Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rio Hackford
7.1
Pretty Woman (1990)
Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်းပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး ...
movie
Pretty Woman (1990)
1990
4K HEVC
7.9
Bound by Honor (aka) Blood In, Blood Out (1993)
ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie
Bound by Honor (aka) Blood In, Blood Out (1993)
7.4
Trumbo (2015)
ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby ...
movie
Trumbo (2015)
7.2
Strange Days (1995)
Strange Days (1995)~ IMDb - 7.2/10, RT - 68%, Meta - 66% ~1995 တုန်းက Sci-Fi ကားတစ်ခုအနေနဲ့ထွက်ရှိထားပြီး နာမည်ကြီးသရုပ်ဆောင် Ralph Finnes တို့ Angela Basset တို့ပါဝင်သရုပ်ဆောင်ပါဝင်ထားပြီး Rating လေးလည်းကောင်းတဲ့ Strange Days ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဇာတ်လမ်းကိုတော့ ရာစုနှစ်တစ်ခုရဲ့နောက်ဆုံးနေ့ (December 31, 1999) နဲ့ လူဖြူလူမည်းအဓိကရုဏ်းကို ကျောရိုးယူပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ခေါင်းပေါ်မှာ ချပ်ပြားတွေပါတဲ့ခေါင်းစွပ်ကိုတပ်ဆင်လိုက်တာနဲ့ သူ့ရဲ့ မှတ်ဥာဏ်တွေကို မှတ်တမ်းတင်အခွေတစ်ခုအနေနဲ့ သိမ်းဆည်းပြီး အဲဒါကို ပြန်တပ်ကြည့်လိုက်တာနဲ့ အဲဒီသူအတိုင်းခံစားရတဲ့ နည်းပညာကို တီထွင်နိုင်ခဲ့ပေမဲ့ ရုတ်တရက် ရဲဘက်သုံးနည်းပညာကနေ တရားမဝင်နည်းပညာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ လန်နီကတော့ ဒီနည်းပညာကိုအသုံးပြုပြီး လူတွေရဲ့စိတ်ကိုကျေနပ်အောင်လုပ်ပေးရင်း တစ်နေ့မထင်မှတ်ပဲ လူမည်းတစ်ယောက်ကို လူဖြူ ရဲတွေ ...
movie
Strange Days (1995)
1995
6.1
In the Electric Mist (2009)
Man In Black ကားတွေထဲက အေးဂျင့်ကေ အဖြစ်ပါဝင်ထားတဲ့ မင်းသားကြီး Tommy Lee Jonesရဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူစီယားနားပြည်နယ် နယူးအိုင်ဘီရီးယားမြို့မှာ အရမ်းလှပတဲ့ အသက်19 နှစ်အရွယ်ပြည့်တန်ကောင်မလေးတစ်ယောက်ရက်ရက်စက်အသတ်ခံခဲ့ရတယ် ထိုလူသတ်မှုကို စုံထောက်ကြီးရော်ဘီချော့တစ်ယောက် ကိုင်တွယ်စုံစမ်းရပါတော့တယ် ထိုအမှုကိုစုံစမ်းရင်းမှ နောက်ထပ်အမှုတွေ တစ်စတစ်စပေါ်ထွက်လာခဲ့တယ် ထိုအမှူတွေနဲ့ပက်သက်နေသူမှာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ဘယ်လ်ဘွန်နီ(ဘေဘီဖိ) လို့သံသယဝင်လာပြီး သူ့ကိုစောင့်ကြည့်စုံစမ်းနေခဲ့ပါတယ်ထို့နောက် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အဲလ်ရော့ဆိုက်ဟာလည်း ရိုက်ကွင်းတစ်ခုကနေ အလောင်းတစ်ခုတွေ့ရှိခဲ့တာကြောင့် ရော်ဘီချော့ထံ သတင်းပို့ပြောပြခဲ့ပါတယ် စုံထောက်ကြီးရော်ဘီချော့တစ်ယောက် အမှုမှန်ပေါ်အောင်စုံစမ်းနေရင်း သူ့အတွက် အသက်အန္တရာယ်နဲ့ပါကြုံတွေ့လာရပါတယ်နောက်တော့ ဒီထပ်ပိုဆိုးလာပြီး သူ့မိသားစုကိုပါ ခြိမ်းခြောက်လာမှုကြုံတွေ့ရတဲ့အခါ စုံထောက်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲ အမှုမှန်ရောပေါ်ပေါက်ပါ့မလား...... ဘယ်သူက ဒီအမှုတွေရဲ့ တရားခံဖြစ်နေတာလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမှာပါ..... File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Thriller, Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
In the Electric Mist (2009)
4.8
Lay the Favorite (2012)
Lay the Favorite (2012) ==================အရက်စားပွဲထိုး ဖြစ်ချင်နေတဲ့ အကသမား မိန်းကလေး ဘတ်က Las Vegas ကို ပြောင်းလာပြီးတဲ့နောက်မှာ ဒင့်ခ်ဆိုတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့ တယ်။ ဘတ်က ကိန်းဂဏန်းတွေလည်းတော်ပြီး ဉာဏ်ကောင်းတာမို့ အလုပ်ရှာနေ ရာက ဒင့်ခ်ရဲ့ လောင်းကစားဒိုင်မှာ အလုပ်ရသွားတယ်။ နောက်တော့ ဘတ်က သူ့ရဲ့ အလုပ်ရှင် ဒင့်ခ်ကိုပါ ကြွေလာတယ်။ ဒါပေမဲ့ ဒင့်ခ်မှာက ဘာအလုပ်မှမလုပ်ဘဲ သူ့ ယောကျ်ားပိုက်ဆံပဲ လိုက်ဖြုန်းနေတဲ့ ကျူးလစ်ဆိုတဲ့ မိန်းမရှိနေတယ်။နောက်တော့ ဘတ်က ဒင့်ခ်ကို ဆွဲဆောင်ပြီး ကျူးလစ်နဲ့သူနဲ့ကြား ရွေးချယ်ခိုင်းပါ တော့တယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစား ဆက်ကြည့်ရှုရမယ့် လောင်းကစား၊ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Beth Raymer ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ် မှန်ကို ရိုက်ကူးထားတာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.69 GB) / (679 ...
movie
Lay the Favorite (2012)
2012
5.6
Fred Claus (2007)
ဆန်တာကလေ့ာစ်ကိုတော့ အားလုံးသိကြမှာပါ...။ခရစ်စမတ်ဆိုရင် ဒရယ်စွတ်ဖားလှည်းကြီးစီးပြီး ဝတ်စုံနီကြီးနဲ့ကလေးတွေကို လက်ဆောင်တွေလိုက်ပေးတဲ့ ဖိုးဖိုးကြီးပေါ့...။ဒါပေမဲ့ လူတိုင်းမသိကြတာက သူ့မှာ ဖရက်ဒ်ကလော့စ်ဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။ဒီပုံပြင်လေးက သူ့ရဲ့ပုံပြင်လေးပါ...။ပုံပြင်လေးကဘယ်လိုလဲဆိုတော့ လိမ္မာပြီး စိတ်ထားလှတဲ့ ဆန်တာကိုဆိုရင်ငယ်ငယ်လေးကတည်းက လူတိုင်းကချစ်ခင်ကြ ချီးကျုးကြတယ်ပေါ့...။ဖရက်ဒ်လေးဟာ ဆန်တာရဲ့လောင်းရိပ်အောက်မှာ ရောက်နေခဲ့တာကြောင့်ဘယ်လိုပဲကြိုးစားကြိုးစား လျစ်လျူရှုခံရမှုနဲ့သာ ကြီးပြင်းခဲ့ရပါတယ်...။ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် သဘောထားတွေကွဲလွဲခဲ့ပြီး မခေါ်မပြောဖြစ်ခဲ့ကြပါတယ်...။သို့ပေမဲ့ တစ်ခုသော ခရစ်စမတ်မှာ ညီအစ်ကိုနှစ်ယောက် ပြန်ညီညွှတ်ဖို့အခွင့်အလမ်းတစ်ခုပေါ်လာတော့တယ်...။ကဲဇာတ်ကြောင်းလေးက ဘယ်လိုလေးဆက်ဖြစ်မလဲ...ညီအစ်ကိုနှစ်ယောက်တကယ်တမ်းသင့်မြတ်ကြပါ့မလားဆိုတာကို....ဒီComedy,Family, Fantasy movieလေးထဲမှာ ကြည့်ရှုလို့ရပါပြီ...။ File size…2.08GB / 946MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 56m Genre ….. Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Fred Claus (2007)
5.0
Stay Alive(2006)
IMDb – 5/10 Rotten Tomatoes – 10% Audience Score -55%ကျွန်တော်တို့ချာတိတ်ဘဝ ၂၀၀၀ ခုနှစ်အလွန်များက တစ်နာရီကို ၂၀၀ကျပ်ဖြင့် PS2 ၊ ၎င်းနောက် တစ်နာရီ ၄၀၀/၅၀၀ကျပ်ဖြင့် PS3 စသည်ဖြင့် ကားသခိုး၊ ပီအီးအက်စ်၊ လတ်ဖိုးဒတ် စတဲ့ Console ဂိမ်းများဆော့ရင်း လူငယ်ဘဝကိုဖြတ်သန်း ခဲ့ကြဖူးသည်။ 2006 ခုနှစ်၌ထွက်ရှိသောအဆိုပါရုပ်ရှင်သည်ထိုအချိန်အခါများကို တစ်ဖန်ပြန်လည်အောက်မေ့ စေခဲ့သည်။ ဟတ်ချ်ဟုခေါ်သည့် အလုပ်အားချိန်များတွင် သူငယ်ချင်းများနှင့်အတူ ဂိမ်းဆော့ရင်း အချိန်ကုန်ဆုံးသည့် သာမာန်ရုံးဝန်ထမ်း ဂိမ်မာတစ်ယောက်ရှိလေသည်။ ထိုအလုပ်သည်လည်း အလုပ်ရှင်မှ ဂိမ်းဆော့သူတစ်ယောက်ဖြစ်သည်နှင့် ဂိမ်းနှင့်ပတ်သက်သည်များကို မသိတာရှိလျှင် မေးမြန်းရအောင် ခန့်ထားခြင်းဖြစ်သည်။ ဟတ်ချ် ၏ဘော်ဒါများသည်လည်း ဂိမ်းကိုအင်မတန်နှစ်ခြိုက်စွဲလန်းစွာ ဆော့ကစားကြသူ လူလတ်ပိုင်းများဖြစ်သည်။ တစ်ညသား၌ ဟတ်ချ်၏ဘော်ဒါ လူးမစ်ဆိုသည်၏ဖုန်းတစ်ခု ဝင်လာခဲ့သည်။ သားကြီးဒီဂိမ်းကကျွတ်ဆင်ကြီးကွာ ခြောက်ခြားစရာကြီး တူတူဆော့ရအောင်အိမ်လာခဲ့ကွာ ဘာညာပြောလာလေသည်။ ဟတ်ချ်မှာစိတ်မပါ၍သူ့ဘော်ဒါအား ရှော်ထုတ်လိုက်သည်။ နောက်တစ်ရက်၌ လူမစ်နှင့်သူ၏သူငယ်ချင်းနှစ်ယောက် နေအိမ်၌ပင် ရက်စက်စွာသတ်ဖြတ်ခြင်းခံရသည်ဟု သတင်းရလေသည်။ လူးမစ်၏ အသုဘ၌ ဟတ်ချ်တစ်ယောက် မသေခင်လူးမစ်ဆော့နေသည့် Stay Alive ဆိုသည့်အဆိုပါဂိမ်းကို လက်ဝယ်ရရှိ ...
movie
Stay Alive(2006)
6.6
Sherrybaby (2006)
ရှယ်ရီဆွမ်စန်က မှုးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေတာ သုံးနှစ်ရှိပါပြီ။ ဒါပေမဲ့ သူ့ရဲ့ရှစ်နှစ်သမီးလေး အလက်ဇစ်နဲ့ တစ်အိမ်တည်းနေခွင့်ရဖို့အတွက် မူးယစ်ဆေးဖြတ်ပြီး လူကောင်းတစ်ယောက်အဖြစ်နေထိုင်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ စည်းကမ်းကျပ်တဲ့ထောင်အုပ်ဆီက အာမခံရဖို့မလွယ်ကူပေမယ့် အလက်ဇစ်က သူ့အစ်ကိုဘော်ဘီနဲ့ ဇနီးဖြစ်သူ လင်းနက်တို့အပေါ်အချစ်ကြီးစွဲလမ်းနေတာကိုမြင်ရခြင်းက သူမအတွက် ပိုပြီးခံစားရခက်စေပါတယ်။ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားရမှာဖြစ်ပြီး ဘယ်လောက်ဆိုးတဲ့ မိဘဖြစ်နေပါစေ သားသမီးအပေါ်ချစ်တဲ့စိတ်က တစ်ထောင့်တစ်နေရာမှာကျန်ရှိနေတတ်ကြောင်းနဲ့ အတိတ်ကဆိုးသွမ်းခဲ့သမျှကို မေ့ပစ်ပြီး သမီးဖြစ်သူနဲ့ ဘဝသစ်ပြန်စချင်နေတဲ့ မိခင်တစ်ဦးရဲ့ မေတ္တာတရားကို မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။Translated By : Kay Khaing Tun Encoded By :XCode
movie
Sherrybaby (2006)
2006
7.0
Déjà Vu (2006)
Déjà Vu (2006) IMDb - 7.0/10_____Rotten - 55% 2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်. ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ. အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း.. သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်.. IMDb Rating ကလည်း 7.1 ရရှိထားတာမို့. .ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာမလိုပါဘူး အညွှန်းနည်းနည်းပေးရမယ်ဆိုရင်….. ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောၤတစ်ခုမှာ ကျောင်းသားတွေရော. လူတော်တော်များများပါလိုက်ပါလာပါတယ်.. အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောၤ ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောၤတစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို.အသေအပျောက်ကလည်းရာချီပါတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ… အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.. သူဟာ နည်းပညာအကူအညီနဲ့ သဘောၤဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇဝတ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ.. ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.. ဒီဇာတ်ကားရဲ့ဘာသာပြန်ကိုတင်ဆက်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်Translated By Lotus Black Encoded By LK =================== 2006 ခု ...
movie
Déjà Vu (2006)
2006
5.5
Term Life (2016)
2016 ခုနှစ်မှာထွက်ခဲ့တဲ့ မှုခင်းအက်ရှင်ဇာတ်ကားလေးပါ။လက်စားချေချင်စိတ်ပြင်းထန်တဲ့ မူးယစ်ဆေးမှောင်ခိုခေါင်းဆောင်တစ်ယောက်နဲ့ ကောက်ကျစ်တဲ့ရဲတစ်အုပ်ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ အစိုးရရဲ့ အလိုရှိနေမှုတွေကြားထဲက ထွက်ပြေးပုန်းရှောင်နေရတဲ့ နစ်ခ်ဘဲရိုးတစ်ယောက် သူသေသွားရင်တောင် သူ့ရဲ့တစ်ဦးတည်းသော သမီး ကက်သရင်းအတွက် စိတ်ချရအောင် အသက်အာမခံတစ်ခုလုပ်ထားလိုက်တယ်။သုံးပတ်ကြာစောင့်ရမဲ့ ဆေးစစ်ချက်ရတော့မှာ အာမခံကအတည်ဖြစ်မှာဖြစ်တဲ့အတွက် နစ်ခ်ဘဲရိုးတစ်ယောက် ထွက်ပြေးရင်း ပုန်းရင်းနဲ့ သုံးပတ်ကြာ အသက်ရှင်နေနိုင်ပါ့မလား....သူ့ရဲ့သမီးကရော ဒုစရိုက်သမားတွေ အန္တရာယ်ကလွတ်ပါ့မလား...မူးယစ်ဆေးဝါးမှောင်ခိုသမားတွေနဲ့ ယုတ်မာတဲ့ရဲတွေရင်ဆိုင်တွေ့ကြတဲ့အခါမှာရော ဘာတွေဆက်ဖြစ်မှာလဲဆိုတာတော့.... File Size : (750 MB) and (280 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-ROVERS Translated by Htet Myat Encoded by Thanhtike ...
movie
Term Life (2016)
2016
6.2
Parker (2013)
Parker (2013) IMDb - 6.2/10_____Rotten - 41% Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်...... အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်.... ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်.... လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်..... ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ...
movie
Parker (2013)
2013