့ ခေတ်ပညာတတ်ဖြစ်တဲ့ အင်ဒီရာကတော့ မယုံပါဘူး။ ဒီလိုနဲ့ အိမ်ကအသည်းအသန် အိမ်ထောင်ချပေးတာကိုရှောင်ဖို့ ဆန်နီနဲ့ခိုးပြေးပြီး ရာတိုဒီရွာကိုသွားဖို့ အင်ဒီရာတစ်ယောက် အကြောင်းဖန်လာချိန်မှာတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Thura ~ Cyrah ~ KKKZတို့ပဲဖြစ်ပါတယ်) File size…1.6GB / 721MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie
Kakuda (2024)
2024
5
Kyaa Super Kool Hain Hum (2012)
Kyaa Super Kool Hain Hum (2012) "ခပ်ချိုချို တလွဲဖြစ်ခြင်းများ" =============================အတည်ပေါက်နဲ့ခွီရတာမျိုးမဟုတ်ဘဲ ပေါတောတောနဲ့ တကယ်ခွီ တကယ်ရယ်ရတဲ့အတွက် နောက်ဆက်တွဲရုပ်ရှင်နှစ်ကားပါ ထပ်ထွက်ခဲ့တဲ့ ဟင်ဒီစကားပြော ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေမပါသလို သရုပ်ဆောင်တွေကလည်း အရမ်းချောတဲ့ထဲ မပါတဲ့အပြင် ဇာတ်လမ်းအစမှာ ခပ်ပေါ့ပေါ့ဟာသတစ်ကား ကြည့်မိသွားသလို ခံစားသွားရစေနိုင်ပေမဲ့ မိနစ်အနည်းငယ်ကြာတာနဲ့ ကွာလတီရှိတဲ့ ဟာသကားဆိုတာကို သဘောပေါက်သွားကြမှာပါ။ဇာတ်လမ်းကတော့ ထွေထွေထူးထူးမဟုတ်ဘဲ ဆစ်ဒ်နဲ့ အာဒီဆိုတဲ့ လူငယ်နှစ်ယောက် အိပ်မက်တွေနောက်လိုက်ရင်း ကပေါက်တိ ကပေါက်ရှာတွေဖြစ်တာကို ဇတ်ကွက်ဖော်ရိုက်ကူးထားတာ။ရုပ်ရှင်ထဲမှာသုံးထားတဲ့ ပြက်လုံးတွေကလည်း အရိုင်းဆန်သလိုရှိပေမဲ့ အခြေအနေကိုလိုက်ပြီး သဘာဝကျကျရယ်ရအောင် သူ့နေရာနဲ့သူ ထည့်ထားတဲ့အတွက် စိတ်ပင်ပန်းလို့ ဟက်ဟက်ပက်ပက်ရယ်ချင်နေတဲ့သူတွေ တကယ်ကြည့်သင့်တဲ့ရုပ်ရှင်လေးတစ်ခုပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…4.3GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kyaa Super Kool Hain Hum (2012)
2012
7.5
Dream Girl (2019)
(Unicode)"ဟဲလို ____ပူဂျားစကားပြောနေပါတယ်ရှင့်"ဖုန်းမြည်သံကြားလို့ ကိုင်လျက်သား ဖြစ်တဲ့အခါ ဒီ အဖြေစကားနဲ့ ထူးရတယ်။ဖုန်းခေါ်သူ အများစုက ပုရိသ တွေဖြစ်ပြီး တစ်ဖက်မှာတော့ ပူဂျား ဆိုတဲ့ နတ်ပျိုမယ်လေးက လက်ခံ စကားပြောရတယ်။ဒါဟာ Friendship call center အခန်းထောင့်တစ်နေရာရဲ့ ဇာတ်ဝင်ခန်းလေး။ပြောရရင် ပူဂျား ဆိုတာက ဖုန်းနံပါတ်တစ်ခုပိုင်ရှင်။ ပူဂျားကလည်း အသံချိုသာတယ်။ ချွဲတယ်။များသော အားဖြင့် စကားလက်ခံပြောဖူးသူ တိုင်း ကြွေတဲ့ သူပေါ့။အစကတော့ ပူဂျားနေရာမှာ ကောင်မလေးတစ်ယောက်က လက်ခံစကားပြောတယ်။ဒါပေမဲ့ တစ်နေ့မှာ အဲ့ကောင်မလေးက ရုံးမလာဘူး ။ အဲ့မှာ ဖုန်းဆက်သူတွေ နဲ့ ပွဲပေါ့ ။ဖြစ်ချင်တော့ ကရမ် ဆိုတဲ့ ငနဲလေးက အဲ့ ရုံးကို မယောင်မလည် အလုပ်လာလျှောက်တယ်။ အစကတော့ ...
movie
Dream Girl (2019)
2019
7.5
Ved(2022)
Ved (2023)IMDb-7.6/102022 December 30 မှာထွက်ရှိခဲ့တဲ့ ဒီကားလေးက 75ကုဋေအမြတ်ပြန်ရမှုနဲ့အတူ 2022 ရဲ့အအောင်မြင်ဆုံးမရာထီပြောရုပ်ရှင်ဖြစ်ပြီး ထွက်ရှိဖူးသမျှမရာထီရုပ်ရှင်တွေရဲ့ ရုံတင်ငွေတတိယအများဆုံးရရှိထားတဲ့ကားလည်းဖြစ်ပါတယ် Rushikesh Turai ကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ထားပြီး ချစ်ဇနီး Genelia D'Souza ကလည်း တွဲဖက်ညီညီသရုပ်ဆောင်ထားတဲ့ကားပါ လူပျိုကြီး စယ်လ်မန်ခန်းကလည်း guest အနေနဲ့ တစ်ဖြတ်တစ်ကဒ်ပါ၀င်ထားပါသေးတယ်ဇာတ်လမ်းအညွှန်းဒိုင်ကိုလာဘ်ထိုးပြီးတစ်ဖက်သတ်ကြီး အနိုင်ရနေတဲ့ခရစ်ကတ်ပွဲမှာ ယစ်ထုတ်ကြီးတစ်ယောက်က Bluetooth နဲ့ ၀င်နည်းပြပေးလိုက်ရာကနေ ချက်ချင်းရလဒ်တွေပြောင်းပြန်ဖြစ်သွားတဲ့ ခရစ်ကတ်ပွဲလေးနဲ့အစပျိုးထားပါတယ်ဒီယစ်ထုတ်ကြီးကတော့ တစ်ခြားသူမဟုတ်ပဲ ကျောင်းသားဘ၀တည်းက ခရစ်ကတ်ကိုရူးသွပ်ခဲ့သူ ဆပ်တရာပါ ခရစ်ကတ်ကိုကြိုးစားရင်း အင်ဂျင်နီယာပညာမှာလည်း ထူးချွန်တဲ့ဆပ်တရာဟာ အချစ်ဦးနဲ့ဆုံတွေ့လာပါတော့တယ် အရာရာပြည့်စုံမနေတဲ့လောကကြီးမှာ ချစ်သူနှစ်ဦးကြား ၀င်မွှေလာတဲ့အရာကတော့ မိဘအုပ်ထိန်းသူပါပဲ အညွှန်းကိုဒီလောက်ပဲရပ်လိုက်ကြရအောင်ဒီအချစ်ဇာတ်လမ်းဘယ်လိုဆက်ဖြစ်မလဲ ခရစ်ကတ်ကိုရူးသွပ်တဲ့ကောင်လေးက ခရစ်ကတ်ကိုတောင်ဆက်မဆော့တော့တဲ့ထိ ဘာကြောင့်များပြောင်းလဲသွားရလဲအချစ်သီချင်းလေးတွေ စုံစုံလင်လင်နားဆင်ခံစားပြီး ကိုယ်တိုင်ပဲရှူစားကြည့်ပါဒီ Ved ထဲမှာတော့ အချစ်ဆိုတာ ပင်လယ်ဒီရေနဲ့တူတယ် တစ်ခါတစ်လေ မြင့်တက်ပြီးတစ်ခါတစ်လေ နိမ့်ကျတတ်တယ်တဲ့ CM ပရိသတ်ကြီးအတွက်ရော အချစ်ကဘာနဲ့တူပါသလဲ File size…2.77GB / 1.16GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Thaik San~Khin Khin
movie
Ved(2022)
2022
Mister Mummy (2022)
Mister Mummy (2022)အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ မင်းသား ရီတေရှ်ဒေရှ်မွခ်နဲ့ မင်းသမီး ဂျနယ်လီယားဒီဆူဇာတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ဟာသကားလေးပဲဖြစ်ပါတယ်။ဒီလင်မယားဟာ မင်္ဂလာသက်တမ်းကြာညောင်းခဲ့ပေမယ့် ခင်ပွန်းဖြစ်သူဟာ လုံးဝ ကလေးမလိုချင်ခဲ့ပါဘူး။ သူ့မှာ ကလေးမလိုချင်ရတဲ့ အကြောင်းရင်းလည်း ရှိနေခဲ့ပါတယ်။သို့ပေမယ့် ဇနီးဖြစ်သူနဲ့ မိဘအသိုင်းအဝိုင်းကတော့ အရမ်းကို မြေးချီချင်နေခဲ့ပြီဖြစ်ပါတယ်။အဘက်ဘက်ကနေ နည်းလမ်းမျိုးစုံနဲ့ သူတို့လင်မယားကလေးရအောင် ကြိုးစားပေးခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ဒီလိုနဲ့ တစ်ညမှာတော့ မိဘတွေရဲ့ဆန္ဒဟာ အရာထင်ဖို့ ဖြစ်လာခဲ့ပါပြီ။ဖြစ်မှဖြစ်တော့လည်း ဇနီးသည်တင်မက ခင်ပွန်းဖြစ်သူကပါ သန္ဓေတည်လာခဲ့ပါပြီ။ဆိုတော့ ဆက်လက်ပြီး ဘယ်လိုတွေလွဲလာမလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ ဆက်ခွီလိုက်ကြပါဦးနော်...။ File size…1.5GB / 688MB Quality…1080p HQ HD RIP /720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Mister Mummy (2022)
2022
6.7
Om Shanti Om (2007)
ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ်ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ်အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ်သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora
movie
Om Shanti Om (2007)
2007
6.8
Plan A Plan B (2022)
Plan A Plan B (2022)အခုတစ်ခါထွက်ရှိထားတဲ့ ကားလေးကတော့ မင်းသားရီတေရှ်ဒေရှ်မွခ်နဲ့ မင်းသမီးချောလေး တမန်နားဘာတီယားတို့ရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...တစ်ယောက်က ကွာရှင်းပြတ်စဲပေးတဲ့ ရှေ့နေလေး ကော်စီ...နောက်တစ်ယောက်က အောင်သွယ်တော်လုပ်ပေးတဲ့ အိမ်ထောင်ရေးအေဂျင်စီမလေး နီရာလီ...ကော်စီက အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တယ် လက်ရှိအိမ်ထောင်ရေးအဆင်မပြေဘူးနီရာလီကတော့ ညှင်သာနူးညံ့လွန်းပြီး သူ့ကိုဖြတ်သွားတဲ့ ရည်းစားကို မမေ့နိုင်သေးတဲ့ ကောင်မလေး...အလုပ်မတူ စာရိတ္တချင်းမတူ စိတ်ဓါတ်မချင်းမတူတဲ့ ဒီလူနှစ်ယောက်ဟာ အဆောက်အဦးတစ်ခုထဲက ဘေးချင်းကပ်အခန်းမှာ ရုံးခန်းကိုယ်စီထိုင်ဖြစ်ကြတဲ့အခါ...သူတို့တွေ ကြောင်နဲ့ကြွက်လိုမျိုး ဘယ်လိုရန်ဖြစ်ကြမလဲ...တလွဲဟာသလေးတွေနဲ့ ဘယ်လိုတွေခွီရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်...အချစ်ဆိုတာက ဆန်းကြယ်တယ်လို့ ပြောစမှတ်တွင်ခဲ့ကြသလိုမျိုးပဲ သူတို့နှစ်ဦးကိုယ်စီကြားမှာ သံယောဇဉ်တွေ ရှိလာနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော် File size…1.8GB / 841MB Quality…1080p NF WEBDL AAC5.1CH / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & BpL & Taylor
movie
Plan A Plan B (2022)
2022
5.4
Ek Villain Returns (2022)
Ek Villain Returns (2022) Action, Romance, Thriller IMDb 6.1/10 မင်းသားကြီး ဂျွန်အာဘရာဟမ်နဲ့မင်းသားကြီးအရ်ဂျွန်ကပူးနဲ့ မင်းသမီးချောဒစ်ရှာနဲ့ heropantiကချစ်စရာစပ်စလူးစိန်မင်းသမီးလေး တာရာတို့ ရိုက်ကူးထားတဲ့ ရုံတင်ကားသစ်ရပါပြီဒီကားက ဗီလိန်နှစ်ယောက်အားပြိုင်တဲ့ကား... တစ်ဖက်သတ်အချစ်တွေ နစ်မွန်းလာတဲ့အခါ လူက စိတ်ထွက်ပေါက်မရှိတော့ဘဲ လုပ်မိလုပ်ရာ လုပ်တတ်ကြရင်း စိတ္တဇဆန်ဆန်ဖြစ်လာတတ်ကြပါတယ်...မပိုင်ဆိုင်ရလည်း တခြားသူလက်ထဲ မပေးအပ်နိုင်ဘူးလို့ စိတ်ဆုံးဖြတ်ပြီးတဲ့နောက် ကိုယ်ချစ်ရသူကို အတ္တဆန်ဆန် အချစ်မျိုးနဲ့ ချစ်လာတတ်ကြပါတယ်...တချို့ကျတော့လည်း ချစ်တော့ချစ်တယ် ဒါပေမဲ့ အသက်အသေခံလိုက်မယ် အရှုံးတော့မခံနိုင်ဘူးဆိုတဲ့ အချစ်မျိုး...ဒီလိုအချစ်မျိုးတွေက လမ်းမှားကိုဆွဲခေါ်သွားနေပေမယ့်လည်း ကိုယ်ကိုယ်တိုင်ကတော့ ဒီအချစ်မျိုးထဲမှာ ပျော်မွေ့နေတတ်ကြပါတယ်...မွန်ဘိုင်းမြို့နယ်အတွင်းမှာ ကောင်မလေးတွေ အသတ်ခံနေရတယ် လိုက်လံစုံစမ်းကြည့်တော့ လူသတ်သမားဟာ ရည်းစားရှိတဲ့မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ရွေးသတ်နေပါတယ်...ကဲ..ဇာတ်ကားကြည့်ပြီး ဆားပုလင်းနှင်းမောင်သာ လုပ်ပေတော့နော်ဒီဇာတ်ကားမှာ လှည့်ကွက်လေးတွေသုံးထားတာမို့ စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် မင်းသမီးချောလေးနှစ်လက်အပြိုင်ကြဲပြီး လန်းပေးထားလို့ ကြည့်ရကျိုးနပ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်... File size…2.5GB / 1.1GB Quality…1080p Hindi True WEB DL / 720p Format…mp4 Duration….2h 9m Subtitle…Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Ek Villain Returns (2022)
2022
[18+] Mastizaade (2016)
အိန္ဒိယရဲ့ အလန်းမင်းသမီး Sunny Leone ရဲ့ အချစ်ဟာသ ဇာတ်ကားလေးပါ။ ရုပ်ရှင်ပိုစတာကြည့်လိုက်တာနဲ့ မိသားစုနဲ့မကြည့်သင့်မှန်း တန်းသိမှာပါ။ Adult Comedy အမျိုးအစားဖြစ်တာကြောင့် Sunny Leone ပရိတ်သတ်တွေအတွက်သာ ရည်ရွယ်တင်ဆက်လိုက်ပါတယ်။ဟာသကားဆိုပေမဲ့ အသက်မပြည့်တဲ့ကလေးငယ်တွေ၊ မိသားစုနဲ့ကြည့်မယ့်သူတွေကြည့်ဖို့မသင့်တော်တဲ့ကားမျိုးဆိုလည်း ဟုတ်ပါတယ်။ မင်းသမီးရဲ့အဖော်အချွတ်တွေ အသားကုန်သုံးထား၊ ၁၈ အပေါင်းဟာသတွေ ရှယ်သုံးထားတဲ့ ဟာသကားမျိုးပါ။ တော်ရုံဟာသကားလောက်နဲ့မဖြုံတဲ့သူတွေမကြည့်သင့်ပေမဲ့ တစ်ချို့တွေအတွက်တော့ ပေါ့ပေါ့ပါးပါးနဲ့ ခွီလို့ကောင်းမယ့် ကားကောင်းလေးတစ်ကားပါ။အဒီယားနဲ့ ဆန်နီဆိုတဲ့ လူရှုပ်လူပွေတွေပေါ့ဗျာ၊ တွေ့သမျှစော်လေးတွေ လိုက်ဖိ၊ ဟိုဟာလျှောက်လုပ် ဒီဟာလျှောက်လုပ် စုံစေ့နေအောင် လျှောက်လုပ်ဖူးတဲ့ကောင်တွေပေါ့။တွေ့သမျှ ကောင်မလေးတွေကို ပေါ့ပေါ့တန်တန်သဘောထားတဲ့သူတို့နှစ်ယောက် ခေတ်မီမီနဲ့လှတဲ့လိုင်လာလီလီ နဲ့ ဂန္တဝင်ဆန်ဆန်လှတဲ့လီလီလဲ့လဲ့ ဆိုတဲ့ လုံးကြီးပေါက်လှအမွှာညီအစ်မနဲ့တွေ့တဲ့အခါ ဘယ်လိုတွေဈာန်လျှောပြီးတော့ ဘယ်လိုအလွဲတွေဖြစ်ကြမလဲဆိုတာ....။ဆန်နီရဲ့အလှအပတွေနဲ့ရင်ပူချင်ရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ။ File size…(2.4 GB)/(1.2 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu ...
movie
[18+] Mastizaade (2016)
HEVC 1080p
1.8
Baaghi 3 (2020)
မင်းသားချော တိုက်ဂါးရဲ့ ၂၀၂၀ထွက် အက်ရှင်ကြမ်းကြမ်းကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တိုက်ဂါးဆိုတာနဲ့ အက်ရှင်အလန်းတွေကို ပြေးမြင်ကြမှာ လူတိုင်းပါပဲ။မကြာသေးခင်ကလည်း War မှာ လင်ပွားမင်းသားနဲ့အတူ အလန်းတွေ ချပြထားခဲ့တယ်။Baaghi ဆိုတဲ့အတိုင်းပဲ လက်စားချေတဲ့ ဇာတ်လမ်းပေါ့။အရင် Baaghi 1,2 ကတော့ ဇာတ်လမ်းချင်းတူပေမဲ့ Baaghiမှာတော့ မတူပါဘူး။ဇာတ်လမ်းအကျဉ်းအရ ဖခင်ဆုံးပြီး နောက်ပိုင်း ညီအစ်ကို နှစ်ယောက် ကျန်နေခဲ့ပါတယ်။အစ်ကိုကတော့ နုံနုံအအ ကြောက်တတ်တဲ့ ဗစ်ကရမ်၊ ညီကတော့ အစ်ကိုကို ထိရင် ငြိမ်မနေတတ်တဲ့ ရွန်နီသူတို့အဖေ ၊သူတို့အဘိုးဟာ ရဲအရာရှိတွေ၊ စံပြရဲသားကြီးတွေ။ဒါကြောင့် အစ်ကိုဖြစ်သူ ဗစ်ကရမ်ကိုလည်း ညီဖြစ်တဲ့ ရွန်နီက ရဲအရာရှိလုပ်ခိုင်းခဲ့ပါတယ်။လူရှိန်အောင်သာ ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာ၊ တကယ်တော့ သူက ရာဇဝတ်သားတွေကို ကြောက်တတ်သူ။ဒီလိုနဲ့ ရဲအရာရှိဖြစ်လာတော့ မြို့နယ်အတွင်း ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို ဝင်စီးရာကနေ ဗစ်ကရမ်ဟာ ပြန်ပေးဆွဲဂိုဏ်းရဲ့ ရန်သူဖြစ်လာပါတယ်။အဲ့ဒီဂိုဏ်းဟာလည်း နိုင်ငံခြားသား အစွန်းရောက်တစ်ဦးရဲ့ လက်ပါးစေ အိန္ဒိယဂိုဏ်း၊ ...
movie
Baaghi 3 (2020)
2020
3.9
Marjaavaan (2019)
(Unicode)မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ တော်တော်များများ တောင်းဆိုကြတဲ့ ၂၀၁၉နှောင်းပိုင်းထွက် ဘောလိဝုဒ်ကားတစ်ကားကို ဒီနေ့ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူဆိုးလူမိုက် ရာဂူးနဲ့ စကားမပြောတတ်တဲ့ ဇိုယာတို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ရာဂူးကတော့ အန်နာဘိုင်ရဲ့ မွေးစားသားတစ်ယောက်၊ အန်နာဘိုင်ရဲ့ လက်ရုံးဆိုရင် ပိုမှန်တယ်။တစ်ဖက်မှာတော့ အန်နာဘိုင်ရဲ့ သားအရင်ဖြစ်သူကလည်း ရာဂူးနဲ့ မျက်နှာကြောမတည့်ဘူး။အခွင့်အရေးရရင် ရသလို လုပ်ကြံဖို့ အဆင်သင့်ဖြစ်နေတယ်။တစ်ဖက်ကလည်း လူသတ်မှုတွေအတွက် ရဲတွေဟာ အန်နာဘိုင်နဲ့ ရာဂူးကို ဖမ်းဖို့အဆင်သင့်စောင့်တယ်။ဒီလိုအဖြစ်အပျက်တွေကြားမှာ ဘဝကြမ်းကြမ်းနဲ့ နူးညံ့တဲ့ချစ်ခရီးလမ်း ဖြောင့်ဖြူးကြမလား၊ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြမလဲဆိုတာကိုတော့ CM ပရိသတ်တွေကိုယ်တိုင် ခံစားကြည့်ကြပါဦး။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။(Zawgyi)မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ ...
movie
Marjaavaan (2019)
3.3
Housefull 4 (2019)
(Unicode)Akshay Kumar ရဲ့ 2019မှာ ထွက်လာခဲ့တဲ့ ဟာသကားတစ်ကားဆိုတာတော့ မိတ်ဆက်စရာ လိုမယ်မထင်ပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အရှေးကူးမား(ဟယ်ရီ)ဟာ အမြဲ အိပ်မက်ဆိုးတွေနဲ့ တွေ့ကြုံနေရသူပေါ့။အတိတ်ဘဝတစ်ခု လို့ ပြောလို့ရမယ့် နန်းတွင်း ရာဇဝင် ဇာတ်လမ်းတစ်ခုကို အမြဲလိုလို မြင်ယောင်နေတယ်။လတ်တလောမှာလည်း ငွေကြေး အရမ်းလိုနေတော့ ညီအစ်ကို ၃ယောက်ဟာ လန်ဒန်ရဲ့ လူကုံထံကြီးရဲ့ သမီး၃ယောက်ကို ကြံနေကြသူတွေ။အဲ့ဒီမိန်းကလေး၃ယောက်ကို လက်ထပ်နိုင်ရင် သူတို့အတွက် ငွေကြေးပြေလည်သွားမယ်ဆိုတာ သူတို့ ကြံဆထားပြီးသား။ဒီလိုနဲ့ သူတို့ ၃တွဲ အပျော်ခရီး တစ်ခု ထွက်ရာမှာ သူရဲ့ အိပ်မက်တွေဟာ.... အတိတ်ဘဝတစ်ခုရဲ့ ပုံရိပ်တွေဆိုတာ အခါအားလျှော်စွာ သိလိုက်ရချိန်မှာတော့.....။-------------------------------------------------ဒီဇာတ်ကားထဲမှာ ရှေ့ခေတ် နောက်ခေတ်တွေ သရော်တာမျိုးတွေ၊ဘာဟူဘာလီ သီချင်းတွေကို အပျော်အပျက်လုပ်ပြီး ထည့်တာမျိုးတွေ၊ခုခေတ် အကမင်းသားကို ...
movie
Housefull 4 (2019)
2019
4.7
Total Dhamaal (2019)
နွေပူပူမှာ ပေါ့ပေါ့ပါးပါးနဲ့ ဟာသကား ကြည့်မယ်ဆိုတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ဟိုးအရင် Dhamaal တွေရဲ့ နောက်ဆုံးဖြစ်တဲ့Total Dhamaal ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဘာလုပ်လုပ် တလွဲချည်းပဲ လုပ်တတ်ကြတဲ့ လူတစ်စုကို အဓိက မြင်ရမှာပေါ့။အကြောင်းအမျိုးမျိုးကြောင့် ငွေလိုနေတဲ့ လူတွေ။တနေ့မှာတော့ ငွေတွေ နှစ်ကျပ်ကွက်နင်းပြီးလုယူလာခဲ့တဲ့ ဘောစိအသစ်ကြပ်ချွတ်ကြီးဟာဟယ်လီကော့ပတာပျက်ကျပြီး အဲ့ဒီလူတစ်စုနဲ့ ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။မသေခင်မှာသွားတဲ့စကားကတော့ဂျနာပူရ်တိရစ္ဆာန်ရုံထဲက 'OK' ဆိုတဲ့ စားလုံးမှာငွေ သန်း၅၀၀ ရှိကြောင်း ပြောပြခဲ့ပါတယ်။သိပ်ကို လောဘကြီးတဲ့ ကောင်တွေကြားမှာဆိုတော့ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါပြီ။တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဖက်တွေဖြစ်နေတဲ့ အဲ့ဒီလူရှစ်ယောက်မှာနောက်ထပ် ပြိုင်ဘက်တစ်ယောက် ရှိနေပါသေးတယ်။အဲ့ဒီပိုက်ဆံတွေနဲ့ အဓိကပက်သက်နေတဲ့ ရဲမင်းကြီးပါ။ကဲ....အရင်ရောက်တဲ့လူက ပိုက်ဆံတွေအားလုံးကို ရမှာမို့ ...Dhamaal ကစားပွဲထဲ ပါဝင်ဆင်နွှဲလိုက်ပါဦး။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ) File Size :(950 MB ) and ...
movie
Total Dhamaal (2019)
2019
7.3
Namastey London (2007)
Namastey London (2007)IMDb (7.3/10)Bollywood အားပေးတဲ့ CM fan တွေအတွက် romance ကားကောင်းလေးတစ်ကားကို recommend ပေးလိုက်ပါတယ်.. Namastey London ..ဒီဇာတ်ကားကတော့ အားလုံးရင်းနှီးနေမှာဖြစ်တဲ့ မင်းသမီးချော Katrina Kaif က Jazz အဖြစ် မင်းသားကြီး Akshay Kumar က Arjun အဖြစ်အဓိကသရုပ်ဆောင်ထားပြီး London နဲ့ အိန္ဒိယကနေရာအချို့မှာ ဇာတ်အိမ်တည်ထားတဲ့ Bollywood ဇာတ်ကားကောင်းတစ်ကားပါ။London လိုမြို့ကြီးမှာပွင့်လန်းနေတဲ့ နှင်းဆီပန်းလေးတစ်ပွင့်ကို ပန်ဂျာဘီလိုမျိုး အိန္ဒိယတောရွာလေးမှာ ပြောင်းစိုက်ပြီး ရှင်သန်ဖို့မျှော်လင့်နေရသလိုပါပဲ နှင်းဆီပန်းလေးသေသွားမလား ရှင်သန်နိုင်မလား..London မြို့ကြီးမှာမွေးဖွားကြီးပြင်းလာပြီး ခေတ်အခေါ်လိုမျိုး ဘိုစိတ်ဝင်နေတဲ့ Jazz တစ်ယောက် အတွေးထဲက သတို့သားလောင်းကလည်း ရုပ်ချောချော London သားမှဖြစ်နေတဲ့အခါ ရိုးရာမဖျက်ချင်တဲ့အဖေဖြစ်သူက မွေးရပ်မြေဖြစ်တဲ့ ပန်ဂျာဘီရွာလေးကို တစ်ဖက်လှည့်ခေါ်လာပြီး English စာတောင်မပြောတတ်တဲ့ Arjun နဲ့ လက်ထပ်ပေးဖို့ကြိုးစားတဲ့နောက် London သူလုံးလုံးဖြစ်နေတဲ့ Jazz တစ်ယောက် ရှေးဆန်တဲ့မိသားစုကို ဘယ်လိုပုန်ကန်မလဲ....London မှာကျန်ခဲ့တဲ့ အင်္ဂလန်သား ...
movie
Namastey London (2007)
2007
3.8
Double Dhamaal (2011)
၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dhamaal ဇာတ်ကားရဲ့ နောက်ဆက်တွဲအဖြစ် ဆက်လက်ထွက်ရှိခဲ့တာပါ။ပထမဇာတ်ကားက သရုပ်ဆောင်အများစုပဲ ပါဝင်ထားပြီး ပထမဇာတ်ကားက မကြေတဲ့ရန်ကြွေးတွေကို အကြေဆပ်ဖို့ကြိုးစားကြရာကဂျိုကာ(၄)ကောင်ရဲ့ တလွဲတွေကို ဟားတိုက်ကြည့်ရှုရမှာပါ။ပထမဇာတ်ကား Dhamaal (2007) ကို https://channelmyanmar.to/dhamaal-2007/ မှာကြည့်ပါ။ File Size…(1GB)Quality…WEBHD Rip 720pFormat…mp4 Duration…02:18:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Naing Zar Aye
movie
Double Dhamaal (2011)
2011
7.1
Dhamaal (2007)
Bollywood ဖန်တွေအတွက် ပေါ့ပေါ့ပါးပါး တခွီးခွီး နဲ့ ဟားရမယ့် ဟာသ ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Cast တွေကတော့ မင်းသားကြီး Snajay Dutt, ဟာသကားတိုင်းလိုလို ပါနေကျ ဖြစ်တဲ့ Riteish Deshmukh , Arshad Warsi တို့က ဓိကပါဝင်ထားပြီး တကားလုံ နားချိန်မရအောင် ရယ်နေရမယ်ဆိုတာ အာမခံပါတယ်။ဇာတ်လမ်းလေးကတော့ အလုပ်လက်မဲ့ ဘော်ဒါ လေးယောက်ဖြစ်တဲ့ Roy, Adi, Boman နဲ့ Madav တို့ဟာ တစ်နေ့ မှာ အက်ဆီးဒန့် ဖြစ်သွားတဲ့ လူတစ်ယောက်ကို ကူညီဖို့ သွားပေမယ့် ထိုသူက သူ့အခြေအနေ သူသိပြီး မသေခင်မှာ သူဖွက်ထားခဲ့တဲ ပိုက်ဆံ သန်း၁၀၀ ရှိတဲနေရာကို ပြောပြခဲ့တယ် သူငယ်ချင်းလေးယောက်ခွဲယူဆိုပြီးတော့ဒါပေမဲ့ ဒီလူက ရာဇဝတ်သားဖြစ်လို့ သူ့ကို လိုက်ဖမ်းနေတဲ့ ရဲနဲ့ သူတို့ ပက်ပင်းမိပြီး ပြသနာတွေ ...
movie
Dhamaal (2007)
2007
6.5
Ek Villain (2014)
movie
Ek Villain (2014)
2014