Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ricardo Mamood-Vega
6.2
How I Learned to Fly (2023)
IMDb 6.2 / RT 63% ရရှိထားတဲ့ဒရာမာရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးကိုကြည့်မိရင်း "အစ်ကိုကြီးတော့ အဖအရာ"တဲ့စကားလေးကိုတောင် သတိရသွားပါတယ်။ ဒန်နီရယ် နဲ့ အီလိုင်ဆိုတဲ့ အာဖရီကန်-အမေရိကန် ဆယ်ကျော်သက်ညီအစ်ကိုနှစ်ယောက်ဟာ မိဘနှစ်ယောက်ရဲ့ရုတ်တရက်စွန့်ပစ်မှုကို ခံလိုက်ကြရပါတယ်။ အစ်ကိုဖြစ်သူ ဒန်နီရယ်ဟာ အီလိုင်ကို ဖခင်တစ်ယောက်နေရာကနေ အမြဲဂရုစိုက်စောင့်ရှောက်ပေးလာခဲ့သူပါ။ အီလိုင်က ငယ်ဘ၀က မိသားစုထရော်မာတွေကြောင့် စကားက မပြောသလောက်ကို နည်းတဲ့သူတစ်ဦးပါ။ဒီလိုနဲ့ မိဘနှစ်ပါးမရှိတော့တဲ့နောက် ညီအစ်ကိုနှစ်ယောက်ဟာ အချင်းချင်းဖေးမကူညီရင်း ခက်ခဲကြမ်းတမ်းတဲ့လောကဓံကြီးကို အံတုရင်ဆိုင်ပြီး ဆက်လက်ရှင်သန်နိုင်ကြဖို့ကြိုးစားကြပါတော့တယ်။ ဒီရုပ်ရှင်လေးက တော်တော်လေးကိုနွေးထွေးတဲ့ရုပ်ရှင်လေးပါ။ ညီအစ်ကိုနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာသံယောဇဉ်ကို လှလှပပပုံဖော်ထားတဲ့အပြင် ဘ၀မှာ အမြဲရှောင်ပြေးနေရတဲ့ ပြောမပြနိုင်လောက်အောင် နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေရှိခဲ့ရင်တောင်မှ တချိန်မှာဒါတွေကို ရင်ဆိုင်လက်ခံလိုက်ပြီး ရှေ့ဆက်အသက်ရှင်ဖို့အတွက် ခွန်အားမွေးကြရမယ့်အကြောင်းကို ပြသသွားပါတယ်။ တစ်ကားလုံးမှာ ဂျက်ဇ်တေးသီချင်းတွေနဲ့ ဆိတ်ငြိမ်တဲ့ဇာတ်၀င်ခန်းတွေနဲ့အတူ လှလှပပရိုက်ကူးပုံဖော်ထားတာမလို့ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(850 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama Subtitle….Myanmar Subtitle ...
movie
How I Learned to Fly (2023)
The Medallion (2003)
CM ပရိသတ်ကြီးအတွက် အချစ်တော်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ 2003 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ရှေးခေတ် အရှေ့တိုင်းဒဏ္ဍာရီတွေအရ သေဆုံးသူတွေကို အသက်ပြန်သွင်းပေးနိုင်ပြီး သဘာဝလွန်အစွမ်းတွေပါ ပေးနိုင်တဲ့ လည်ဆွဲပြားတစ်ပြားရှိပါတယ်။ ဒါပေမဲ့ ဒီလည်ဆွဲပြားက နှစ်ခြမ်းရှိနေပြီး နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း ဒီလည်ဆွဲပြားကိုပေါင်းစည်းပေးနိုင်မဲ့ ကလေးငယ်တစ်ယောက်ကိုရွေးချယ်ပါတယ်။အက်ဒီကတော့ ဟောင်ကောင်ရဲဌာနရဲ့ ရဲအုပ်စုံထောက်တစ်ယောက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ မြွေခေါင်းဆိုတဲ့ မှောင်ခိုသမားကို ဖမ်းဆီးဖို့ လုပ်နေကြတာပါ။ မြွေခေါင်းကလည်း သူတို့ထင်ထားသလို မှောင်ခိုပစ္စည်းနောက်လိုက်နေတာမဟုတ်ဘဲ လည်ဆွဲပြားနဲ့ ရွေးချယ်ခံကောင်လေးနောက်ကို လိုက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ အက်ဒီတစ်ယောက် လည်ဆွဲပြားကိုရော ကောင်လေးကိုပါ ဘယ်လိုကာကွယ်မလဲ၊ လည်ဆွဲပြားကရော ဒဏ္ဍာရီထဲကအတိုင်း တကယ်အစွမ်းရှိမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။မင်းသားကြီးဂျက်ကီချန်းရဲ့ အက်ရှင်စွန့်စားခန်းအလန်းတွေနဲ့ ဟာသတွေကိုတဝကြီးကြည့်ရှုရမှာဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့မဲ့ ကားကောင်းတစ်ကားဖြစ်မှာအသေအချာပါပဲဗျ။ File size…(2.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:28:00 Genre...Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie
The Medallion (2003)
6.7
So Close (2002)
So Close (2002)IMDb Rating (6.6) / Rotten Tomatoes (82%)မင်းသမီး ရှုကျီနဲ့ Shaolin Soccer ထဲကမင်းသမီး ကျိုးဝေတို့ရဲ့ So Close ရုပ်ရှင်ကို ၉၀ဖွားတွေ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အက်ရှင်လန်းလန်းတွေရယ် ဆော်လန်းလန်းတွေရယ်ကို တိတ်ခွေပျက်တဲ့အထိ ခဏခဏ ငှားကြည့်ခဲ့ရတာပါ။ မင်းသမီးတွေလှလို့ အက်ရှင်တွေကြမ်းလို့ အငမ်းမရထိုင်ကြည့်ရင်း ထိရှသွားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် မျက်ရည်ကျလုလု ရင်ကိုထိသွားတဲ့ အခိုက်အတန့်လေးတွေကိုလဲ သတိရမိကြမှာပါ။ဒီကားထဲမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung-heon လည်း ပါဝင်ထားပါသေးတယ်။အက်ရှင်ကားတွေထဲမှာ Rating မြင့်ပြီး အမြဲမရိုးနိုင်တဲ့ ဒီဇာတ်ကားလေးကို တဖန်ပြန်ခံစားရင်း သိမ်းထားလို့ရအောင် အကောင်းဆုံး Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...အားလုံ နဲ့ အားခွမ် ဟာ ကြေးစားလူသတ်သမား ညီအစ်မနှစ်ယောက်ပါ။ သူတို့ဟာ အဆင့်မြင့် ကွန်ပြူတာနည်းပညာတွေနဲ့ ပစ္စည်းတွေသုံးပြီး လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ဆရာကြီးတွေကိုမှ ...
movie
So Close (2002)
2002
6.0
The Twins Effect (Vampire Effect) (2003)
၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောင်ကောင်အက်ရှင်ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကားတွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ခေါင်းဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအနေနဲ့ ပါဝင်ထားပါသေးတယ်။အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို သွေးစုပ်ကောင်နှိမ်နင်းရေး အဖွဲ့အစည်းတွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း သွေးစုပ်ကောင်မုဆိုးတွေပေါ့။ဒီလိုနဲ့ သူတို့နေထိုင်ရာ ဟောင်ကောင်ကို ဥရောပနွယ်သွေးစုပ်ကောင်တွေ ရုတ်တရက်ရောက်လာကြပါတယ်။ သူတို့တွေ ရောက်လာရတဲ့အကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်းတွေလုရာမှ စတင်ခဲ့တာပါ။ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်ဖြစ်တဲ့ တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ဟောင်ကောင်ကို ရောက်လာပြီး ရိဗ်ရဲ့ ညီမလေးဟယ်လန်နဲ့ ရေစက်သွားဆုံပါတယ်။ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က တော်ဝင်မင်းသားနဲ့ သွေးစုပ်ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ...
movie
The Twins Effect (Vampire Effect) (2003)
5.7
The Curse of La Llorona (2019)
လာယိုရို့နာရဲ့ကျိန်စာ ဆိုတဲ့ သရဲကားကို တင်ပေးထားပါတယ်ဒီကားလည်း Conjuring, Anabelle universe မှာ ပါဝင်ပါတယ်။လာယိုရို့နာဆိုတာ မက္ကဆီကိုက သိပ်ကိုချောမောတဲ့ မိန်းမလှလေးပါ။သူ့ခင်ပွန်းရဲ့ဖောက်ပြန်မှုကြောင့် ကလေးနှစ်ယောက်ကို ရေနှစ်သတ်ခဲ့ပြီး ကိုယ်တိုင်လည်း ရေထဲခုန်ဆင်းသွားခဲ့ရတယ်။အဲဒီ အစွဲနဲ့အကုသိုလ်ကြောင့် မိစ္ဆာဝိညာဉ်ဖြစ်လာပြီး သူ့ကလေးတွေအဖြစ်အစားထိုးဖို့ ကလေးတွေရဲ့ အသက်ကို လိုက်နှုတ်ယူနေတာပါ။အင်္ဂလိပ်စာတန်းမထွက်သေးတာကြောင့် ဘာသာပြန်ဖို့ လေးငါးကြောင်း ကျန်နိုင်ပါတယ်။ဒါပေါမယ့် ကြည့်လို့နားလည်မှာပါ။ (Littleneo ဘာသာပြန်သည်) File Size : (800 MB) and (400 MB) Quality : HCHDRip 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.KORSUB.HDRip.x264.AAC2.0-STUTTERSHIT Translated by Littleneo Encoded by THZ
movie
2019
5.3
The Medallion (2003)
The Medallion (2003)ဒီဇတ်ကားလေးကတော့ကျွန်တော်ရဲ့ စတုတ္ထမြောက်ဘာသာပြန်ကားလေးဖြစ် သလိုကျွန်တော့်ဘဝအတွက်အမှတ်တရ ကားလေးဆိုရင်လည်းမမှားပါဘူး အဲကားစထွက်တုန်း ကမှတ်မိပါသေးတယ်ဒီဗီဒီစက်တွေကလည်းပေါ်ခါစ အစ်မကထိုင်းကနေဝယ်ပို့လာခဲ့တာကလေးပဲရှိသေးတာ အရမ်းကြိုက်တာပေါ့ဂျက်ကီချမ်းဆိုတာလည်းငယ်ငယ်တည်းကနေ ခုထိခိုက်နေဆဲမင်းသားဒီဇတ်ကားကို ကျွန်တော်မြန်မာစာတန်းထိုးနဲ့တစ်ခါမှမကြည့်ဖူးပါဘူး အဲဒါနဲ့ပဲလုပ်ဖြစ်သွားတာပါကျွန်တော်က translatorသမားအစစ်မဟုတ်တော့ တခါတလေဘာသာပြန်တဲ့နေရာမှာလွဲကောင်းလွဲနေနိင်ပါတယ် ဒါပေမဲ့ဘာသာပြန်တဲ့နေရာမှာတချိုူ့စကားလုံးတွေကမြန်မာ လိုပြန်စီရာမှာအရမ်းခက်တဲ့အတွက်မြန်မာစာတန်းထိုး ပရိတ်သတ်တွေနားလည်လွယ်အောင်ဖော်ပြထားပေးပါတယ်၁၀၀% မှန်တယ်လို့မဆိုနိင်ပေမဲ့လည်း ၉၀တော့ကျော်မှာပါကျွန်တော်တို့ကျောင်းတက်နေတုန်း ကတောင်၇၅%ဆိုစာမေးပွဲဖြေ လို့ရတယ်ဆိုတော့၉၀ဆိုတော့မဆိုးပါဘူးနော် ပရိတ်သတ်တကဲအညွန်းလေးစလိုက်ကြရအောင် ရှေးရှေးတုန်းကပုံပြင်လိုလို တကယ်လိုလိုနဲ့လူပြောများခဲ့တဲ့သေဆုံးပြီးသား လူသားတွေကိုထာဝရအသက်ရှင်စေနိင်တဲ့လည်ဆွဲပြားလေး အဲဒီလည်ဆွဲပြားကိုပြန်အသက်ဝင်လာအောင်လုပ်ဆောင်ပေးမည့် ကလေးငယ်တစ်ဉီးကလေးငယ်နဲ့လည်ဆွဲပြားလေးက ိုပိုင်ဆိုင်နိင်အောင်နည်းအမျိူ းမျိူ းနှင့်ကြိူ းစားမည့်မြွေခေါင်း ဆိုသောရာဇဝင်လူဆိုးတစ်ဦးကလေးငယ်နဲ့လည်ဆွဲပြားလေးကို မြွေခေါင်းရဲ့လက်ထဲကိုမရောက်အောင် အက်ဒီဆိုတဲ့ရဲစုံထောက်ကဘယ်လိုကာကွယ်မလဲ တကယ်ပဲလည်ဆွဲပြားလေးကအစွမ်းရှိသလား စသဖြင့်ရသစုံလင်ကြည့်ရှုရပါမည် ဂျက်ကီချမ်းရဲ့အက်ရှင်အလန်းများနဲ့ဟာသ ဇတ်ကွက်များကြောင့်ပရိတ်သတ်တွေအကြိူ က်တွေ့စေရမယ်လို့အာမခံပါတယ် (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Soe Htwe ပဲဖြစ်ပါတယ်)File Size : 697 MB Quality : Blu ray 720P Running Time : 1hr 28 minute Format : Mp4 Genre : Action, Comedy, Fantasy Encoder : Joker.phs
movie
The Medallion (2003)