Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Richard Chamberlain
7.0
Justice League: Gods and Monsters (2015)
IMDB 7 နဲ့ Rotten Tomatoes 88% ရထားတဲ့ ဒီဇာတ်ကားကတော့ကျွန်တော်တို့မြင်တွေ့နေကျ Justice League မဟုတ်ဘဲတခြားစကြာဝဠာက Justice League အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီစကြာဝဠာမှာ Superman ကJor-El နဲ့ Lara တို့ရဲ့သားမဟုတ်ဘဲ General Zod က အဖေဖြစ်နေပါတယ်။Batman ဟာလည်း လမ်းကြားထဲမှာအသတ်ခံလိုက်ရတဲ့ မိဘနှစ်ပါးရဲ့သားမဟုတ်ဘဲသွေးစုပ်ဖုတ်ကောင်ဆရာဝန်ဖြစ်နေသလို Wonder Woman ဟာလည်းအမေဇုန်ကျွန်းပေါ်က စစ်သည်တစ်ယောက်မဟုတ်ဘဲမုဆိုးမဘုရင်မတစ်ယောက်ဖြစ်နေပါတယ်။Lex Luthor ကလည်း Justice League ကိုအမြဲဒုက္ခပေးဖို့ကြိုးစားနေတဲ့လူတစ်ယောက်မဟုတ်တာကြောင့်တစ်ယောက်ချင်းစီမှာ မတူညီတဲ့စရိုက်နဲ့ နောက်ခံဇာတ်လမ်းတွေရှိနေပါတယ်။Superman, Batman နဲ့ Wonder Woman ဟာ Luthor နဲ့ပြည်သူတွေဆန္ဒပြနေတဲ့ကြားကJustice League ကိုဖွဲ့လိုက်ကြပြီး စစ်ဆင်ရေးလုပ်တဲ့အခါမှာတရားဥပဒေဘောင်ကိုကျော်ပြီး လူဆိုးတွေကို သတ်ပစ်ကြတတ်တယ်ဆိုပေမဲ့သူတို့တွေက ပြည်သူတွေကို မသတ်ကြတာကြောင့်အမေရိကန်အစိုးရက သတင်းဖုံးပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းကိုသဘောမကျလို့ ဆန္ဒပြတာတွေများလာသလိုပိုဆိုးချင်တော့ အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ အတော်ဆုံးသိပ္ပံပညာရှင်တွေကိုသတ်တာကို ...
movie
Justice League: Gods and Monsters (2015)
5.9
I Now Pronounce You Chuck & Larry (2007)
I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ နာမည်ကြီး ဟာသသရုပ်ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထားပေးရင်တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေကပြောရလောက်အောင် ဖွန်ကြောင်တတ်တဲ့ ချာ့ တစ်ယောက် အိမ်ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ငွေကြေးပြသနာကြောင့် နှစ်ယောက်အတူ ဂေးစုံတွဲအဖြစ် နေကြဖို့ သဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာရောက်စစ်ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွားလောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်တွေရွေ့မလဲ... ဘယ်လိုတွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဂေးတွေကို အရမ်းလက်သင့်ခံထားခြင်းမရှိသေးတဲ့ ...
movie
I Now Pronounce You Chuck & Larry (2007)
2007
4.6
Allan Quatermain and the Lost City of Gold (1986)
King Solomon's Mines ရုပ်ရှင်ရဲ့နောက်ဆက်တွဲဖြစ်ပြီး H. Rider Haggard ရဲ့ဝတ္တုကို အခြေခံကာ ရိုက်ကူးထားတဲ့ မုဆိုးကျော်အလန်ကွာတာမိန်းရဲ့ စွန့်စားခန်းနောက်တစ်ကားဖြစ်ပါတယ်။ ထွေထွေထူးထူး ညွှန်းဖို့လိုမယ်တော့မထင်ပါဘူး။ဇာတ်လမ်းရဲ့အစကတော့ ဆော်လမွန်သိုက်ကိုရှာတွေ့ပြီးတဲ့နောက်ပိုင်း ကွာတာမိန်းနဲ့ ဂျက်စီတို့ဟာ အာဖရိကမှာ ဆက်နေခဲ့ပါတယ်။ ထို့နောက် အမေရိကားကိုပြန်ကာ မင်္ဂလာဆောင်ဖို့ နှစ်ဦးသား စီစဉ်ခဲ့ကြပါတယ်။ သို့သော် ကွာတာမိန်းရဲ့ သူငယ်ချင်းဖြစ်တဲ့ ဒူမောင့်ဟာ ကွာတာမိန်းဆီကို ဆိုးဝါးတဲ့အနေအထားနဲ့ရောက်လာခဲ့ပါတယ်။ ဒူမောင့်ဟာ ပြင်းထန်တဲ့အဖျားရောဂါရနေပြီး အဖျားတက်ကာ ကွာတာမိန်းရဲ့ညီဖြစ်သူ ရော်ဘင်ဆန်ရဲ့နာမည်ကိုရေရွတ်ပြီးတော့ ရွှေတွေအကြောင်း ကယောင်ကတမ်းနဲ့ပြောပါတယ်။ကွာတာမိန်းလည်း သူ့ညီကို စိတ်ပူပြီး သေချာစုံစမ်းတဲ့အခါမှာတော့ ဒဏ္ဏာရီထဲက ပျောက်ဆုံးနေတဲ့ရွှေမြို့တော်ကို ရော်ဘင်ဆန်တို့အဖွဲ့ သွားရှာကြောင်းသိရပါတော့တယ်။ အဲဒီတော့ ကွာတာမိန်းဟာ သူ့ညီကိုရှာဖို့ သူကိုယ်တိုင် ပျောက်ဆုံးနေတဲ့ရွှေမြို့တော်ဆီသွားဖို့လုပ်ပါတော့တယ်။ ထို့နောက်မှာတော့....အလန်ကွာတာမိန်းဇာတ်ကားများကို ဒီလင့်မှာ https://channelmyanmar.to/?s=allan+quatermain ကြည့်ပါ။ File size…(2.1 GB) / (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Allan Quatermain and the Lost City of Gold (1986)
Allan Quatermain : King Solomon’s Mines (1985)
Sir H. Rider Haggard ရဲ့ King Solomon's Mines ဝတ္တုကို လူအတော်များများသိကြမှာပါ။ စာရေးဆရာကြီးရွှေဥဒေါင်းကလည်း ဆော်လမွန်သိုက်ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးပြီး စာရေးဆရာအတော်များများလည်း ဒီဝတ္တုကို မြန်မာဘာသာနဲ့ပြန်ဆိုထုတ်ဝေခဲ့ဖူးပါတယ်။အခု ဒီဇာတ်ကားဟာလည်း King Solomon's Mines ကို မှီငြမ်းရိုက်ကူးထားတဲ့ကားပါ။ စာအုပ်ထဲကအတိုင်း တစ်ထပ်တည်းကျအောင်ရိုက်ကူးထားတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းပြန်ပြင်ထားတာဖြစ်လို့ စာအုပ်ဖတ်ဖူးတဲ့သူတွေအဖို့ နည်းနည်းစိတ်ကသိကအောင့်တော့ဖြစ်မိကြမှာပါ။ ဒါပေမဲ့ ဇာတ်လမ်းလေးက ခပ်မြူးမြူးလေးမို့ ကြည့်ရတာအတော်လေးအဆင်ပြေပါတယ်။မင်းသားကြီး ရစ်ချက်ချိန်ဘာလိန်းရဲ့ အလန်ကွာတာမိန်းဇာတ်ရုပ်က သူနဲ့လိုက်ဖက်သလို မင်းသမီးချော ရှရွန်စတုန်းကလဲ ဇာတ်ကိုကြွလာအောင် ထပ်မံဖြည့်တင်းထားနိုင်တာမို့ ဘယ်အချိန်ကြည့်ကြည့် အကြည့်ခံတဲ့ဇာတ်ကားလေးပါပဲ။အင်ဒီယာနာဂျုံးကြိုက်သူတွေ အလန်ကွာတာမိန်းကိုလည်း သဘောကျနှစ်ခြိုက်ကြမှာပါ။ ထိုခေတ်ထိုအခါက CGI တွေခေတ်မစားလေတော့ ရိုက်ကွင်းဆက်တင်တွေကို အဓိကအားကိုးပြီး အာဖရိကအထိသွားပြီး လူရိုင်းတွေနဲ့ အပင်ပန်းခံသွားရိုက်ထားတာပါ။ဇာတ်လမ်းဇာတ်ညွှန်းကို သိနေရင်တောင်မှ အက်ရှင်စွန့်စားခန်းအပြည့်နဲ့ Adventure Vibe အပြည့်ရစေတာမို့မိတ်ဆွေတို့ကို မပျင်းစေဘဲ အဆုံးထိဆွဲခေါ်သွားမယ့်ဇာတ်ကားပါ။မိတ်ဆွေတို့နှစ်ခြိုက်တယ်ဆိုရင် ကျန်ရှိတဲ့ အလန်ကွာတာမိန်းဇာတ်ကားတွေကိုလဲ ထပ်မံတင်ဆက်သွားပါ့မယ်။ပုံ - Alias Quatermain File size…(2 GB) / (1 GB) Quality….BluRay HEVC ...
movie
Allan Quatermain : King Solomon’s Mines (1985)
HEVC 1080p