Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Richard Wright-Firth
6.5
Slay (2024)
IMDb 6.5/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Horror ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ Drag queen အဖွဲ့ တစ်ဖွဲ့က သူတို့ သွားရောက် ဖျော်ဖြေဖို့ စီစဉ်ထားတဲ့နေရာ မဟုတ်ဘဲ ဘာဆိုဘာမှမရှိတဲ့ လွင်တီးခေါင်ပြင်ရဲ့အလယ်က စားသောက်ဆိုင်တစ်ဆိုင်ကို နေရာမှားပြီး ရောက်သွားခဲ့ကြပါတယ်။သူတို့ကို အထင်သေး မကြိုဆိုကြတဲ့သူတွေကြား စိတ်အားထက်သန်စွာ ကြိုဆိုနေသူ တချို့ကြောင့် ပညာကုန်သုံးပြီး ဖျော်ဖြေပေးခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့ အန္တရာယ်က ရုတ်တရက်ကြီး ရောက်ရှိလာခဲ့လို့ ဝရုန်းသုန်းကားတွေဖြစ်ခဲ့ပါတော့တယ်။မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့တဲ့သူတွေကတော့ ဗန်ပိုင်းယားတွေပါ။ ဖုန်းလည်းဆက်လို့မရ၊ စားသောက်ဆိုင်ထဲမှာလည်း ဘာ လက်နက်မှမရှိနဲ့ ဗန်ပိုင်းယားတွေ ပတ်ပတ်လည်ဝိုင်းနေတဲ့အလယ်မှာ သူတို့အဖွဲ့နဲ့ ဆိုင်ထဲက သူတို့ကို အထင်သေးတဲ့လူတွေ၊ ကြားနေ လူစုတွေကြား ပဋိပက္ခတွေဖြစ်ကာ အတွင်းရော အပြင်ပါ အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာတော့...သူတို့ကို အထင်သေး ရှုံ့ချနေတဲ့သူတွေက သူတို့အပေါ် အမြင်ပြောင်းနိုင်ပါ့မလား.. တစ်စ တစ်စ ...
movie
Slay (2024)
My Spy the Eternal City (2024)
IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ ...
movie
My Spy the Eternal City (2024)
5.2
Slumber Party Massacre (2021)
Slumber Party Massacre (2021)==============================(1982)ကထွက်ရှိခဲ့တဲ့ အထက်တန်းကျောင်းသူလေးတွေအပန်းဖြေခရီးထွက်ရင်း လွန်ပူတစ်လက်နဲ့လူလိုက်သတ်တဲ့ လူသတ်သမားနဲ့ကြုံခဲ့ရတဲ့ The Slumber Party Massacreကို အသစ်ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ပူလူသတ်သမားရဲ့လက်ချက်ကနေ တစ်ဦးတည်း သောအသက်ရှင်ကျန်ခဲ့တဲ့သူဖြစ်တဲ့မိခင်အတွက် သမီးဖြစ်သူဒန်နာက ဒီလိုအတိတ်ဆိုးက မိခင်ကိုလွတ်အောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မိခင်ကြုံတွေ့ခဲ့ရတဲ့နေရာကို သူငယ်ချင်းတစ်သိုက်နဲ့ခရီးထွက်တာပါပဲ။ သူတို့တွေကအစီအစဉ်ဆွဲပြီးလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့အရာတွေနဲ့ကြုံခဲ့ပြီးတော့ အသက်ဘေးတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဒီလိုအသက်ဘေးတွေကနေ ဆယ်ကျော်သက်ကောင်မလေးတွေ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာကိုကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.52 GB) / (674 MB) / (439 MB) Quality – BluRay 1080p / 720p/480p Duration - 1h 26mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Chit Tee Encoder – SWM
movie
Slumber Party Massacre (2021)
2021