Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Richard McGonagle
7.0
Green Lantern: First Flight (2009)
Green Lantern: First Flight 2009 IMDb 7.0/10 Genre: Animation/Action/AdventureGreen Lantern ဆိုတဲ့ Ryan Reynolds ရဲ့ ၂၀၁၁ က ရုပ်ရှင်ကို ကြည့်ဖူးကြမှာပါ။ ဒါက မူလပထမ ကာတွန်းရုပ်ရှင် Green Lantern ဖြစ်ပါတယ်။ Green Lantern တစ်ဖြစ်လဲ ဟဲလ်ဂျော်ဒန်ဟာ ကမ္ဘာမြေပေါ်မှာ လေ့ကျင့်ပျံသန်းနေတုန်း အစိမ်းရောင် ရောင်ခြည်တန်းတွေရဲ့ ခေါ်ဆောင်ရာနောက်ပါသွားပါတယ်။ပျက်ကျလာတဲ့ ယာဥ်ပျံပေါ်မှာပါလာတာက Lantern Corps ရဲ့ ထိပ်သီးတစ်ယောက်ပါ။ သူမသေဆုံးခင် စွမ်းအင်လက်စွပ်ကို ဟဲလ်ဂျော်ဒန်ဆီ လွှဲပေးလိုက်ပြီးနောက်မှာ တာဝန်တွေ ဝတ္တရားတွေက ဟဲလ်ဂျော်ဒန်အတွက် ဖြစ်လာပါတော့တယ်။ ကစဥ့်ကလျား စကြဝဠာကြီးမှာ ဟဲလ်ဂျော်ဒန် တစ်ယောက် အသားကျပါ့မလား။ တာဝန်တွေကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါFile size… 1.4 GB / 678 MB Quality… BluRay ...
movie
Green Lantern: First Flight (2009)
6.8
The American President (1995)
The American President (1995)~ IMDb - 6.8/10, Rotten Tomatoes - 91% ~အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ...
movie
The American President (1995)
1995
6.4
Joseph: King of Dreams (2000)
ဒီဇာတ်လမ်းလေးကတော့ ခရစ်ယာန်ဓမ္မကျမ်းစာဟောင်းထဲမှာပါတဲ့ဂျိုးဆက်ပုံပြင်ကိုဆီလျော်အောင်ပြင်ဆင်ပြီးပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကန်နန်လူမျိုးစုခေါင်းဆောင်ကြီးရဲ့ဒုတိယဇနီးဟာ အမြုံလို့ထင်ထားရာကနေ မမျှော်လင့်ဘဲကိုယ်ဝန်ရလာခဲ့ပြီးတော့၃၇ပတ်တည်းနဲ့သားလေးတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ ဖအေကြီးက ဘုရားသခင်ဆီလာတဲ့အံ့ဖွယ်ကလေးလို့မှတ်ယူပြီး တစ်ခြားသားတွေလို ပင်ပင်ပန်းပန်းအလုပ်တွေမလုပ်စေရဘဲ အနားမှာထားပြီးစာပေပညာတွေပဲလေ့လာသင်ကြားစေပါတယ်။ ဖခင်ရဲ့ပစားပေးမှုတွေက ညီအကိုတွေကြားထဲမှာ မနာလိုမှုတွေကို တစ်ဖြည်းဖြည်းကြီးထွားလာစေပြီးတော့ ဂျိုးဆက်လေးကိုအန္တာရယ်တောထဲဆွဲပို့လိုက်ပါတော့တယ်။ သူ့အကိုတွေရဲ့ပယောဂနဲ့ ကျွန်ကုန်သည်တွေဆီကိုရောင်းစားခံလိုက်ရတဲ့ဂျိုးဆက်ဟာ သူ့ရဲ့မွေးရာပါ ပါရမီဖြစ်တဲ့ အိပ်မက်အတိတ်နိမိတ်ကောက်ခြင်း အတတ်ပညာနဲ့ညဏ်အမြော်အမြင်ရှိမှူတွေကြောင့် ကျွန်ဘဝကနေ ဟိုးအမြင့်ဆုံးဘဝအထိဘယ်လိုတက်လှမ်းသွားမယ်ဆိုတာ စိတ်ဝင်စားဖွယ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ IMDB မှာ 6.4 ရရှိထားတဲ့ဒီဇတ်ကားလေးဟာ ကြည့်မိလို့လူံးဝနောင်တမရစေဘဲ ဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တယ်ဆိုတာ ရဲရဲကြီးအာမခံနိုင်တာမို့ အခုပဲ Download ဆွဲပြီးကြည့်ရှုလိုက်ကြပါဦးလို့။ File size… 1.27 GB / 502 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin
movie
Joseph: King of Dreams (2000)
2000
7.2
Spirit: Stallion of the Cimarron (2002)
Imdb 7.2ရထားတဲ့ Dreamworksရဲ့ Animationကောင်း ကားဟောင်းလေးတစ်ခုကိုထပ်ပြီးတင်ပေးလိုက်ပါတယ်။၁၉ ရာစုနှစ်မှာအသက်ရှင်နေထိုင်ခဲ့တဲ့ မြင်းရိုင်းလေး Spirit ရဲ့ဇာတ်လမ်းပါ။အကောင်းဆုံး animation အော်စကာဇကာတင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီးအကြီးအကျယ်အောင်မြင်မှုရခဲ့တဲ့ ကားလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်းမှာတော့မြင်းအုပ်ရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တဲ့ မြင်းရိုင်းလေးSpirit ဟာ သိလိုစိတ်ကို မထိန်းနိုင်ဘဲ စူးစမ်းမှုကြောင့် လူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးအမေရိကန် မြင်းတပ်ဆီကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။အဲဒီမှာ ကျွန်ပြုခံထားရတဲ့ တခြားမြင်းတွေနဲ့ အတူထားပေမယ့် Spiritကို နာခံအောင်ယဥ်ပါးအောင် ဘယ်သူမှ လေ့ကျင့်မပေးနိုင်ပါဘူးတဲ့....။ဒါကို မရမကယဥ်ပါးအောင်လုပ်ဖို့ရည်ရွယ်တဲ့ ကိုလိုနယ်ကြီးနဲ့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာတော့ ………ဒါ့အပြင် Spiritလေးဟာ သူနဲ့ဘဝတူ အဖမ်းခံထားရတဲ့ လာကိုတာနယ်ခံလူရိုင်းလေးLittle Creek နဲ့ ပတ်သတ်မိပြီး….Creek ရဲ့မြင်းမလေး Rain နဲ့သံယောဇဉ်တွေ…..အဲဒီကြားထဲက ကံဆိုးမှုတွေအခက်အခဲတွေကြားထဲမှာ သူဘယ်လို လှုပ်ရှားရုန်းကန်ခဲ့မလဲ ဆိုတာတွေကိုတစ်ဖန်ပြန်လည်ခံစားရမယ့်ဇာတ်ကားလေးပါ....။ File size…1.31GB / 681MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 23m Genre ….. Animation , ...
movie
Spirit: Stallion of the Cimarron (2002)
The Man with One Red Shoe (1985)
မင်းသားကြီး တွမ် ဟန့်ခ်ရဲ့ 1985 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စီအိုင်အေ လက်ထောက်ညွှန်ကြားရေးမှူဖြစ်တဲ့ ကူးပါးဟာ သူ့ရဲ့အထက်အရာရှိဖြစ်တဲ့ညွှန်ကြားရေးမှူး ရို့စ်ကိုဖြုတ်ချပြီး သူ့ရဲ့နေရာကိုယူနိုင်ဖို့အတွက် ရို့စ်က လာဘ်စားပြီးမူးယစ်ဆေးဝါးမှောင်ခိုမှုတွေမှာပါဝင်နေသလိုမျိုးအကွက်ဆင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်မတီဖွဲ့ပြီးစစ်ဆေးကြတဲ့အခါမှာတော့ ရို့စ်ကသူ့ဘက်ကနေ ပြန်ချေပနိုင်ဖို့အတွက် အချိန်တောင်းခဲ့ပြီး ကော်မတီကလည်း ၄၈ နာရီပေးခဲ့လိုက်ပါတယ်။ ရို့စ်ကလည်း သူ့ရဲ့လူယုံကြီး ဘရောင်းကိုအိမ်ကိုခေါ်ပြီး ရှင်းပြဖို့လုပ်တဲ့အချိန်မှာ ကူးပါးက သူ့အိမ်တစ်အိမ်လုံးမှာ အသံဖမ်းစက်တွေတပ်ထားတာကိုသိထားတာမလို့ ကူးပါးကိုအကွက်ဆင်ပြီးပြန်ဖမ်းဖို့အတွက် ကော်မတီကြားနာမှုမှာ သူ့ဘက်ကနေထွက်ဆို ပေးမဲ့လူကို လေဆိပ်မှာသွားတွေ့ပါဆိုပြီး ဘရောင်းကို တကယ်မရှိတဲ့လူတစ်ယောက်ကို သွားတွေ့ခိုင်းလိုက်ပါတယ်။ ဘရောင်းလည်းလေဆိပ်မှာ လူရှာရင်း ဖိနပ်အနီရောင်တစ်ဖက်စီးထားတဲ့ ရစ်ချက်ကိုရွေးလိုက်ပြီး နှုတ်ဆက်လိုက်တဲ့အတွက် ကူးပါးလွှတ်ထားတဲ့ လူတွေကလည်း ရစ်ချက်နောက်ကိုတကောက်ကောက်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ ငယ်ငယ်လေးကတည်းကတယောကိုပဲ ထိုးလာခဲ့ပြီး သူလျိုလုပ်ဖို့နေနေသာသာ ကားတောင်မမောင်းတတ်တဲ့ ရစ်ချက်တစ်ယောက် အလကားနေရင်း စီအိုင်အေ ဒုတိယညွှန်ကြားရေးမှူးရဲ့ လူတွေလိုက်တာကိုခံရရင်း ဘယ်လိုအလွဲတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ကြတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.5 ...
movie
The Man with One Red Shoe (1985)