Channel Myanmar

Riko Nagase

Insomniacs After School (2023) 7.0
Insomniacs After School (2023)  Insomniacs After Schoolဂျပန်ကျောင်းသားအချစ်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို မျက်ရည်ခိုင်တဲ့သူမှဆက်ကြည့်ဖိုအကြံပြုချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဂန်တာ နာကာမီဆိုတဲ့ကောင်လေးဟာ အိပ်ပျော်နေတုန်း အမေအိမ်ကထွက်သွားပြီးကတည်းက ညအိပ်မပျော်တဲ့ရောဂါဖြစ်သွားတယ်။ တစ်ဖက်မှာလည်း နှလုံးရောဂါသည်မလေး မာဂရီကလည်း အိပ်ပျော်နေရင် သူ့နှလုံးခုန်သံကိုမကြားရလို ညညဆိုမအိပ်ဘဲနေရင်းကနေ အိပ်မပျော်ရောဂါဖြစ်သွားတယ်။ ဒီလိုနဲ့တစ်ရက်ကျောင်းသန့်ရှင်းလုပ်ဖို နာကာမီတစ်ယောက် ဂိုဒေါင်ထဲမှာ လှေကားသွားယူရင်း ခိုးအိပ်နေတဲ့ မာဂရီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တယ်။ ရောဂါတူ အကျင့်တူနေတဲ့သူတိုနှစ်ယောက်လည်း သူငယ်ချင်းတွေဖြစ်သွားကြပြီး နတ္ခတ်တာရာအသင်းတစ်ခုကို ဖွဲစည်းဖိုလုပ်ခဲ့ကြတယ်။ ဆရာမရဲ့အကူအညီတွေယူ သူငယ်ချင်းတွေရဲ့အကူအညီတွေနဲ့ ပြပွဲလေးဖြစ်မြောက်ဖိုရှိသေးတယ် နွေခေါင်ခေါင်ကြီးမိုရွာလို ပြပွဲက ပျက်စီးသွားတယ်။ နှလုံးရောဂါသည်မလေးနဲ့ အူကြောင်ကြောင်နာကာမီတိုရဲ့အချစ်ဇာတ်လမ်းက happy ending ဖြစ်သွားမလား... sad ending ပဲဖြစ်သွားမလား.... သိချင်ရင်တော့ ဇာတ်ကားလေးပဲဆက်လက်ကြည့်ရှူပေးကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nga Tay Gyi ပါ )File size_(1.7GB)/(880MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Nga Tay Gyi
movie

Insomniacs After School (2023)

A Girl in My Room (2022) 6.6
A Girl in My Room (2022) A Girl In My Room (2022)ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။ Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။ Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။ သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။ စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာက တစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါ‌တော့တယ်။ တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီး အဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။ Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့ Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။ သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့ အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Romance Quality…. 1080p | ...
movie

A Girl in My Room (2022)

2022
My Boyfriend in Orange (2022) 6.3
My Boyfriend in Orange (2022) My Boyfriend in Orange (2022)L.DK တို့၊ P to JK တို့၊ Heroine Disqualified လိုမျိုး အထက်တန်းကျောင်းရဲ့ ရင်ခုန်သံဇာတ်လမ်းလှလှလေး နောက်ထပ်တစ်ပုဒ်ကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။ မီးသတ်သမားတွေရဲ့အကြောင်းကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဒီလိုဇာတ်လမ်းမျိုးကြည့်ချင်တယ်ဆိုရင်လည်း အကြိုက်တွေ့မှာပါ။ Support Role မှာဆိုရင်လည်း ယာကူဇာကြီး Yuuta Furukawa ကလည်း ချစ်စရာကောင်းတဲ့ဇာတ်ရုပ်လေးနဲ့ ပါဝင်ထားပါသေးတယ်။~ ဇာတ်လမ်းအကျဉ်း ~မိုအဲလို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက သူ့အဖေဆုံးပါးသွားပြီးတဲ့နောက်မှာ မြို့ငယ်လေးတစ်မြို့ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ မိုအဲက သူ့အမေနဲ့ မောင်လေးတို့နဲ့အတူ နေထိုင်တာဖြစ်ပြီးတော့ စိတ်ဒဏ်ရာလေးတွေကြောင့် သူငယ်ချင်းအသစ်ဖွဲ့ဖို့ကိုလည်း ခက်ခဲနေသူပါ။ သရုပ်ပြပွဲလုပ်တဲ့နေ့မှာတော့ ကျောင်းခေါင်မိုးပေါ်မှာရပ်နေခဲ့တဲ့ သူ့ပုံစံက သတ်သေတော့မဲ့သူနဲ့ တူတာကြောင့် မီးသတ်သမားဖြစ်တဲ့ ခရောဆုကဲက လာကယ်ခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာ ကျောင်းသူလေး မိုအဲအတွက်တော့ ရှက်စရာကောင်းပေမဲ့ စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်ပါတယ်။ နောက်နေ့မှာလည်း အိမ်မီးရှို့ဖို့ကြိုးစားတဲ့သူတစ်ယောက်ကို ...
movie

My Boyfriend in Orange (2022)

2022