Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Riho Yoshioka
5.9
Lumberjack the Monster (2024)
Lumberjack the Monster (2023)Thriller/ Horror/ Crime Drama အမျိုးအစားကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုမှာ လူသတ်သမားဟာ သေဆုံးသူတွေရဲ့ဦးနှောက်ကို ထုတ်ယူသွားတတ်ရာကနေ အစပြုထားပါတယ်။ ဦးနှောက်သူခိုး လို့ ခေါ်တွင်ထားတဲ့ ဒီလူသတ်သမားဟာ ဘာကြောင့်များ လူတွေကိုသတ်ပြီး ဦးနှောက်တွေကို ထုတ်ယူသွားတာဖြစ်မလဲ ။အသတ်ခံရတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများရှိနေလို့လဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တားမြစ်ပိတ်ပင်ခံထားရတဲ့ တရားမဝင် အာရုံခံချစ်ပ်ပြားတွေနဲ့ရော ပတ်သက်မှုရှိနေမလား ဒါမှမဟုတ် လူသတ်သမားဟာ စိတ္တဇသမားသက်သက်ပဲလား စတဲ့ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime Thriller ဇာတ်ကားတစ်ကားပါ။ကဲ ပိတ်ရက်လေးမှာ အတွေးပေါင်းမြောက်မြားစွာနဲ့ Thriller ကားလေး ကြည့်ချင်နေတယ်ဆိုရင်တော့ အခုပဲ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာလိုက်ကြရအောင်လားဗျာ။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | ...
movie
Lumberjack the Monster (2024)
2024
6.3
Ice Cream Fever (2023)
Ice-cream Fever(2023)အိုက်စကရင်မ်လိုအိပ်မက်များIMDb-6.3/10ချိုချိုအေးအေးရေခဲမုန့်လေးတွေက ပူပူလောင်လောင်အချိန်မှာ ချက်ချင်းခပ်ထည့်ပြီးစားလိုက်ရရင် ရင်ထဲထိအေးချမ်းသွားလောက်အောင် စွမ်းနိုင်ပါတယ် ချက်ချင်းမစားသုံးဘဲ အပူထဲကြားကြားထားလိုက်ရင် အရည်ပျော်ပေပွရုံကလွဲ စားရတာလည်းအရသာမရှိသလို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ် အိပ်မက်ဆိုတာလဲ ဒီလိုပါပဲ အိပ်မက်တွေမပိုင်ဆိုင်ရတဲ့ဘဝက နေပူပူမှာ ရေခဲမုန့်အရည်ပျော်သွားတာကို ထိုင်ကြည့်နေရသလိုပါပဲ...ဒီကားထဲမှာ ဆယ်ကျော်သက်ကနေ ၃၀ ဝန်းကျင် အခြေကျအရွယ်ထိ အမျိုးသမီးလေးယောက်ရဲ့ အိပ်မက်နဲ့ ဘဝတွေကိုရှုစားရမှာပါ ရေခဲမုန့်ဆိုင်က ကောင်မလေးနှစ်ယောက် တစ်ယောက်က အိပ်မက်တွေကို စွန့်လွှတ်ထားတဲ့သူ ၊ တစ်ယောက်က ဘဝကြီးထဲအချစ်အကြောင်းကိုတောင်မသိသေးတဲ့သူ ၊ အဲဒီရေခဲမုန့်ဆိုင်လေးကို အမြဲလာအားပေးတဲ့သူက သုံးဆယ်ဝန်းကျင်ဘဝကိုအခြေကျဖို့ စားရေးရင်းကြိုးစားနေတဲ့သူ ၊ ရေခဲမုန့်ဆိုင်လေးနားက အများသုံးရေချိုးခန်းမှာတော့ အိပ်မက်တွေအတွက် ကြိုးစားဖို့ အားပြည့်အင်ပြည့်တက်ကြွနေသူ....မတူညီတဲ့ energy တွေနဲ့ ကွဲပြားနေတဲ့သူတို့စရိုက် အိပ်မက်ရှိကြတာချင်းတူတူ အိပ်မက်ဆီကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှောက်လှမ်းကြမလဲဆိုတာရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Team မှပဲဖြစ်ပါတယ် File size…1.6GB / 645MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie
Ice Cream Fever (2023)
2023
6.7
Anime Supremacy! (2022)
ဘ၀မှာ ကြိုးစားတိုင်းမဖြစ်တာကို လက်မခံတဲ့ Saito Hitomi တစ်ယောက်သူဘ၀မှာဖြစ်ချင်တာကတော့ တစ်ခုပဲရှိပါတယ် Anime ရေးဆွဲတာပါသူလိုပဲ Anime ရေးတာတော်တဲ့သူကတေ့ာOuji Chiharu ပါTeam တစ်ခုတည်းတူတူကျပြီး သူ့ထက်ငါပိုတော်အောင်လုပ်ကြရင်းသူတို့ ဖြစ်ချင်တဲ့ ရည်မှန်းချက်နောက်ကို လိုက်ရင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကို သူတို့ ဘယ်လိုဖြေရှင်းကျော်ဖြတ်ကြမလဲဆိုတာကို ကြည့်ရှု့ကြရ မှာပါ ။File Size__(1.8GB) / (960MB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:04:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt
movie
Anime Supremacy! (2022)
5.2
XxxHolic (2022)
XXXholic 2022Clamp ရဲ့ mangaစီးရီးဖြစ်တဲ့ xxxHOLiC ကို Live action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ "ဝါတနုကိ"ဆိုတဲ့ အထက်တန်းကျောင်းသားမှာ တခြားသူတွေမမြင်နိုင်တဲ့ အငြိုးကြီးတဲ့သရဲတစ္ဆေတွေကို မြင်နိုင်စွမ်းရှိပါတယ်။ တစ်ချိန်လုံး ဒါတွေကိုပဲမြင်နေရပြီး သူတို့လက်ကလွတ်အောင် ထွက်ပြေးနေရတာမို့ ဘယ်သူနဲ့မှ ခင်မင်ပေါင်းသင်းလို့မရဘဲ တစ်ယောက်တည်းဖြစ်နေပါတယ်။ သူက ဒီလိုမြင်နေရတဲ့ဘဝကနေလွတ်ပြီး သာမန်ဘဝမှာနေထိုင်ချင်နေတာပါ။တစ်နေ့မှာတော့ သူဒီလိုတွေမြင်နေရတုန်းမှာ လိပ်ပြာတစ်ကောင်ရောက်လာပြီး သူ့ကိုဆန်းကြယ်တဲ့ဆိုင်တစ်ခုဆီခေါ်သွားပါတယ်။ ဆိုင်ရဲ့ပိုင်ရှင်ဖြစ်သူကတော့ ယုကိုစံလို့ခေါ်တဲ့မှော်ဆရာမတစ်ယောက်ပါ။ ဒီဆိုင်က ဆုတောင်းတဲ့သူတွေရဲ့ရှေ့မှာမှပေါ်လာတတ်တာဖြစ်ပြီး ဆုတောင်းတစ်ခုကိုပြည့်အောင် ဖြည့်ပေးပါတယ်။ ဒါပေမဲ့ ဆုတောင်းနဲ့တန်တဲ့ တန်ကြေးတစ်ခုကိုတော့ ပြန်ပေးဆပ်ရပါတယ်။ ဝါတနုကိရဲ့ သရဲမမြင်လိုတဲ့ဆုတောင်းနဲ့ ပြန်ပေးဆပ်ရမဲ့တန်ကြေး၊ ပြီးတော့ သူဘာတွေကြုံရဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:00:00 Type__Adventure, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie
XxxHolic (2022)
6.5
Zokki (2021)
ဂျပန်ရဲ့ အရည်အချင်းရှိတဲ့ နာမည်ကြီး သရုပ်ဆောင်နဲ့ဒါရိုက်တာ ၃ယောက် ပူးပေါင်းပြီးတော့ ရိုက်ကူးထားပြီး imdb 6.5/10ရရှိထားတဲ့ ဟာသ ဒရာမာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။main leadတွေအများကြီးနဲ့ ဝေဝေဆာဆာရိုက်ကူးထားတာပါ။Manga artistဖြစ်တဲ့ Hiroyuki Ohashiရဲ့ မန်ဂစီးရီးထဲက ဇာတ်လမ်းတိုတွေကိုစုစည်းပြီး ရိုက်ကူးထားတဲ့ Comedyရုပ်ရှင်ကားဖြစ်ပါတယ်။ ဟာသတွေ ဇာတ်ဝင်ခန်းတွေက ဂျပန်စတိုင်ဆန်လွန်းတယ်လို့ ပြောကြတာမို့ ဂျပန်cultureကို နှစ်သက်ရင်းနှီးပြီးသားသူတွေကတော့ ပိုပြီး ကြိုက်နှစ်သက်ကြမှာပါ။ပထမဆုံးဇာတ်လမ်းမှာတော့ စက်ဘီးတစ်စီးနဲ့ ခြေဦးတည်ရာသွားနေတဲ့ ဖူဂျီမူရာရဲ့အကြောင်းပါ။ သူ့မှာစက်ဘီးရယ် လွယ်အိတ်တစ်အိတ်ရယ် Porn magazineတစ်စောင်ရယ်ပဲပါပါတယ်။ စက်ဘီးစီးထွက်လာရင်းနဲ့ ငါးဖမ်းသမားအဖိုးကြီးနဲ့ဆုံပြီး အဖိုးကြီးရဲ့မွေးနေ့မှာ ဝင်စားသောက်ဖြစ်တဲ့အကြောင်းပါ။ နောက်တစ်ယောက်ကတော့ ပေါင်းစရာညိုကီမရှိတဲ့ ကြောင်တောင်တောင် ကျောင်းသား "မခိတ"ပါ။ အထက်တန်းကျောင်းမှာတော့ "ဘန်"ဆိုတဲ့ သူနဲ့ဘဝတူသူငယ်ချင်းတစ်ယောက်ရလာခဲ့ပေမဲ့ "ဘန်"က မခိတရဲ့အစ်မကို စွဲစွဲလမ်းလမ်းကြိုက်နေတဲ့သူပါ။ အစ်မကိုတွေ့ချင်စိတ်နဲ့ မစားနိုင်မသောက်နိုင်ဖြစ်ပြီး မခိတအစ်မရဲ့အတွင်းခံဘောင်းဘီကို ယန်း၅သောင်းပေးပြီး ဝယ်တဲ့လူပါ။ နောက်ဇာတ်လမ်းကတော့ သားအဖနှစ်ယောက်အကြောင်းပါ။ အဖေဖြစ်သူက လက်ဝှေ့ဝါသနာပါပေမဲ့ ပိုက်ဆံမရှိတော့ ...
movie
Zokki (2021)
7.0
Fukushima 50 (2020)
Fukushima 50 (2020)အညွှန်း*************************ဂျပန်နိုင်ငံတစ်နိုင်ငံလုံး အားထားရတဲ့ အဏုမြူစွမ်းအင်ကို ထုတ်လုပ်ပေးနေတဲ့ ဖူကူရှိမား ဒိုင်အိချိ လို့ခေါ်တဲ့ အဏုမြူစက်ရုံကြီးရှိတယ်.....သိတဲ့ အတိုင်း ၂၀၁၁အင်အားကြီးတဲ့ ငလျင်ဒဏ်နဲ့ ဆူနာမီလှိုင်းဒဏ်တွေကြောင့်စက်ရုံတစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ ဓာတ်ပေါင်းဖိုတွေ အပူလွန်ကဲပြီး ပေါက်ကွဲတော့မယ့် အခြေအနေနဲ့ကြုံခဲ့ရပါတယ်။ဒီအခြေအနေကို ရှေ့တန်းက ရင်ဆ်ိုင်ဖြေရှင်းရသူတွေကတော့ဒိုင်အီချိ စက်ရုံက အလုပ်သမား ပညာရှင်တွေပါပဲ။ သူတို့တွေဘယ်လိုကြိုးစားမလဲ.... လူတွေဘယ်လောက်များ သေဘေးကြုံရမလဲ.... ဒီကားက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ.... 1986 Chernobyl ဖြစ်ရပ်ထက်တောင်အများကြီးဆိုးတယ်လို့ သိရပါတယ်.... အသေအကြေတွေများသလို တကယ့်ကိုကြောက်စရာကောင်းတဲ့ ကပ်ဆိုးကြီးပါ... ဇာတ်လမ်းအစမှအဆုံးထိကို ရင်တထိတ်ထိတ်ကြည့်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ခံစားကြည့်ကြပါဉီး...File Size :(930 MB) and (380 MB)Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie
Fukushima 50 (2020)
6.8
Her Blue Sky (2020)
အအိုအီ အိုင်အိုအီဆိုတဲ့အထက်တန်းအရွယ်ကျောင်းသူမလေးဟာ ကားမတော်ဆမှုကြောင့် မိဘနှစ်ပါးလုံးဆုံးရှုံးပြီးတဲ့နောက်မှာ အစ်မဖြစ်သူ အခန်နေ အိုင်အိုအီနဲ့အတူ ဘဝကိုရုန်းကန်ကြရပါတယ်. ဒါပေမဲ့ မတော်မတဖြစ်တဲ့အချိန်တုန်းက အအိုလေးဟာ ကလေးပဲရှိသေးတဲ့အတွက် အစ်မဖြစ်သူ အခန်နေကပဲ မိဘတစ်ယောက်လို စောင့်ရှောက်ခဲ့ရပါတယ်. အအိုအီငယ်ငယ်တုန်းက သူ့အစ်မရဲ့ရည်းစားဟောင်းဖြစ်သူ ရှင်းနိုခါနာမူရိုကြောင့် ဂီတာတီးတာကို ဝါသနာပါလာခဲ့ပါတယ်. ဒါကြောင့် သူကျောင်းပြီးရင် မြို့ကနေထွက်သွားပြီး တိုကျိုမှာဂီတအဖွဲ့တစ်ခုထဲ ဝင်ဖို့ဆုံးဖြတ်လိုက်တယ်. သူ့ရဲ့ဝါသနာအပြင် သူ့အစ်မကို သူ့ကြောင့်ဆက်ပြီး မပင်ပန်းစေချင်တဲ့ဆန္ဒကြောင့်လည်း သူတို့မြို့လေးကနေ ပိုပြီးထွက်သွားချင်ခဲ့ပါတယ်.တစ်နေ့ အအိုအီတစ်ယောက် ဂီတာတီးကျင့်နေရင်း ၁၈နှစ်အရွယ် ရှင်းနိုကို ရုတ်တရက်အခန်းထဲမှာ တွေ့လိုက်ပါတယ်. ပြီးတော့ ယခုပစ္စုပန်က ၃၁ နှစ်အရွယ် ရှင်းနိုကလည်း တိုကျိုကိုပြောင်းသွားတဲ့နောက် ဂီတပွဲတစ်ခုကြောင့် မြို့ကိုပြန်ရောက်နေပါတယ်. ဒါပေမဲ့ အခုရှင်းနိုနဲ့ အတိတ်ကရှင်းနိုက လုံးဝကို ကွာခြားနေပါတယ်.ဒါဆို ၁၈နှစ်အရွယ်ရှင်းနိုက ဘာကြောင့် ရှိနေရတာလဲ? ငယ်ချစ်ဦးတွေဖြစ်ကြတဲ့ အခန်နေနဲ့ရှင်းနိုကရော ဘယ်လိုဖြစ်သွားမလဲ? အအိုအီကရော မြို့ကနေထွက်သွားပြီး တိုကျိုကိုပြောင်းသွားမလား? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ကားထဲမှာ ဆက်ကြည့်ကြရအောင်....... File Size - 1.5 GB Quality - Web-Dl 1080p Subtitle - Burmese (hardsub) Translator - Esther Van Sui Par Encoder - Thit San Khant
movie
Her Blue Sky (2020)
2020
5.7
Parallel World Love Story (2019)
unicodeParallel World Love Storyက စာရေးဆရာ Keigo Higashino ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဒီဇာတ်ကားကို ဒါရိုက်တာ Yoshitaka Mori ကရိုက်ကူးထားတာပါ။Mayuko အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Riho Yoshioka ဟာဒီဇာတ်ကားနဲ့ပဲ 2019 Newcomer of the Year Awardကိုရရှိခဲ့ပါတယ်။Parallel World Love Storyဆိုတဲ့ ခေါင်းစဉ်အတိုင်း"Parallel Universes" သဘောတရားကိုအခြေခံပြီး မျဉ်းပြိုင်ကမ္ဘာနှစ်ခုကြားက ချစ်ခြင်းမေတ္တာနဲ့ခင်မင်မှုတွေကို ပုံဖော်ထားပါတယ်။ Takashi နဲ့Tomohiko ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ မိန်းကလေး Mayuko တို့ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ်ပါ။မိမိကောင်မလေး Mayuko က တခြားမျဉ်းပြိုင်ကမ္ဘာမှာ သူငယ်ချင်းTomohiko ရဲ့ ကောင်မလေးဖြစ်နေတဲ့အခါTakashi ရဲ့ စိတ်တွေရှုပ်ထွေးလာပါတော့တယ်။မတူညီတဲ့ ကမ္ဘာနှစ်ခုက မတူညီတဲ့ဘဝနှစ်ခုမှာဘယ်အရာက အစစ်အမှန်လဲဆိုတာကို Takashiတစ်ယောက်ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာက စိတ်ဝင်စားစရာပါ။တစ်မူထူးကဲတဲ့ စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းတွေကိုမှ နှစ်သက်ကြရင်ဒီ Parallel World Love ...
movie
Parallel World Love Story (2019)