Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rhoslynne Bugay
6.2
A Match for the Prince (2023)
A Match for the Prince (2023) ====================== IMDb Rating - 6.2/10အချစ်ဟာ နူးညံ့ပါတယ်၊ သိမ်မွေ့ပါတယ်၊ တစ်ဖက်မှာလည်း ဆုံးရှုံးလိုက်ရတဲ့အခါ ထိခိုက်ရတယ်၊ နာကျင်ရတယ်ပါတယ်။ စိတ်ဒဏ်ရာဆိုတဲ့ သဘောဟာလည်း အထိအရှတွေ ဖြစ်လာတဲ့ အခါ ရှောင်ပြေးမနေဘဲ၊ ကျောခိုင်းမနေဘဲ ရင်ဆိုင်ကုစားမှသာ လျှင် ကုစားနိုင်မှာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ ဂျူလီယာဟာ ပြီးပြည့်စုံတယ်ဆိုတာ ကို စွဲလန်းနေတဲ့၊ တစ်ချိန်မှာ သူ(မ)ရဲ့ကိုယ်ပိုင် သံချပ်ဝတ်စစ်သည် တော် ရောက်လာလိမ့်မယ်လို့ ယုံကြည်နေတဲ့ စိတ်ကူးယဉ် အချစ် ဝတ္ထုရေးဆရာမလေးပါ။ သူ(မ)ရဲ့ ဝတ္ထုတိုင်းဟာ ပြီးပြည့်စုံတဲ့ဇာတ် သိမ်းတွေရှိပြီး ရောင်းအားအကောင်းဆုံးဖြစ်နေတာမို့ အချစ်ရေး ကျွမ်းကျင်သူအဖြစ် ထင်မြင်ခံရပါတယ်။မင်းသားမက်စ်ဟာတော့ ဗော်လ်ဒါရီယိုနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ် ပြီး တော်ဝင်လက်ထပ်ပွဲမဆင်နွှဲရသေးတာကြောင့် နန်းမတက်ရသေး သူပေါ့။ အသက် (၄၀) မပြည့်ခင် လက်ထပ်မှ ထီးနန်းဆက်ခံရမယ် ဆိုတဲ့ စည်းမျဉ်းကြောင့် ကြင်ယာအရှာထွက်လာရင်း အစ်မဖြစ်သူရဲ့ အကြံပေးမှုနဲ့ ဂျူလီယာ့ကို အောင်သွယ်တော်အဖြစ် ငှားလိုက်ပါတော့ တယ်။ သို့ပေမဲ့ အချစ်ရေးမှာ ဒဏ်ရာရထားတဲ့ မင်းသားဟာ ဂျူလီယာ တွေ့ပေးသမျှလူတိုင်းကို သတိကြီးကြီးထား၊ စည်းခြားပြီးပဲ ချဉ်းကပ် ခဲ့တာကြောင့် ...
movie
A Match for the Prince (2023)
2023
6.6
Silent Hill ( 2006 )
Silent Hill ဆိုတဲ့ နာမည်က Oldie Gamer တွေနဲ့ သိပ်မစိမ်းမှာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Silent Hill(2006) Horror ဇာတ်ကားလေးကKonami ရဲ့ ၁၉၉၉ ကထုတ်ထားတဲ့ Silent Hill ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ပါပဲ။ ဗီဒီယိုဂိမ်းကို ဇာတ်ကားအနေနဲ့ပြန်ဖန်တီးထားလို့ စကားပြောတွေမကောင်းဘူး၊ ဇာတ်အိမ်ပရမ်းပတာဖြစ်တယ်၊ ပြသချိန်ကြာလွန်းတယ်လို့ ဝေဖန်မှုတွေဖြစ်ခဲ့ပါသေးတယ်။ဘယ်လိုပဲဝေဖန်ဝေဖန် ကြည့်လို့ကောင်းတယ််ဆိုတဲ့ မှတ်ချက်ကိုတော့ ပေးသွားကြတာချည်းပါပဲ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ ဒီဇာတ်ကားကို တော်တော်လေးကောင်းတယ်လို့ထင်ပါတယ်။ Horror ဆိုတာထက် Mystery, Thriller ဖြစ်တယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Da Silver လင်မယားကကောင်မလေးတစ်ယောက်ကို မွေးစားထားပါတယ်။ သူတို့ရဲ့ မွေးစားသမီးလေးကို သမီးအရင်းလေးလိုပဲချစ်ကြပါတယ်။ ကောင်မလေးက အိပ်ရင်းလမ်းလျှောက်ပြီးတော့ဆိတ်ငြိမ်တောင်ကုန်းဆိုတဲ့နေရာက သူ့ကို ဆွဲခေါ်နေသလိုဖြစ်ရပ်တွေကို ကြုံလာရပါတယ်။ အဲဒီအချိန်မှာ အမေလုပ်သူက သမီးဖြစ်သူ နေကောင်းလာဖို့အတွက် ဆိတ်ငြိမ်တောင်ကုန်းကိုခေါ်သွားပါတော့တယ်။ သူတို့အဲဒီကိုရောက်တဲ့အချိန်မှာ ...
movie
Silent Hill ( 2006 )
2006