Channel Myanmar

Riko Fujitani

River (2023) 7.4
River (2023)  IMDb 7.4/10ဒီဇာတ်လမ်းလေးကတော့ Kyoto မှာရှိတဲ့ Kibune လို့ ခေါ်တဲ့ဒေသက တည်းခိုဆောင်တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ။Fujiya တည်းခိုဆောင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်နေတဲ့Mikoto ဟာ တစ်ခုသော နေ့လယ်ခင်းမှာတော့ သူတို့ဟာအခိုက်အတန့်တစ်ခုတည်းမှာပဲ ထပ်ခါတလဲလဲ လည်ပတ်နေတယ်ဆိုတာကို သိလိုက်ရပါတယ် ။ သူတို့အားလုံးကြုံနေရတဲ့ဒီအခြေအနေကြီးမှာ အချိန်က နှစ်မိနစ်တိုင်း အစကနေပြန်ပြန်ရစ်နေတာ ဖြစ်ပါတယ် ။ ဒီပြဿနာရဲ့ အကြောင်းအရင်းကဘာများဖြစ်မလဲ ။ မီကိုတိုနဲ့အတူ Fujiya ဝန်ထမ်းတွေ ၊ ဧည့်သည်တွေအားလုံးပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဟာသကလေးနှောပြီးပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ။ အချိန်က အကန့်အသတ်တစ်ခုအတွင်းမှာပဲ ထပ်ခါတလဲလဲ လည်ပတ်နေတဲ့အခါ လူတွေရဲ့ပြောင်းလဲလာတဲ့ စိတ်ထားအမျိုးမျိုးကိုလည်း တွေ့ရမှာပါ ။ဇာတ်လမ်းရဲ့ အနှစ်ချုပ်လေးကတော့ အချိန်တွေ ရပ်သွားပါစေလို့လူတိုင်း ဆုတောင်းဖူးကြပေမယ့် တကယ်တမ်း အချိန်တွေရပ်တန့်သွားဖို့ဘယ်သူမှ မလိုလားကြဘူးဆိုတဲ့ အကြောင်းပါပဲ ။ ဒါဆိုရင်တော့မီကိုတို ၊ တကု ၊ ...
movie

River (2023)