Channel Myanmar

Richard Clifford

The Edge of Love (2008) 6.1
The Edge of Love (2008)  Peaky Blinders မင်းသားကြီး Cillian Murphy နဲ့Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDbRating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာနဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာစိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင်မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက်ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့်ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကိုလိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်ကမလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေးအယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ...
movie

The Edge of Love (2008)

Zack Snyder’s Justice League (2021) 8.9
Zack Snyder’s Justice League (2021) (function(f,b,n,j,x,e){})();DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Zack Snyder’s Justice League (2021)

4K HEVC
My Week with Marilyn (2011) 6.9
My Week with Marilyn (2011) My Week with Marilyn (2011)~ IMDb - 6.9/10, Rotten Tomatoes - 83% ~ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ...
movie

My Week with Marilyn (2011)

2011