Channel Myanmar

Riisa Naka

Between the White Key and the Black Key (2023) 6.0
Between the White Key and the Black Key (2023) ဘားအသေးစားလေးမှာ ဖျော်ဖြေနေတဲ့တီး၀ိုင်းထဲက စန္တယားသမားလေး ဟီရိုရှိကို ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် သီချင်းတစ်ပုဒ်တောင်းဆိုလာပါတယ်, ဒီသီချင်းက The Godfather ထဲက ဇာတ်၀င်တေးသီချင်းပါဒါပေမယ့်တစ်ခုရှိတာက ဒီသီချင်းကို ယာကူဇာဘော့စ် ကူမာနိုတစ်ဦးထဲကပဲ တောင်းခွင့်ရှိပြီးတော့ တီးခွင့်ရှိတာကလဲ ဂင်ဇာမြီု့ကနာမည်ကြီးတီး၀ိုင်းမှာတီးနေတဲ့ မီနာမီဆိုတဲ့ စန္တယားဆရာတစ်ယောက်တည်းရှိတာပါ,ဒါကိုမသိပဲ The Godfather သီချင်းကိုဖျော်ဖြေမိသွားတဲ့ ဟီရိုရှီ ရဲ့ ကံကြမ္မာက...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )File size_(750MB)/(350MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan
movie

Between the White Key and the Black Key (2023)

The Imaginary (2023)
The Imaginary (2023)  Netflix က အသစ်ထွက်ရှိလာတဲ့ ရင်ကိုနွေးစေမယ့် anime လေးကို တင်ဆက်ပေးလိုက်ပါတယ်ရာဂျာဆိုတဲ့ ကောင်လေးက အာမန်ဒါဆိုတဲ့ ကောင်မလေးရဲ့ စိတ်ကူးယဥ်သူငယ်ချင်းဖြစ်ပြီး အာမန်ဒါစိတ်ကြိုက်ဖန်တီးတဲ့ စိတ်ကူးယဥ်ကမ္ဘာအလီလီမှာ အတူကစားခုန်စားပျော်ပါးရင်း အာမန်ဒါရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးရတယ်အာမန်ဒါကလွဲ ဘယ်သူမှ မမြင်ရတဲ့ ရာဂျာ၊ သူ့ဘဝအတွက် တစ်ဦးတည်းသော အဖော် အာမန်ဒါ အက်ဆီးဒင့်ဖြစ်တဲ့အခါ တခြား အမေ့လျော့ခံ စိတ်ကူးယဥ်ဇာတ်ကောင်တွေလို တဖြည်းဖြည်း ဗလာနတ္ထိအဖြစ် ပျောက်ဆုံးသွားတော့မှာလား စိတ်ကူးယဥ်ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမျက်ရည် သင်းရနံ့ကို စားသုံးချင်တဲ့ လူထူးဆန်းကြီးနဲ့ ဘယ်လိုရင်ဆိုင်ဦးမှာလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြပါလို့ ... File size…(1.4 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Animation, Drama, Family, Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

The Imaginary (2023)

The Girl Who Leapt Through Time (2006) 7.7
The Girl Who Leapt Through Time (2006) The Girl Who Leapt Through Time (2006) Genre – Adventure, Animation, Comedy IMDB – 7.7/10ဒီဇာတ်ကားလေးက အချိန်ခုန်ကူးနိုင်တဲ့ အထက်တန်းကျောင်းသူလေး မာကိုတိုရဲ့ အကြောင်းကိုပြောပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။စစချင်းတော့ ကျွန်တော်တော့ရဲ့ အဓိကဇာတ်ကောင် မာကိုတိုဟာ သူမရဲ့ အချိန်ခုန်ကူးနိုင်စွမ်းအသစ်ကိုအသုံးချပြီး သူမရဲ့ပြဿနာအသေးလေးတွေကိုပြင်ရင်ပျော်နေပါတယ်။ ဒါပေမဲ့ သူမဒီအစွမ်းကိုဆက်သုံးရင်းနဲ့ သူမရဲ့အပြုအမူတွေဟာ သူမအပြင် သူမရဲ့ပတ်ဝန်းကျင်ကလူတွေကိုပါထိခိုက်စေနိုင်ကြောင်း နားလည်သဘောပေါက်လာပါတယ်။မာကိုတို ရဲ့ဒီအချိန်ခုန်ကူးနိုင်တဲ့ အစွမ်းဟာ သူမကို ခင်မင်မှုကြောင်း၊ အချစ်အကြောင်းနဲ့ တာဝန်ယူမှု စတဲ့ သင်ခန်းစာတွေကို သင်ပေးသွားတာတွေ့ရမှာပါ။ ဇာတ်လမ်းထဲမှာ သူမှာဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့တွေ့ဆုံပြီးတော့ ဆုံးဖြတ်ချက်မချခင်ဘယ်လို သေချာတွေးတောသလဲဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ အရောင်အသွေးစုံပြီးတော့ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားလေးကဘာကောင်းသလဲဆိုတော့ အချိန်ခရီးသွားတဲ့ အကြောင်းတစ်ခုကိုပဲ ပြသထားတာမဟုတ်ပဲနဲ့ သင့်ရဲ့ရွေးချယ်မှုတွေဟာ အနာဂါတ်ကိုဘယ်လို အကျိုးသက်ရောက်မှုရှိတယ်၊ ဘဝမှာ အတက်အကျတွေဆိုတာရှိတယ် စတဲ့အကြောင်းအရာတွေကိုပါ ပြသထားတာဖြစ်ပါတယ်။Anime ဇာတ်ကား တစ်ကားဆိုပေမဲ့ လူတိုင်း အသက်အရွယ် မရွေး ကြည့်ရှူ့ခံစားနိုင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အကုန်လုံး ချုံပြောရရင် ဒီဇာတ်လမ်းလေးက နှလုံးသားကိုနွေးထွေးမှုပေးတဲ့အပြင် အတွေးအခေါ်တွေကိုပါ လှုံ့စော်မှုပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…    1 GB / 537 MB Quality… BluRay 1080p ...
movie

The Girl Who Leapt Through Time (2006)

The Forest of Wool and Steel (2018) 6.2
The Forest of Wool and Steel (2018) The Forest of Wool and Steel (2018)~ IMDb – 6.2/10, MyDramaList – 7.6/10 ~ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ ...
movie

The Forest of Wool and Steel (2018)

2018
Time Traveller: The Girl Who Leapt Through Time (2010) 6.5
Time Traveller: The Girl Who Leapt Through Time (2010) IMDb Rating (6.5/10)ဒီဇာတ်ကားလေးက ငယ်ကချစ် အနှစ်တစ်ရာမမေ့သာ ဆိုတဲ့စကားပုံလေးကိုဖေါ်ပြထားတဲ့ ငြိမ့်ငြိမ့်ဆိမ့်ဆိမ့်လေး ခံစားရမယ့် အချစ်ဇာတ်ကားလေးပါ။ဇာတ်လမ်းပိုင်းကိုပြောပြရင်တော့.. အမေလုပ်တဲ့သူဟာ ငယ်ငယ်ကတစ်ကြိမ်လောက်ပဲဆုံပြီး သူအချစ်ကြီးချစ်ခဲ့ရတဲ့သူရှိပါတယ်... သူ့တစ်ဘဝလုံး အတိတ်ကိုပြန်သွားဖို့ ဆေးရည်ဖျော်စပ်ရင်း အချိန်ကုန်မှန်းမသိ ကုန်နေခဲ့ပါတယ်။အသက်တွေကြီးလာမှ အတိတ်ကဓါတ်ပုံလေးတစ်ပုံကို ပြန်ရလိုက်တဲ့အချိန်မှာ သူဖေါ်စပ်ခဲ့တဲ့ အတိတ်ကိုပြန်သွားနိုင်တဲ့ဆေးရည်ကိုအသုံးပြုဖို့ကြိုးစားပါတော့တယ် ...အကြောင်းမတိုက်ဆိုင်ပဲ နာမကျန်းဖြစ်သွားရတော့ သမီးဖြစ်တဲ့သူကို သွားဖို့ပြောပြီး အကူအညီတောင်းခဲ့တယ် သမီးလုပ်တဲ့သူက ပြာကလပ်စိန် ရှပ်ပြာလေး ... အဲ့မှာပဲ သွားခိုင်းတဲ့ ခုနှစ်အစား ၂နှစ်လောက်နောက်ကျပြီးမှ ရောက်သွားတော့ ဘာတွေဖြစ်မလဲ ဆက်လက်ကြည့်လိုက်ပါဦးနော်။အရမ်းချစ်ဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတွေ ပျော်စရာအလွဲလေးတွေနဲ့ မင်းသမီးလေးရဲ့ချစ်စရာကောင်းမှုလေးတွေ သီချင်းတွေက ဘယ်လိုတွေဖီးလ်လို့ကောင်းလိုက်လဲ ဆိုတာ ကြည့်သာကြည့်လိုက်ကျပါတော့နော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Thinzar HtQuality…Blu-Ray Rip 720pFormat…mp4 Duration….02:02:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thin Zar Htet
movie

Time Traveller: The Girl Who Leapt Through Time (2010)

2010