Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rinka Otani
5.0
Immersion (2023)
Immersion (2023)==============Immersion 2023 ဇာတ်ကားဟာ လျှို့ဝှတ်သည်းထိတ်ရင်ဖို ကားမျိုးဖြစ်ပါတယ်။ နည်းပညာနှင့်ရိုးရာဓလေ့ကို ပေါင်းစပ်ပြီးတော့ စိတ်ဝင်စားဖွယ်ဖြစ်လာအောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ နည်းပညာမှာ သီးခြားဦးနှောက်တွေရဲ့ လျှပ်စစ်သံလိုက်စွမ်းအားများပေါင်းစည်းနိုင်စွမ်း ဟာ အနာဂတ်သိပ္ပံပညာနှင့်နည်းပညာလောကအတွက် အရေးကြီးလှတဲ့နယ်ပယ်တစ်ခုဖြစ်ပြီးတော့ စူးစမ်းမှုတွေမြောက်များစွာလုပ်နေကြရတဲ့အရာပါ။ နာမ်လောကသားတွေဖြစ်ကြတဲ့ဝိညာဥ်တွေရဲ့ တည်ရှိမှုဟာ ရိုးရာဓလေ့ထုံးတမ်းတွေရဲ့ဘောင်ထဲမှာဖြစ်ပါတယ်။ဒီနှစ်ခုဟာ နယ်ပယ်တစ်ခုအတွင်းမှာ ထင်မှတ်မထားဘဲ သွားဆုံးလိုပ်တဲ့အခါမှာ VR နည်းပညာသမားတွေ ဒုက္ခရောက်သွားကြပါတော့တယ်။စိတ်ဝင်စားဖွယ်တင်ပြထားပါတယ်။ ဒါရိုက်တာ Takashi Shimizu က ရိုက်ကူးထားပြီးတော့ IMDb rating 4.8 ရရှိထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ )File size_(2GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa
movie
Immersion (2023)
6.2
Liverleaf (2018)
Liverleaf (2018) ~ Sound Error FIXED!!! ~ ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ပြန်ကလဲ့စားချေတဲ့ ဇာတ်ကားကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီကားကို မြည်းစမ်းကြည့်သင့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... "နိုဇကိ ဟရုက"ဆိုတဲ့ ကျောင်းသူလေးက သူ့အဖေရဲ့အလုပ်ကြောင့် တိုကျိုကနေ အရမ်းအေးတဲ့ နယ်မြို့တစ်မြို့ကို ရွှေ့ပြောင်းလာခဲ့ရပါတယ်။ မကြာခင်မှာ အလယ်တန်းအောင်တော့မှာဖြစ်ပြီး သူလည်းကြိုးစားနေထိုင်နေပါတယ်။ဒါပေမဲ့ ကလေးအချင်းချင်းကြား အထင်လွဲမှုတွေဖြစ်ပြီး အတန်းတွင်းလူဆိုးအုပ်စုရဲ့ ပစ်မှတ်က သူဖြစ်လာပါတယ်။ ကျောင်းပြီးချင်စိတ်နဲ့ သည်းခံလာခဲ့ပေမဲ့ တစ်နေ့မှာ နိုဇကိရဲ့အိမ်ကို Bully ကောင်တွေက ဓာတ်ဆီလောင်းပြီးတော့ပါ မီးရှို့လိုက်ကြပါတယ်။ဒီဖြစ်ရပ်ကြောင့် ဟရုကရဲ့ မိဘနှစ်ပါးလုံး အရှင်လတ်လတ် မီးလောင်သေဆုံးသွားရပြီး ညီမလေးဖြစ်သူကလည်း တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာနဲ့ အမြဲဆေးကုသနေရပါတယ်။အမြဲသည်းခံလာခဲ့တဲ့ ဟရုကတစ်ယောက် ပြင်းထန်တဲ့ရိုက်ခတ်မှုတွေအပြီးမှာ သူ့မိသားစုကို သတ်ခဲ့ကြတဲ့လူတွေကို ဘယ်လိုပြန်ပြီး ကလဲ့စားချေ တုန့်ပြန်သတ်ဖြတ်မလဲဆိုတာကို ဒီ Psychological, Thriller, Murder ဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
Liverleaf (2018)
2018
5.1
Suicide Forest Village (2021)
Suicide forest village (2021)Ju On:The Grudge sequelsတွေနဲ့ Howling Village(2017)Ox-head village (2022)တို့ရဲ့ directorရိုက်ကူးတဲ့ နောက်ထပ်ရွာတစ်ကားဖြစ်တဲ့ horrorရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရွာ၃ရွာကို ခုနှစ်အလိုက် အစဉ်အတိုင်းကြည့်ရင် ပိုပြီးကြည့်ရပြေပါလိမ့်မယ်။ဖူဂျီတောင်ပတ်လည်ကတောတွေထဲမှာ suicide forestလို့ခေါ်တဲ့ သစ်ပင်ပင်လယ်ကြီးရှိပါတယ်။ ဒီသစ်ပင်ပင်လယ်ထဲရောက်သွားတဲ့သူတိုင်း ပြန်မထွက်နိုင်ဘဲ ကျိန်စာမိပြီး ကိုယ့်ကိုယ်ကိုသတ်သေကာ သေဆုံးရတယ်လို့ ယုံတမ်းစကားတွေ ဂျပန်မှာရှိခဲ့ပါတယ်။ ဇာတ်လမ်းအစမှာတော့ အခိနလို့ခေါ်တဲ့ကောင်မလေးက ဒီတောထဲကိုသွားပြီး liveလွှင့်နေတာပါ။ လွှင့်နေရင်းနဲ့ သူ့ကိုတိုက်ခိုက်ခံရပြီး လဲကျကာ တကယ် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ဟိဘိခိ ဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေကိုစိတ်ဝင်စားပြီး ဝါသနာတူတဲ့လူတွေပါတဲ့ဂရုထဲကိုလည်း ဝင်ထားပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မရဲ့အိမ်မှာ suicide forestထဲက ကျိန်စာသင့်သေတ္တာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီသေတ္တာကိုကိုင်မိတဲ့သူတိုင်း ကျိန်စာသင့်ပြီးသေဆုံးရမယ်လို့ ဆိုပါတယ်။သူတို့မိသားစုတွေ ဒီသေမင်းတမန် သေတ္တာကိုဘယ်လိုမျိုးကိုင်တွယ်ကြမလဲ။ သူတို့နဲ့ ဒီsuicide forestထဲကရွာက ဘယ်လိုမျိုးပတ်သက်နေခဲ့ပြီး ဘယ်သူတွေ ဘယ်နည်းလမ်းနဲ့သေဆုံးကြဦးမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ပြီး ကြောက်လိုက်ရအောင်ပါ။( ...
movie
Suicide Forest Village (2021)
5
Howling Village (2020)
Howling Village (2020)ဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ အိနုနခိလှိုဏ်ခေါင်းက ဂျပန်နိုင်ငံ ဖူကုအိုကာစီရင်စုမှာ အမှန်တကယ်ရှိနေတဲ့နေရာတစ်ခုပါ။ သရဲခြောက်တဲ့နေရာမှာ နာမည်ကြီးပြီး ကြမ်းတဲ့နေရာတစ်ခုလို့ ဆိုလို့ရပါတယ်။ လှိုဏ်ခေါင်းထဲမှာရော အနီးတဝိုက်မှာပါ လူသတ်မှုတွေဖြစ်ခဲ့ပြီး ဂျပန်ရဲ့ကြောက်စရာအကောင်းဆုံးနေရာလို့ ပြောကြရတဲ့အထိပါပဲ။ သရဲခြောက်တဲ့ဇာတ်လမ်းတွေ ယုံတမ်းစကားတွေ လည်း ဂလူထုကြားထဲမှာ အများကြီးပြန့်နှံ့နေခဲ့တာပါ။အပြင်က အိနုနခိရွာကလည်း ဇာတ်လမ်းထဲကအတိုင်းပဲ ဆည်တည်ဆောက်မှုကြောင့် ရေအောက်ကိုရောက်ရှိသွားပါပြီ။ဇာတ်လမ်းအကျဉ်းကတော့စုံတွဲတစ်တွဲက အိနုနခိလှိုဏ်ခေါင်းရှိတဲ့နေရာကို ည၂နာရီမှာရောက်ပြီး ဗီဒီယိုရိုက်နေကြပါတယ်။ လှိုဏ်ခေါင်းနားက ဖုန်းရုံက ည၂နာရီတိတိမှာ ဖုန်းမြည်လာတာကြောင့် ကောင်မလေးဖြစ်တဲ့ အခိနက ဖုန်းကို ကိုင်လိုက်ပါတယ်။ တစ်ဖက်ကပြောလိုက်တဲ့စကားကြောင့် ကောင်မလေးနဲ့ကောင်လေးလည်း ချက်ချင်းပဲ လှိုဏ်ခေါင်းထဲဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်ခြားစရာတွေ တွေ့ကြုံလိုက်ရပြီး သွေးရူးသွေးတန်းနဲ့ အိမ်ပြန်ပြေးလာကြပါတယ်။နောက်နေ့မှာတော့ အခိနက ကြောင်တောင်တောင်ဖြစ်နေပါပြီ။ မကြာခင်မှာပဲ အခိနဟာ ရေစင်အမြင့်ကြီးကနေ ခုန်ချပြီးသေဆုံးသွားခဲ့ပါတယ်။ ချစ်သူသေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ကောင်လေးဖြစ်သူ ယုမက မကျေနပ်ချက်ကြောင့် လှိုဏ်ခေါင်းထဲကို နောက်တစ်ခေါက်ထပ်သွားရင်း ပျောက်ဆုံးသွားပါတယ်။ အဲဒီလှိုဏ်ခေါင်းရှေ့ကဖုန်းရုံမှာ ဖုန်းဝင်လာတာကို ...
movie
Howling Village (2020)
5.1
Ox-Head Village (2022)
Ox-Head Village (2022)၂၀၂၂ရဲ့နောက်ဆုံးထွက် သည်းထိတ်ရင်ဖို ဂျပန်ရုပ်ရှင်ကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Howling Village,Suicide forest villageလို နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာရဲ့ ၃ကားမြောက် Horrorကားပါ။ စစချင်းမှာ ဟိုတယ်ပျက်ထဲကို သွားပြီးliveလွှင့်ပြထားတာကြောင့် "Gonjiam"လိုမျိုး ဇာတ်လမ်းလားလို့တောင် သွားသတိရမိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ -အထက်တန်းကျောင်းသူလေး ၃ယောက်က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ ဟိုတယ်ပျက်ထဲကို liveလွှင့်ပြရာကနေ စပါတယ်။ သူတို့ထဲက "ရှိအွန်"ဆိုတဲ့ကျောင်းသူလေးကတော့ liveထဲမှာ သူ့ရုပ်ပါမှာစိုးလို့ နွားခေါင်း ခေါင်းစွပ်ကိုဆောင်းထားခဲ့ပါတယ်။ အဲဒါနဲ့ ကျန်တဲ့ကောင်မလေးတွေက ရှိအွန်ကို အခန်းတစ်ခုထဲမှာ အတင်းပိတ်ထားလိုက်ကြပါတယ်။ခဏကြာတော့ တံခါးကိုဖွင့်ပြီးပြန်ရှာကြည့်ပေမဲ့ ရှိအွန်ကတော့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့ပါပြီ။ ဒီအဖြစ်အပျက်ကို ကြည့်မိသွားတဲ့သူတော့ "ခန်အွန်"လို့ခေါ်တဲ့ကောင်မလေးပါ။ သူဟာ videoထဲက နွားခေါင်းဝတ်ထားတဲ့ ရှိအွန်နဲ့ ရုပ်ချင်းခွဲမရအောင် တူနေတာမို့ ဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ခန်အွန်လည်း နွေရာသီကျောင်းပိတ်ရက်မှာ သူ့ရဲ့အီစီကလီကောင်လေး "ရန်"နဲ့အတူ liveထဲက ရေပူစမ်းဟိုတယ်ပျက်ကြီးရှိတဲ့မြို့ကို သွားကြပါတယ်။ အဲဒီမှာပဲ သူတို့ကိုလိုက်ပို့ပေးတဲ့taxiသမားက နွားခေါင်းပုံပြင်အကြောင်းကိုပြောပြပါတယ်။ဒီပုံပြင်ကိုနားထောင်မိတဲ့သူတိုင်းဟာ ...
movie
Ox-Head Village (2022)
7.0
Pompo the Cinephile (2021)
Pompo the Cinephile (2021) ==================== IMDb Rating - 7.0/10ပွန်မ်ပို ဆိုတဲ့ကောင်မလေးက ညလိဝုဒ် မှာ ဇာတ်ကားအသေးလေး တွေနဲ့ အရမ်းနာမည်ကြီးတဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ပေါ့။ သူက ရုပ်ရှင်ကြည့်ရတာ အရမ်းကြိုက်တဲ့အတွက် တစ်နေ့မှာ သူ့ရဲ့ လက်ထောက်ဖြစ်သူ ဂျင်းဖီနီ ကို သူရုပ်ရှင်ဘယ်လောက်ကြိုက်ကြောင်း တွေ ပြောပြပြီး သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုကို ဇာတ်ကား အဖြစ်ရိုက်ဖို့အတွက် ဂျင်းကို ဒါရိုက်တာလုပ်ခိုင်းဖို့ တာဝန်ပေးလိုက်တယ်။ဂျင်း ကလည်း ငယ်ငယ်ကတည်းက ရုပ်ရှင်ဖန်တီးချင်တဲ့အိပ်မက်ရှိပေမယ့် အခုမှ စရိုက်ရမှာဆိုတော့ သူ့ရဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ ဘယ်လိုတွေကျော်လွှားမလဲဆိုတာ ကြည်ကြည်နူးနူးနဲ့ ကြည့်ရမယ့် anime movie လေးပဲဖြစ်ပါတယ်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.13 GB) / (650 MB) Quality............WebRip 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Drama Translator.......Khant Sett Naing Encoder..........SWM
movie
Pompo the Cinephile (2021)
2021