Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Riko
5.2
God of Novels (2020)
Our Story ( 2020 ) ================Our Storyဟာ ဂျပန်ကျောင်းတွင်းရိုမန့်ဇာတ်လမ်းလို့ ပြောလို့ရပေမဲ့ ကျောင်းတွင်းရိုမန့်က ဒီကားရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပဲတည်ရှိနေခဲ့တယ်။ သူ့နာမည်အတိုင်းပဲ Our Storyဟာ ဇာတ်လမ်းရေးတဲ့အကြောင်း တစ်နည်းပြောရရင် လူငယ်စာရေးဆရာနှစ်ဦး ဝတ္တုရေးတဲ့အကြောင်းပေါ့။ မင်းသားကတော့ တက်သစ်စ စာရေးဆရာအဖြစ်ရပ်တည်ပေမဲ့ သူ့ခံယူချက်က ငွေရတဲ့စာတွေ ရေးနိုင်ဖို့လို ခံယူထားတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်။ဒီလိုခံယူရတာကလည်း သူ့အဖေက ဝတ္တုတွေရေးရင်း အိမ်စရိတ်မထောက်နိုင်ဘဲ သူကိုယ်တိုင်လည်း ဝတ္တုရေးတဲ့စားပွဲပေါ်ပဲ ကွယ်လွန်သွားခဲ့တော့ ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ငွေရတဲ့စာတွေ မရေးနိုင်ခဲ့ဘူး။ မင်းသမီးကတော့ နာမည်ကြီးဘတ်ဆဲလားစာရေးဆရာမဖြစ်နေတဲ့ အထက်တန်းကျောင်းသူလေး။ မင်းသားဖြစ်ချင်တဲ့ ဘဝမျိုးကို ပိုင်ထားတဲ့သူ။ ဒါပေမဲ့ သူကတော့ ဝတ္တုရေးတဲ့အလုပ်ကို ချစ်သလို ဝတ္တုတွေကို ချစ်တယ်။ ဒီလိုနဲ့ သူတို့စာတွေကို အကဲဖြတ်ပေးနေတဲ့သူက သူတို့ကို စာအုပ်တစ်အုပ်အတူတူရေးခိုင်းခဲ့တယ်။ မင်းသမီးက ဇာတ်လမ်းတွေးပြီး မင်းသားက စကားလုံးနဲ့ပုံဖော်ပေးရတယ်။ ကျောင်းလည်းတူ အလုပ်လည်းအတူတူလုပ်နေရပေမဲ့ ...
movie
God of Novels (2020)
6.6
And Yet, You Are So Sweet (2023)
And Yet, You Are So Sweet (2023)~ IMDb – 6.6/10, MyDramaList – 7.6/10 ~အထက်တန်းကျောင်း ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ပြီးတော့ တစ်ဖက်သတ်အချစ်ရှိသူတွေ၊ ဒီလိုဇာတ်လမ်းကို သဘောကျတဲ့သူတွေ ကြည့်သင့်တဲ့ ၂၀၂၃ထွက် ဂျပန်ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ မာယာဆိုတဲ့ ကျောင်းသူလေးက သူသဘောကျနေရတဲ့ Crush ကို ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူက ငကြောင်တစ်ကောင် ဖြစ်နေခဲ့ပြီးတော့ မာယာ့ကို ဆိုးဆိုးရွားရွားငြင်းတဲ့အပြင် SNS မှာပါ ရုပ်ဆိုးမလို့ စာရေးတင်ပြီး အရှက်ခွဲခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး နောက်ရက်မှာတော့ ကျောင်းအလာ ရထားပေါ်မှာ သူတို့အတန်းရဲ့ ပျိုတိုင်းကြိုက် ခန့်ချောလေး ချိဂိရနဲ့ဆုံခဲ့ပါတယ်။ ချိဂိရက သူ့ကိုလာကြိုက်တဲ့မိန်းကလေးတွေအပေါ် အေးတိအေးစက်နဲ့ အမြဲငြင်းတတ်တဲ့ကောင်လေးပါ။အခုအချိန်မှာ မာယာက အသည်းကွဲနေတာမို့ သူ့ကို ချစ်ဟန်ဆောင်ပြီး တစ်ဖက်သတ်အချစ်ဂိမ်းကို ကစားရင်း အရင် Crush ကို ...
movie
And Yet, You Are So Sweet (2023)
2023
5.5
To Be Killed by a High School Girl (2022)
To be killed by a High School Girl (2022)ဒီဂျပန်ကားက တော်တော်လေးစားတယ်။ ဇာတ်အိမ်တည်ထားက သူ့နာမည်အတိုင်းပဲ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ ဒါပေမဲ့ သူက စိတ်ပညာနဲ့ သဘာဝလွန်ကို သမပြီး မှုခင်းဒရာမာလိုလို ပြသွားတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်က အထက်တန်းကျောင်းတစ်ကျောင်းက သမိုင်းဆရာ။ သူက သမိုင်းဆရာဆိုပေမဲ့ အစက စိတ်ပညာသင်ယူနေရင်းကနေ အကြောင်းတစ်ခုကြောင့် အထက်တန်းကျောင်းမှာ ဆရာဝန်လုပ်တဲ့လူ။ဆန်းတာက သူ့ရဲ့ စိတ္တဇပဲ။ ထူးထူးဆန်းဆန်းပဲ သူက သူ့ကို သတ်တာခံချင်တဲ့ရောဂါရှိနေတယ်။ ဒါပေမဲ့ တွေ့ကရာလူသတ်တာခံချင်တာမျိုးတော့မဟုတ်ဘူး။ အတိအကျဆို ၁၇နှစ်အရွယ် အထက်တန်းကျောင်းသူလေး သတ်တာ ခံချင်တာ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီလိုသတ်တာမှာ ပလိန်းကြီးသတ်တာလည်းမခံချင်ဘူး။ သူက ပြန်ရုန်းကန် ပြန်လွတ်အောင်လုပ်ဦးမယ်။ ဒါကိုမှ ဟိုကမရမကသတ်ရမယ့် အခြေအနေကို လိုချင်တာ။ သူ့လို လူကြီးကို ကလေးမလေးက သတ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါကြောင့်မို့ သူရွေးထားတဲ့ပစ်မှတ်က Personality တွေ ကွဲနေတဲ့ အထက်တန်းကျောင်းသူလေး။ သူ့ချည်းဆိုရင်တော့ ဒီကောင်မလေးက ...
movie
To Be Killed by a High School Girl (2022)
2022
5.7
Kisaragi Station (2022)
ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ်ဇာတ်လမ်းအစမှာပေါ့ 'ဆုဆုမီ'ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ 'ဟယာမာ'ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ် 'ဟယာမာ'ဟာ တူမလေးဖြစ်တဲ့ 'ရင်'နဲ့အတူ နေထိုင်လျက်ရှိတယ် သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ...သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ )File Size__( 1.7GB) / ( 984MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:35:00 Type__Drama, Horror Subtitle__Myanmar ...
movie
Kisaragi Station (2022)
5.4
The Blue Skies at Your Feet (2022)
The Blue sky at your feet (2022)"တစ်နေ့ကျရင် မိုးတိမ်ကင်းစင်ပြီး ဖဝါးအောက်မှာ ကောင်းကင်ပြာကြီးဖြန့်ကျက်နေတဲ့တစ်နေ့ကို ရောက်လာဦးမှာပါ။ မင်းသာ ပြုံးထားမယ်ဆိုရင် သေချာပေါက် ရောက်လာမှာပါ"ဂျပန် ကျောင်းသားကား romance/dramaကားလေးတွေကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဇာတ်ကားလေးကို တင်င်ဆက်ပေးလိုက်ပါတယ်။အထက်တန်းတက်နေတဲ့ မိယုနဲ့ ရှုယတို့က တွဲနေတာ ၂နှစ်နီးပါးပါပြီ။ လတိုင်း ၁ရက်နေ့မှာ ရုပ်ရှင်အတူတူကြည့်မယ်လို့ ကတိပေးထားပြီး ကတိအတိုင်းလည်း တောက်လျှောက်ကြည့်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတစ်လောမှာတော့ ရှုယအနားမှာ "တိုမိုက"ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ နိုဝင်ဘာလ၁ရက်နေ့မှာ ထုံးစံအတိုင်း သူတို့နှစ်ယောက်ရုပ်ရှင်သွားကြည့်ဖို့ ရုပ်ရှင်ရုံကိုသွားကြပါတယ်။ ဒါပေမဲ့ မကြည့်ခင်မှာ ရှုယဆီကို ဖုန်းကောတစ်ခုဝင်လာခဲ့ပါတယ်။ အဲဒီဖုန်းကောကြောင့် ရှုယက ရုပ်ရှင်ကြည့်ဖို့ကတိကို ဖျက်ပြီးထွက်သွားပါတယ်။အဲဒီနောက်တော့ ရှုယကပြန်ရောက်လာပြီး မိယုကိုစိတ်မဆိုးအောင် ရှင်းပြဖို့ကြိုးစားပါတယ်။ ဒါပေမဲ့မိယုကလက်မခံဘဲထွက်သွားဖို့လုပ်တာကို လိုက်တားရင်းနဲ့ ကားမတော်တဆမှုနဲ့ကြုံရပြီး ၂ယောက်လုံးသတိမေ့သွားပါတယ်။မိယုပြန်နိုးလာတဲ့အခါ နောက်တစ်ရက်ကိုရောက်မသွားဘဲ နိုဝင်ဘာ၁ရက်နေ့ကိုပဲ ပြန်ရောက်နေတာကို သိလိုက်ရပါတယ်။ အဖြစ်အပျက်တွေက အရင်နေ့ကနဲ့အတူတူပဲမို့ ရှုယကို ...
movie
The Blue Skies at Your Feet (2022)
5.1
Ox-Head Village (2022)
Ox-Head Village (2022)၂၀၂၂ရဲ့နောက်ဆုံးထွက် သည်းထိတ်ရင်ဖို ဂျပန်ရုပ်ရှင်ကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Howling Village,Suicide forest villageလို နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာရဲ့ ၃ကားမြောက် Horrorကားပါ။ စစချင်းမှာ ဟိုတယ်ပျက်ထဲကို သွားပြီးliveလွှင့်ပြထားတာကြောင့် "Gonjiam"လိုမျိုး ဇာတ်လမ်းလားလို့တောင် သွားသတိရမိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ -အထက်တန်းကျောင်းသူလေး ၃ယောက်က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ ဟိုတယ်ပျက်ထဲကို liveလွှင့်ပြရာကနေ စပါတယ်။ သူတို့ထဲက "ရှိအွန်"ဆိုတဲ့ကျောင်းသူလေးကတော့ liveထဲမှာ သူ့ရုပ်ပါမှာစိုးလို့ နွားခေါင်း ခေါင်းစွပ်ကိုဆောင်းထားခဲ့ပါတယ်။ အဲဒါနဲ့ ကျန်တဲ့ကောင်မလေးတွေက ရှိအွန်ကို အခန်းတစ်ခုထဲမှာ အတင်းပိတ်ထားလိုက်ကြပါတယ်။ခဏကြာတော့ တံခါးကိုဖွင့်ပြီးပြန်ရှာကြည့်ပေမဲ့ ရှိအွန်ကတော့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့ပါပြီ။ ဒီအဖြစ်အပျက်ကို ကြည့်မိသွားတဲ့သူတော့ "ခန်အွန်"လို့ခေါ်တဲ့ကောင်မလေးပါ။ သူဟာ videoထဲက နွားခေါင်းဝတ်ထားတဲ့ ရှိအွန်နဲ့ ရုပ်ချင်းခွဲမရအောင် တူနေတာမို့ ဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ခန်အွန်လည်း နွေရာသီကျောင်းပိတ်ရက်မှာ သူ့ရဲ့အီစီကလီကောင်လေး "ရန်"နဲ့အတူ liveထဲက ရေပူစမ်းဟိုတယ်ပျက်ကြီးရှိတဲ့မြို့ကို သွားကြပါတယ်။ အဲဒီမှာပဲ သူတို့ကိုလိုက်ပို့ပေးတဲ့taxiသမားက နွားခေါင်းပုံပြင်အကြောင်းကိုပြောပြပါတယ်။ဒီပုံပြင်ကိုနားထောင်မိတဲ့သူတိုင်းဟာ ...
movie
Ox-Head Village (2022)
To Be Killed by a High School Girl (2022)
To be killed by a high school girl (2022)Dissociative Identity Disorder ဆိုတာကို တော်တော်များများ ရင်းနှီးကြမယ်လို့ထင်ပါတယ်။မကြားဖူးသေးတဲ့သူတွေအတွက်ပြောရရင်တော့ ဒီ (DID) လို့ခေါ်တဲ့စိတ်ရောဂါဟာ လူတစ်ယောက်တည်းမှာတင် အမူအကျင့်စရိုက်တွေ အနည်းဆုံးနှစ်မျိုးနဲ့ အထက်ရှိနေတတ်တာမျိုးပါ။ လူတစ်ကိုယ် စိတ်အမျိုးမျိုးနဲ့ပေါ့။ဥပမာပြောရရင် အသက် ၁၀ နှစ်အရွယ်ကလေးမလေး မှာနောက်ထပ်စိတ်ကိုယ်ခွဲ ၂ ယောက်ရှိတယ်ဆိုပါစို့။ အဲကိုယ်ခွဲနှစ်ယောက်က မူလလူနဲ့အကျင့်စရိုက်အားဖြင့်လုံးဝဆန့်ကျင့်ဘက်ဖြစ်နေတာမျိုးပါ။ တစ်ယောက်ကကြမ်းကြမ်းတမ်းတမ်း မာဖီးယားဖြစ်နေပြီး နောက်တစ်ယောက်က အကသင်ဆရာမဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပေါ့။ဒီ Disorder ကကိုယ့်မသိစိတ်ကနေ ပေါက်ပွားလာတဲ့ personality တွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေ မဖြစ်နိုင်တဲ့ဆန္ဒတွေအပေါ်မူတည်ပြီး သူတို့တွေကမတူညီတဲ့အသက်အရွယ်တွေ၊ gender တွေ၊ mindset တွေလည်းရှိကြပါသေးတယ်။DID ဖြစ်နေတဲ့သူတွေဟာ ထိတ်လန့်မှုတစ်ခုခုကြောင့် personality ပြောင်းသွားတဲ့အခါ သူတို့ကိုယ်ခွဲတွေရဲ့လုပ်ဆောင်ချက်တွေကို သတိပြန်ရလာရင်မမှတ်မိကြတော့တာများပါတယ်။တနည်းအားဖြင့် ကိုယ်ခွဲကလူသတ်လိုက်ပေမယ့် မူလကိုယ်က ဘာမှမသိတာမျိုးပါ။ (မြင်သာအောင်ပြောရရင် Marvel ရဲ့ Moon Knight နဲ့ကိုရီးယားဒရာမာ Kill Me Heal Me တို့ထဲက အဓိကဇာတ်ကောင်တွေလိုပေါ့။)ဘာလို့ဒါတွေပြောနေရတာလဲဆိုတော့ အခုဒီကားထဲမှာပါတဲ့ဇာတ်ကောင်ကလည်းအဲလိုစိတ်ရောဂါဖြစ်နေလို့ပါ။ ဇာတ်ကားနာမည်ကြီးကြည့်ပြီး ...
movie
To Be Killed by a High School Girl (2022)
2022
5.5
[18+] Suki demo nai kuseni – Even Though I Don’t Like It (2016)
ဂျပန် မင်းသမီးချော Riko ပါဝင်သရုပ်ဆောင်ထားပြီး ထူးထူးခြားခြား IMdb 5.5 ရထားပါတယ်။အေးဆေးနေတက်တဲ့ တိုကိုတို တစ်ယောက်စတိုးဆိုင်မှာအလုပ်လုပ်နေရင်းက စိတ်မပါတော့လို့ အလုပ်ထွက်လိုက်ပြီးဝါသနာပါရာ အနုပညာလုပ်ငန်းကိုလုပ်ကိုင်ဖို့ နေ့စားအလုပ် တစ်ခုလုပ်နေရင်းက အလုပ်ထဲကယောကျာၤးလေးတစ်ယောက်နဲ့ခင်မင် ရင်းနှီးပြီး တိုကိုတို လျှောက်လှမ်းချင်တဲ့အနုပညာလမ်းပေါ် ခြေတစ်ဖက်လှမ်းမိပါတယ်။ တစ်နေ့ တိုကိုတိုတစ်ယောက် သူ့မိတ်ဆွေယောကျာၤးလေးနဲ့ အတူသောက်ရာမှ အမူးလွန်ပြီး နယ်ကျွံမိပါတော့တယ်။ထိုယောကျာၤးလေးကလဲ တိုကိုတိုရဲ့ အသွေးအသားနဲ့ လှသွေးကြွယ်မှု့တွေကို အရူးမူးစွဲလမ်းသွားပါတော့တယ်။တိုကိုတိုအနုပညာလမ်းကြောင်းပေါ်ရောက်ရှိသွားပြီးနောက် Little Miss ဆိုတဲ့ ဆော်ကြည် မော်ဒယ်တစ်ယောက်က သူတို့နှစ်ဦးကြားကို ဂြိုလ်ဝင်လာပါတော့တယ်။ ကဲပုရိတ်သတ်ကြီး ဘယ်သူက ဘယ်သူ့ကို ချစ်လဲဘယ်သူကဘာကိုလိုချင်တာလဲ အနုပညာလမ်းကြောင်းကလဲ ဘယ်လောက်ကောက်ကွေ့သလဲဆိုတာ ဆက်လက်အားပေးပါဦး။သံဝေဂရစရာလေးကတော့ အချစ်နဲ့တဏှာ ဆိုတာလားလားမှမသက်ဆိုင်ပါဘူးတဲ့။ File size…(800 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Darkside Translated by Ki Mu Chi
movie
[18+] Suki demo nai kuseni – Even Though I Don’t Like It (2016)
2016